ပူပြင်းတဲ့နွေရောက်လာရင် အဖြစ်များတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါကတော့ အပူလျှပ်တာပါ။ အခုလိုချိန်မှာ ကပ်ရောဂါ COVID_19 ကိုလည်း စိုးရိမ်နေရချိန်ဖြစ်တာကြောင့် ခန္ဓာကိုယ် အပူချိန်မြင့်တာကို လူတိုင်း စိုးရိမ်မိမယ်ထင်ပါတယ်။ ဒီတော့ အပူဒဏ်ကြောင့် အပူလျှပ်ပြီး ကိုယ်ပူနေတာလား COVID_19 ကြောင့် ကိုယ်အပူချိန်မြင့်နေတာလားဆိုတာကို သေသေချာချာလေး သိစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် အသိပေးပါရစေ။