ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVID_19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေ

၂၀၁၉ နှစ်ကုန်ပိုင်းကနေစပြီး ကူးစက်ပျံ့နှံ့လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင် စတင်ခဲ့တဲ့တရုတ်ပြည်သာမက ကမ္ဘာ့နိုင်ငံတော်တော်များများကိုပါ ကူးစက်ပြီး သေဆုံးမှုတွေလဲ ရှိလာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာထားပြီးဖြစ်သလို လူအတော်များများကလည်း ကိုရိုနာဗိုင်းရပ်စ်ကိုကြောက်ရွံ့နေကြပါတယ်။ ကိုဗစ်ဟာ ကူးစက်နိုင်စွမ်းမြင့်မားပေမယ့် အသေအပျောက်နှုန်းကတော့ နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းပဲရှိတာမို့ အရမ်းကြီးစိုးရိမ်ထိတ်လန့်စရာတော့ မဟုတ်လှပါဘူး။ သို့သော်လည်း ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ခုခံအားကျဆင်းနေသူတွေ၊ နဂိုရောဂါအခံတစ်ခုခုရှိသူတွေ၊ ခုခံအားကျစေတဲ့ စတီးရိုက်လိုဆေးတွေသောက်သုံးနေရသူတွေ၊ ကင်ဆာရောဂါသည်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာတော့  အသေအပျောက်ပိုမိုရှိနိုင်တဲ့အတွက် အထူးဂရုပြုဖို့တော့လိုပါတယ်။ ဒါ့အပြင်COVID_19 ရောဂါအကြောင်းကို လူတွေကို နှိုးဆော်ခဲ့တဲ့ အသက်သုံးဆယ်ကျော်သာရှိသေးတဲ့ တရုတ်လူငယ်ဆရာဝန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့တာကလည်း ဒီဗိုင်းရပ်စ်ကိုပေါ့ပေါ့ဆဆ သဘောထားဖို့ မသင့်တဲ့အကြောင်းဖော်ပြေနေပါတယ်။ အမေရိကန်ကူးစက်ရောဂါတိုက်ဖျက်ရေးနဲ့ကာကွယ်ရေးစင်တာက COVID_19 နဲ့ပတ်သက်လို့အများပြည်သူတွေ လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီလိုပါ။  (၁) လက်ခဏခဏဆေးပါ။ ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး လက်ကို တံတောင်ဆစ်အထိ ကျကျနနသေသေချာချာ ဆေးကြောခြင်းဟာ COVID_19 […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာလမှာ လေ့ကျင့်ခန်းလုပ်ပေးသင့်တဲ့ အကြောင်းအရင်း

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ အလုပ်တွေကို အိမ်ကနေလုပ်နေကြရသလို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ အချိန်အများစုကိုနေနေကြရပါတယ်။ ဒီလိုကာလမှာ ရောဂါဖြစ်ပွားမှုတွေတိုးလာတိုင်း ကြောက်စိတ်တွေ၊ ပူပန်စိတ်တွေတိုးလာသလို ငါ့မှာများ ကူးစက်ခံနေရပြီလားဆိုတဲ့ အတွေးတွေကလည်း နှိပ်စက်မှုကို ခံရနိုင်ပါတယ်။ ဒီတော့ အခုလိုကာလမှာ ကိုယ်ရော စိတ်ပါ ကျန်းမာစေဖို့ လုပ်ဆောင်လို့ရတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာပါ။ ကိုယ်လက်လေ့ကျင့်ခန်းက အိမ်မှာလုပ်လို့ရပါ့မလား.............. ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ မဖြစ်မနေ Gym ကို သွားဖို့မလိုပါဘူး။ အိမ်မှာတင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ကိရိယာတွေမှာ မရှိတာလေဆိုရင်တော့ ကိရိယာလွတ် လေ့ကျင့်ခန်းတွေ စလိုက်​ကြစို့လား။ လေ့ကျင့်ခန်းလုပ်ဖို့က အခင်းပြားတစ်ခုရှိရင်တောင် အဆင်ပြေပြေလုပ်လို့ရပါတယ်။ အရင်ဆုံး အကြောလျှော့ပါ။ အ​ကြောလျှော့တာက လေ့ကျင့်ခန်းမလုပ်ခင် မဖြစ်မနေလုပ်သင့်ပါတယ်။ ဒါမှာ ကြွက်သားတွေ ထိခိုက်နာကျင်မှု နည်းမှာပါ။ ပြီးရင်တော့ ဒိုက်ထိုးတာ၊ Plank ထောက်တာ၊ မတ်တတ်အနေအထားနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကြောက်တဲ့ အရာများ

ဒီလပိုင်းလောက်မှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့  0.1 micron သာသာ လောက်ပဲ ရှိတဲ့ ကိုဗစ် ဗိုင်းရပ်စ် ဝင်မွှေသွားလိုက်တာ မဟာလူသားတွေ အတုံးအရုံးပါပဲလား။ ဒီဗိုင်းရပ်စ် ပိစိလေးကြောင့် လူပေါင်း သန်းနဲ့ချီ ကူးစက်ခံရပြီး သိန်းနဲ့ချီ သေဆုံးရတယ်ဆိုတာ မခံချင်စရာပါ။ ဒါတင်ပဲလားဆိုလားဆိုတော့ ကျန်တဲ့လူကောင်းတွေလည်း အကူးခံရမှာ စိုးလို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ကြဘူး သတဲ့လေ။ ကဲ ဒီတော့ ဒီတိုင်းနေလို့တော့ မဖြစ်သေးဘူး။ ကိုဗစ်မှာလည်း ကြောက်ရတဲ့အရာတွေ ရှိဦးမှာပဲ။ ဒါတွေနဲ့ သူ့ကို ကာကွယ်ရမှာပေါ့။ ကိုဗစ် ကြောက်တဲ့ အရာများ ဒီနေရာမှာ ၄ပိုင်း ခွဲပြောကြရအောင်။ အိမ်တွင်းမှာ၊ အိမ်ပြင်မှာ၊ ကိုယ်ပြင်ပမှာ၊ ကိုယ်တွင်းမှာ ဆိုပြီး ခွဲပြီး ကြည့်ရအောင်။ အိမ်တွင်းမှာ ဘယ်လို သတ်မလဲ။ အိမ်တွင်းမှာ ဆိုရင် အိမ်အသုံးအဆောင် ပစ္စည်းတွေ၊ ကြမ်းခင်းတွေ၊ […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာကွယ်ဖို့ အားဆေးတွေကို အလွန်အကျွံ အားမကိုးပါနဲ့

ဒါကတော့ အကြောက်လွန်တာထက် ပြင်ဆင်တာ လွန်သွားတဲ့ အခြေအနေမျိုးပေါ့။ များသောအားဖြင့် လူတွေက ရောဂါဆိုရင် ကြောက်ကြတယ်။ ကြောက်တဲ့အထဲမှာမှ တချို့လူတွေက သေချာ ပြင်ဆင်ကြတယ်။ ကိုယ်ခံအားကောင်းဖို့အတွက်၊ ကျန်းမာစေဖို့အတွက် အစရှိသဖြင့် အားဆေးတွေကို အများအပြား ဝယ်ပြီး လှောင်ထားကြတယ်။ Covid-19 နဲ့ ပတ်သက်ပြီးတော့လည်း အခုချိန်ထိ ဖြေဆေးက ပေါ်မလာသေးဘူး။ ကူးစက်ခံရသူ အရေအတွက်ကလည်း များသထက် များလာတယ်ဆိုရင် ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ လူက ပူပန်လာတော့တာပါပဲ။ အဲ့လို ပူပန်လာပြီဆိုရင် ကိုယ် ပုံမှန်မလုပ်တတ်တဲ့ အမှားမျိုးတွေ မှားတတ်ကြပါတယ်။ အဲ့အမှားကတော့ အားဆေးကို အလွန်အကျွံ သောက်လိုက်ခြင်းပါပဲ။ တန်ဆေး လွန်ဘေးကို အမြဲ သတိရပါ။ အစားအစာမှ မဟုတ်ပါဘူး။ ဆေးဝါးနဲ့ ပတ်သက်လာရင်လည်း တန်ဆေး လွန်ဘေး ဆိုတာ ရှိပါတယ်။ လိုအပ်သလောက် […]


အစားအသောက်မှကူးစက်သောရောဂါများ

အစာအဆိပ်သင့်ခြင်း အကြောင်း

အစာအဆိပ်သင့်ခြင်း ဆိုသည်မှာ အစာအဆိပ်သင့်ခြင်း ဆိုတာက အစားအစာကနေတဆင့် ကိုယ်ထဲကို ရောဂါပိုးဝင်ရောက်ခြင်းပဲ ဖြစ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့၊ အဆိပ်သင့်တဲ့၊ ရောဂါပိုးရှိတဲ့ အစားအစာတွေကို စားမိရင် ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏာများ အစာအဆိပ်သင့်တဲ့အခါ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ အချိန်တနာရီလောက်ကနေ ၂၈ ရက်လောက်ထိ ကြာသွားတာမျိုး ဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ အောက်ပါလက္ခဏာတွေထဲက အနည်းဆုံးသုံးချက်ခန့်ကို ကြုံတွေ့နိုင်ပါတယ်။ ဗိုက်ရစ်ပြီး နာခြင်း ဝမ်းပျက်ခြင်း ပျို့တက်ခြင်း အစားပျက်ခြင်း ငွေ့ငွေ့ဖျားခြင်း အားနည်းခြင်း အန်ခြင်း ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းလက္ခဏာတွေကတော့ သုံးရက်ဆက်တိုက်ထက်ပိုပြီး ဝမ်းပျက်နေခြင်း အပူချိန် ၁၀၁.၅ ဒီဂရီဖာရင်ဟိုက်ထက်ကျော်ပြီး ဖျားခြင်း ကောင်းကောင်းမမြင်ခြင်း၊ စကားပြောရခက်ခြင်း ရေဓာတ်သိသိသာသာခမ်းခြောက်ခြင်း၊ အာခြောက်ခြင်း၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ထုံးမှုန့်က သတ်နိုင်သလား

ခုနောက်ပိုင်း အရပ်ထဲမှာ ထုံးမှုန့်တွေ လိုက်ဖြူးကြတယ်၊ လိုက်ဖြန်းကြတယ်ဆိုတဲ့ သတင်းတွေ ခပ်စိပ်စိပ်ဆိုသလို ကြားနေ မြင်နေရပါတယ်။ မြန်မာတွေက ထုံးမှုန့်ဟာ ပိုးမွှားတွေကို ဖယ်ရှားသတ်ဖြတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကလေးကလည်း ရှိထားပါတယ်။ ဒီလိုယူဆချက်တွေကြောင့်ပဲ ခုလို COVID-19 ကာလမှာ ပိုးမွှားတွေကို သတ်နိုင်တဲ့ ထုံးမှုန့်တွေကို ရပ်ကွက်တွေ၊ လမ်းတွေ၊ ရေမြောင်းတွေနဲ့ နေအိမ်ခြံဝန်းတွေမှာ လိုက်ပြီး ဖြူးတာ ဖြန်းတာမျိုးတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေကြတာပါ။ ဘယ်သို့သော လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေကြောင့် ဒီလိုပြုမူနေကြတယ်ဆိုတာကို တိကျသေချာစွာမသိရှိထားရပေမယ့် လူနေနေရာတွေမှာ ထုံးမှုန့်တွေ ဖြန်းနေတာကတော့ မြင်ရတွေ့ရ များလာနေပါတယ်။ တကယ်တမ်းအားဖြင့် ထုံးမှုန့်တွေဟာ သံမဏိနဲ့ ပလတ်စတစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအတွက် ဖန်တီးထားတဲ့ အရာတွေဖြစ်ပြီးတော့ ကွန်ကရစ်ဖျော်ဖို့၊ Filler အနေနဲ့ သုံးဖို့၊ စိုက်ခင်းတွေမှာသုံးဖို့၊ သတ္တုပုံသွန်းဖို့နဲ့ ရေသန့်စင်မှုတွေမှာအသုံးပြုဖို့တွေအတွက် ရည်ရွယ်ထားကြတာပါ။ ပါဝင်ပစ္စည်းအနေနဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ကာကွယ်ဆေး

ကိုဗစ်ကိုတော့ ထပ်ပြီး မိတ်မဆက်တော့ဘူး။ အခု ပြောချင်တာကတော့ ကာကွယ်ဆေးအကြောင်းပါ။ တရုတ်နိုင်ငံမှာ ကာကွယ်ဆေးထုတ်နိုင်ပြီဆိုတဲ့သတင်းတွေကိုလည်း မြင်မိကြမှာပါ။ ကာကွယ်ဆေး ဘယ်လိုအလုပ်လုပ်လဲ။ ကာကွယ်ဆေးထုတ်တဲ့အကြောင်းမပြောခင် ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို အရင်သိသင့်ပါတယ်။ ရောဂါမှန်သမျှကို တိုက်ထုတ်ပေးနိုင်ဖို့အတွက် အရေးကြီးဆုံး စွမ်းဆောင်ရှင်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ပါ။ ကာကွယ်ဆေး (vaccine) ဆိုတာကတော့ အဲဒီ ကိုယ်ခံအားစနစ်ကို စွမ်းအားပြည့်ဝနေအောင် ကြိုတင်ပြီး လေ့ကျင့်ပေးတဲ့အရာတွေပါ။ တုပ်ကွေးရောဂါကို ဥပမာကြည့်မယ်ဆိုရင် တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးက influenza ဗိုင်းရပ်စ်ပါ။ သူက ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာချိန်မှာ ခန္ဓာကိုယ်က ဒီဗိုင်းရပ်စ်အကြောင်းကို ဘာမှန်းမသိသေးဘူး။ ဝင်လာတဲ့အချိန်မှာလည်း ချက်ခြင်းမတိုက်ထုတ်ဘူး။ စစ်ဆင်ရေးအရပြောမယ်ဆိုရင် အချက်အလက်တွေစုဆောင်းမယ်။ ရန်သူမိတ်ဆွေခွဲမယ်။ ပြီးမှ အဆင့်အလိုက် ပြန်တုံ့ပြန်မယ်။ ဒါပေမယ့် သူပြန်တုံ့ပြန်တဲ့အချိန်မှာ ဗိုင်းရပ်စ်က အင်အားကြီးနေပြီ အများကြီးဖြစ်နေပြီဆိုရင် တိုက်ပွဲက ပြင်းထန်ပြီး ခန္ဓာကိုယ်က ဒဏ်ခံရတယ်။ အရမ်းဆိုးတဲ့အချိန်မှာ ကိုယ်ခံအားစနစ်က ရှုံးသွားတယ်။ အဲဒါဆိုရင်တော့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ပိုးဟာ ရေထဲမှာ ရှင်သန်နိုင်ပြီလား

COVID-19 ရောဂါပိုးဟာ ရေထဲမှာ အသက်ရှင်နိုင်သလား? အလွန်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ရေဆိုတာဟာ လူ့ခန္ဓာကိုယ်ရဲ့ အဓိကအရင်းအမြစ် ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတွေ အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်ဆိုလည်း မှန်ပါတယ်။ ခုဆို ဒီရောဂါဆိုးကြီး ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေတာဟာ ၄ လ ကျော်နေခဲ့ပါပြီ။ ခုချိန်ထိ တိကျရေရာတဲ့ ကုထုံးမျိုးကို ဖန်တီးနိုင်ခြင်းမရှိသေးပဲ သေဆုံးသူအရေအတွက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက်ကတော့ မှန်မှန်ကြီး တိုးတက်လာနေပါတယ်။ ဒီတော့ လူတိုင်းက ဒီရောဂါကို ကြောက်ရွံ့နေကြပြီး လက်လှမ်းမှီရာအချက်အလက်တိုင်းကို သိလိုနေကြပါတယ်။ ကူးစက်မြန် အဆုတ်ရောင်ရောဂါဆိုးကြီး ပြန့်ပွားလာချိန်ကတည်းက ဘယ်လိုနေရာတွေမှာ ရောဂါပိုး ကပ်ငြိနိုင်ပြီး ဘယ်လိုရှောင်ရှားရမလဲဆိုတာကို လူတိုင်း စိတ်ဝင်စားခဲ့ကြပါတယ်။ အစောပိုင်း လေ့လာချက်တွေအရ ဒီရောဂါပိုးဟာ မာကျောတဲ့ မျက်နှာပြင်တွေမှာ ပိုမိုရှင်သန်နိုင်ပြီး ရက်အတန်ကြာအထိကပ်ငြိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ရေထဲမှာ ရောဂါပိုး […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ကာလမှာ အစားတွေ ထိန်းမရအောင် စားနေမိပြီလား

ဒီရက်ပိုင်း အိမ်မှာပဲ နေနေရတာဆိုတော့ အရမ်းကို ပျင်းနေမှာပဲနော်။ အပြင်လည်း မသွားရ၊ အလုပ်လည်း မလုပ်ရ၊ သူငယ်ချင်းတွေနဲ့လည်း တွေ့ပြီး စကားမပြောရ၊ အဆိုးဆုံးက အိမ်မှာပဲ လှောင်ပိတ်ခံထားရသလို ဖြစ်နေတော့ ဘာမှလုပ်စရာ မရှိရင် အစားအသောက်ဘက်ကို မျက်စောင်းထိုးတတ်ကြတာ လူ့သဘာဝပဲလေ။ ဒါ့အပြင် တက်လာတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းတွေကလည်း စိုးရိမ်စရာတွေချည်းပဲ ဆိုတော့ လူက စိတ်ဖိစီးပြီး အစားပိုစားချင်လာတော့တာပေါ့။ အစာစားတာကတော့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ တစ်ခု သတိထားရမှာက လူတော်တော်များများက စိတ်ဖိစီးမှုကြောင့် ဒါမှမဟုတ် ဘာမှလုပ်စရာ မရှိလို့ ပျင်းနေပြီဆိုရင် တွေ့ရာကို စားတတ်ကြတာပါ။ အာဟာရမဖြစ်တာတွေ စားပြီး ဗိုက်က ပြည့်နေရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာ မရနိုင်တော့ဘဲ […]


ကိုရိုနာဗိုင်းရပ်စ်

COVID_19 လား……………. အပူလျှပ်တာလား………………

ပူပြင်းတဲ့နွေရောက်လာရင် အဖြစ်များတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါကတော့ အပူလျှပ်တာပါ။ အခုလိုချိန်မှာ ကပ်ရောဂါ COVID_19 ကိုလည်း စိုးရိမ်နေရချိန်ဖြစ်တာကြောင့် ခန္ဓာကိုယ် အပူချိန် မြင့်တာကို လူတိုင်း စိုးရိမ်မိမယ်ထင်ပါတယ်။ ဒီတော့  အပူဒဏ်ကြောင့် အပူလျှပ်ပြီး ကိုယ်ပူနေတာလား COVID_19 ကြောင့် ကိုယ်အပူချိန် မြင့်နေတာလားဆိုတာကို သေသေချာချာလေး သိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် အသိပေးပါရစေ။ ကဲ COVID_19 လား……………. အပူလျှပ်တာလား………………  ဆိုတာကို ကိုယ်တိုင်ဆန်းစစ်လိုက်ပါဦး။ COVID_19 လား……………. အပူလျှပ်တာလား……………… COVID_19 လား……………. အပူလျှပ်တာလား………………  ဆိုတာကို လေ့လာလိုက်ရအောင်နော်။ အပူလျှပ်တယ်ဆိုတာ နွေအပူချိန် အမြင့်ဆုံးဖြစ်တဲ့ ဒီကာလမှာ အပူလျှပ်တာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အပူချိန်မြင့်နေတဲ့ အချိန်မှာ နေပူထဲမှာ အကြာကြီးနေမိမယ်။ ပင်ပင်ပန်းပန်း နေပူထဲမှာ လုပ်မိတာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုးမှာ အပူလျှပ်တာမျိုးဖြစ်နိုင်ပါတယ်။ အပူလျှပ်ခြင်း အပူလျှပ်တယ်ဆိုတာက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း