အိမ်တွင်းမှာ ဆိုရင် အိမ်အသုံးအဆောင် ပစ္စည်းတွေ၊ ကြမ်းခင်းတွေ၊ အဝဝ်အစားတွေက အဓိကပေါ့။
အသုံးအဆောင်ပစ္စည်း- တံခါး လက်ကိုင်ဖုတွေ၊ စားပွဲမျက်နှာပြင်တွေ၊ ဖုန်းမျက်နှာပြင်တွေ စတာတွေကို အရက်ပြန် ၇၀ရာခိုင်နှုန်း ပါတာနဲ့ ပိုးသတ်လို့ ရပါတယ်။ အရက်ပြန်မရှိရင် ဆပ်ပြာရည် သုံးလို့ရပါတယ်။ ဆပ်ပြာရည်နဲ့ ပွတ် ၁၀မိနစ်ကနေ မိနစ်၃၀လောက်နေရင် ရေစို အဝတ်နဲ့ ပြန်သုတ်လို့ရပါတယ်။
ကြမ်းခင်း- ကြမ်းခင်းက ချွတ်ဆေးအရည်၊ ချွတ်ဆေး အမှုန့်တွေနဲ့ ပိုးသတ်လို့ရပါတယ်။ ဒါပေမယ့် ဒါက အချိုးအဆ လိုပါတယ်။ နောက်ပြီး ပြင်းအား များတဲ့အတွက် အကာအကွယ်ဝတ်စုံ ဝတ်ပြီးမှ ဖျန်းရတာမျိုး၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ဖျော်စပ်ရတာမျိုး ရှိပါတယ်။ ဒါကြောင့် အိမ်မှာ ကြမ်းတိုက်မယ်ဆိုရင် ဒီလို ကရိကထများတာထက် ဆပ်ပြာရည်နဲ့ အရင်ကြမ်းတိုက်ပြီး ၁၀မိနစ်မှ မိနစ် ၃၀ အကြာတွင် ရေစိုအဝတ်နဲ့ ပြန်လည် ပွတ်တိုက်တာက ပိုပြီး လွယ်ပါတယ်။
အဝတ်အစား– အဝတ်အစားတွေကိုလည်း အရင်လိုပဲ ရေနဲ့ ဆပ်ပြာနဲ့ စိမ်ပြီး လျှော်လို့ရပါတယ်။ အပြင်က ပြန်လာရင်လည်း အဝတ်အစားတွေကို ချက်ချင်းချွတ်ပြီး ဆပ်ပြာရည်စိမ်ထားနိုင်ရင် ပိုကောင်းပါတယ်။
အိမ်ပြင်မှာ ဘယ်လို ပိုးသတ်မလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။