ပြင်ပနေရာများတွင် အလုပ်လုပ်ရသူ သို့မဟုတ် တိရစ္ဆာန်များနဲ့ အလုပ်လုပ်ရသူများ ။ ဥပမာ – လယ်သမားများ၊ အသီးအရွက်စားသုံးသူများ၊ သားသတ်သမား၊ ရေဆိုးမြောင်းအတွက် အလုပ်လုပ်ရသူများ၊ သားသတ်ရုံအလုပ်သမားများ၊ Campers ၊ စစ်သားများ၊ မိုင်းတွင်းအလုပ်သမားများ၊ ရေချိုကန်၊ မြစ်သို့မဟုတ် တူးမြောင်းအတွင်း ရေချိုးကြသူများ စတဲ့သူတွေမှာ အဖြစ်အများဆုံးပါပဲ။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Leptospirosis (Leptospirosis) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေနဲ့ သင့်မှာဒီရောဂါ ကူးစက်နိုင်ချေ ဘယ်လောက်ရှိမယ်ဆိုတာကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။ တကယ်လို့ သင့်မှာ အောက်ပါအချက်တွေ ရှိနေရင် ဆရာဝန်ကို ပြောပြပါ။
လတ်တလော ခရီးထွက်ထားခဲ့တယ်ဆိုရင်
ရေကူးအားကစားတစ်ခုခုမှာ ပါဝင်ခဲ့တယ်ဆိုရင်
ရေချိုရင်းမြစ်တစ်ခုခုနဲ့ ထိတွေ့ခဲ့တယ်ဆိုရင်
တိရစ္ဆာန်တွေ၊ သို့မဟုတ် တိရစ္ဆာန်တွေနဲ့ လုပ်ရတဲ့ လုပ်ငန်းခွင်တစ်ခုခုထဲ ပါဝင်ခဲ့တယ်ဆိုရင်
တကယ်လို့ သင့်မှာ Leptospirosisဖြစ်စေ၊ အခြား ရောဂါပိုးဝင်သည်ဖြစ်စေလို့ သံသယရှိခဲ့မယ်ဆိုရင်သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ သွေးရောဆီးရောစစ်ဆေးခြင်း စသဖြင့် ပြုလုပ်ခိုင်းနိုင်ပါတယ်။
Weil’s Disease ဆိုရင်တော့ သင့်ဆရာဝန်က ပုံရိပ်ဖော် နည်းပညာတွေ အသုံးပြုပါလိမ့်မယ်။ ဥပမာ ရင်ဘတ်ကို ဓါတ်မှန်ရိုက်တာမျိုးနဲ့ အသည်းနဲ့ ကျောက်ကပ် လုပ်ငန်းစဉ်တွေကို စစ်ဆေးနိုင်ဖို့အတွက် သွေးတွေကို စစ်ဆေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ Scan နဲ့ စမ်းသပ်မှုတွေဟာ သင့်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ပိုးတွေ ကူးစက်ခံနေရတယ်ဆိုတာမျိုးကို ဆရာဝန်တွေ သိရှိစေဖို့အတွက် အရမ်းကို အသုံးဝင်ပါတယ်။
Leptospirosis (Leptospirosis) ကို ဘယ်လိုကုသပါသလဲ
ရိုးရှင်းတဲ့ Leptospirosis တွေဟာ အပျော့စားတွေပဲဖြစ်ပြီး self-limiting လို့ခေါ်တဲ့ အလိုလိုပျောက်ကင်းနိုင်စွမ်းရှိပါတယ်။ Weil’s လို ရောဂါမျိုးမှာတော့ အကြောထဲထိုးသွင်းရတဲ့ ပဋိဇီဝဆေးတွေနဲ့ ဆေးရုံတက်ရောက်ကုသရဖု့ိ ဆရာဝန်က ညွှန်ကြားကောင်း ညွှန်ကြားပါလိမ့်မယ်။ သင့်ရဲ့လက္ခဏာတွေနဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းမှာ ကူးစက်ခံနေရသလဲဆိုတဲ့အပေါ် မူတည်ပြီး သင်ဟာ အခြားသော ထပ်တိုးကုသမှုတွေကိုလည်းခံယူကောင်း ခံယူရနိုင်ပါတယ်။ ဥပမာ – တကယ်လို့ သင့်မှာ အသက်ရှူခက်ခဲတဲ့ ပြဿနာဖြစ်နေခဲ့ရင် သင့်ကို လေပေးစက်တွေနဲ့ ဆက်သွယ်ထားပါလိမ့်မယ်။ တကယ်လို့များ သင့်ရဲ့ ကျောက်ကပ်ကို ကူးစက်ခံရပြီး ကျောက်ကပ်ပျက်စီးခဲ့မယ်ဆိုရင်တော့ dialysis (သွေးရည်ကြည်စစ်ဆေးမှု)ကို ခံယူရမှာဖြစ်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Leptospirosis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Leptospirosis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
- တိရစ္ဆာန်များအတွက် ကာကွယ်ဆေးထိုးခြင်း။ ။ ဒီကာကွယ်ဆေးတွေဟာ အချို့သော Leptospira ဘက်တီးရီးယား အမျိုးအစားများအတွက်သာ ထိရောက်မှုရှိမှာဖြစ်ပြီး ကာလကြာရှည် ကာကွယ်မှုကို မပေးစွမ်းနိုင်ပါဘူး။
- ရေစိုခံရှူးဖိနပ်၊ မျက်မှန်နဲ့ လက်အိတ်ကဲ့သို့သော အကာအကွယ်ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် ရောဂါပိုး မကူးစက်အောင် သင့်ကိုယ်သင် ကာကွယ်ပါ။
- ရေသေ (နံစော်နေသော ရေ)နဲ့ လယ်ကွင်းတို့ဆီမှ ဖြတ်သန်းလာသော ရေတွေကို ရှောင်ပါ။ တိရစ္ဆာန်တွေနဲ့ ထိတွေ့ထားတဲ့ စားစရာတွေ သို့မဟုတ် အစားအစာ အကြွင်းအကျန်တွေကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
- မှန်ကန်တဲ့ ရေဆိုးစွန့်စနစ်နဲ့ ကြွက်ရှင်းလင်းရေးတွေကို လုပ်ပြီး Leptospira ဘက်တီးရီးယားတွေ ရန်မှ ကာကွယ်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။