အသုံးပြုပုံများ
အမြဲစိမ်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ
Wintergreen ဟာ သဘာဝဆေးဖက်ဝင် သစ်ဥသစ်ဖုတမျိုးဖြစ်ပြီး ၎င်းရဲ့ အရွက်နဲ့ အဆီတို့ကို ဆေးဝါးအဖြစ် အသုံးပြုပါတယ်။Wintergreen အရွက်ကို အောက်ပါရောဂါတွေ ကုသရာမှာ အသုံးပြုပါတယ်။
ခေါင်းကိုက်ခြင်း။
အာရုံကြောပြဿနာကြောင့် နာကျင်ခြင်း။
အဆစ်အမြစ်ရောင်ရမ်းခြင်း။
သားဥအိမ်နာကျင်ခြင်း။
ဓမ္မတာလာစဉ် ကိုက်ခဲခြင်း။
ဗိုက်နာခြင်း၊လေထခြင်း။
ပန်းနာရင်ကျပ်ရောဂါဖြစ်ခြင်း။
အဆုတ်အမြှေးပါးရောင်ခြင်း။
နာကျင်ကိုက်ခဲရောင်ရမ်းခြင်း။
ဖျားခြင်း။
ကျောက်ကပ်ပြဿနာများ။ နာကျင်ရမ်ရမ်းနေတဲ့ အဆစ်အမြစ်တွေ နဲ့ ကြွက်သားတွေပေါ်ကို တိုက်ရိုက်လိမ်းပေးလို့ရသလို နောက်ကျောနာခြင်းအတွက်လည်း လိမ်းပေးနိုင်ပါတယ်။Wintergreen အဆီအနည်းငယ်ကို အသုံးပြုမယ်ဆိုရင် အစာချေရည်တွေပိုများလာကာ အစာကောင်းစွာ ကြေစေနိုင်ပါတယ်။
Wintergreen အဆီဟာ အရေပြားပေါ်ကို တိုက်ရိုက်လိမ်းပေးတဲ့အခါ အနည်းငယ်ပူရှိန်းရှိန်းဖြစ်စေကာ တစ်ရှူးတွေနာကျင်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တာမို့ ကြွက်သားနာကျင်တာတွေကို သက်သာစေပါတယ်။ အရေပြားမှာရှိတဲ့ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပစ်ဖို့အတွက်လည်း Wintergreen အဆီကို အသုံးပြုနိုင်ပါတယ်။Wintergreen ကို အခြားသော ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုနိုင်တာကြောင့် အသေးစိတ်သိရှိလိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။
ဘယ်လိုအလုပ်လုပ်လဲ
ယခု ဆေးဖက်ဝင်အပင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိနိုင်ဖို့အတွက် လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါ။ အသေးစိတ် ထပ်မံသိရှိဖို့အတွက် ဆရာဝန် ဒါမှမဟုတ် သဘာဝဆေးဖက်ဝင်ပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူကို မေးမြန်းပါ။ ဒါပေမယ့် wintergreen အရွက်မှာ နာကျင်ရောင်ရမ်းခြင်းနဲ့ ဖျားနာခြင်းတို့ကို သက်သာလျော့ပါးစေတဲ့ အက်စ်ပရင်ကဲ့သို့သော ဓါတ်ပစ္စည်းတမျိုးပါဝင်တယ်လို့ လေ့လာမှုအချို့အရ သိရှိရပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
အမြဲစိမ်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ
PasteTextHere
အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။
- သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
- အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
wintergreen သို့မဟုတ် အခြားဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်များနှင့်
- ဓါတ်မတည့်ခြင်းများရှိလျှင်။
- အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင်။
- အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများ ရှိလျှင်။
ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။
အမြဲစိမ်းပင် က ဘယ်လောက်စိတ်ချရလဲ
ကလေးများတွင် :
wintergreen အရွက် နဲ့ အဆီတို့ဟာ ကလေးတွေအတွက် အဆိပ်အတောက် ဖြစ်စေပြီး ၄ – ၁၀ စီစီလောက် သောက်မိရင်ပဲ သေစေနိုင်ပါတယ်။ ဒါ့အပြင် wintergreen အဆီကို အသက်နှစ်နှစ်အောက်ကလေးတွေရဲ့ အရေပြားပေါ် မလိမ်းပေးသင့်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်ချိန် :
အကယ်၍ သင့်မှာ ကိုယ်ဝန်ရှိနေမယ် ဒါမှမဟုတ် ကလေးနို့တိုက်နေမယ်ဆိုရင် wintergreen ကို သောက်တာ၊လိမ်းတာမျိုး လုံးဝမလုပ်ရပါဘူး။
ဘေးထွက်ဆိုးကျိုးများ
အမြဲစိမ်းပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
wintergreen ကို သောက်သုံးတဲ့အခါ နားထဲမှာ အသံများမြည်နေစေခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း၊ခေါင်းကိုက်ခြင်း၊ဗိုက်နာဗိုက်အောင့်ခြင်း နဲ့
စိတ်ရှုပ်ထွေးခြင်းအစရှိတဲ့ ဘေးထွက်ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပြီး အရေပြားပေါ် လိမ်းမယ်ဆိုရင်တော့ wintergreen အဆီဟာ အရေပြားကို နီရဲပူစပ်စေမှာပဲ ဖြစ်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
အမြဲစိမ်းပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
wintergreen ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။
အောက်ပါဆေးဝါးတွေဟာ wintergreen နဲ့ ဓါတ်ပြုမှု ဖြစ်ပေါ်နိုင်ပါတယ်။
- Warfarin : wintergreen ကို warfarin (Coumadin) နဲ့ ပူးတွဲသုံးစွဲရင် သွေးခြေဥတာ ဒါမှမဟုတ် သွေးထွက်တာတွေ ပိုဖြစ်လာနိုင်ပါတယ်။
- အက်စ်ပရင် : wintergreen အဆီအများအပြားကို အရေပြားပေါ်လိမ်းပြီး တချိန်တည်းမှာပဲ အက်စ်ပရင်ဆေးပြားတွေကို သုံးစွဲနေမယ်ဆိုရင် ၎င်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေနိုင်ပါတယ်။
အောက်ပါ ရောဂါများရှိရင်လည်း ဆရာဝန်ကို အသိပေးပါ။
- အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းမှုများ။
- Salicylate ဒါမှမဟုတ် အက်စ်ပရင်နဲ့ မတည့်တာ။
- ပန်းနာရင်ကျပ်ရောဂါ။
နှာခေါင်းတွင်း အဖုလေးများ ရှိခြင်း။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အမြဲစိမ်းပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ပါးစပ်က သောက်မယ်ဆိုရင် :
- အတိအကျ သတ်မှတ်ထားတဲ့ ပမာဏရယ်လို့ မရှိပါဘူး။
- Wintergreen အရွက်ကို လက်ဖက်ခြောက်ခပ်သလို ခပ်နိုင်ပြီး ရေနွေးတခွက်မှာ Wintergreen အရွက်ခြောက် လက်ဖက်ရည်ဇွန်းတဇွန်း ထည့်ခပ်နိုင်ပါတယ်။ ပြီးရင် အအေးခံပြီး တနေ့ကို တခွက်သောက်နိုင်ပါတယ်။
လိမ်းဆေးအဖြစ် အသုံးပြုမယ်ဆိုရင် :
- Wintergreen ကို ဂျဲလ်၊လိုးရှင်း ဒါမှမဟုတ် လိမ်းဆေးရည် (methyl salicylate ဆယ်ရာခိုင်နှုန်းမှ ခြောက်ဆယ်ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်) အဖြစ် တနေ့ကို သုံးလေးကြိမ်လောက် လိမ်းပေးနိုင်ပါတယ်။
- အပူရှိန်ဟာ ဆေးကို အရေပြားကစုပ်ယူမှုများပြားစေတဲ့အတွက် အားကစားလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန်မှာ ဆေးမလိမ်းသင့်သလို ဆေးလိမ်းပြီးပြီးချင်းမှာလည်း ရေနွေးအိတ်ကပ်တာမျိုး မလုပ်ရပါဘူး။
လူတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။
အမြဲစိမ်းပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
- လက်ဖက်ရည်ကြမ်း။
- ဂျဲလ်။
- လိုးရှင်း။
လိမ်းဆေးရည် ပုံစံအမျိုးမျိုး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။