Conduragon (ကွန်ဂျူရန်ဂို)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသုံးပြုပုံများ

Condurango (ကွန်ဂျူရန်ဂို )ကို ဘာအတွက်အသုံးပြုကြသလဲ

Condurango ကို အစာမကြေခြင်းနဲ့ အစာအိမ်ကင်ဆာတွေအတွက် အသုံးပြုကြပါတယ်။ သူ့ကို စားချင်စိတ်ဖြစ်အောင်လည်း သုံးကြပါတယ်။ တိုင်းရင်းဆေးမှာ Condurango ကို သွေးတိတ်ဆေးအဖြစ်အသုံးပြုပြီး ခံတွင်းပျက်ခြင်းနဲ့ ကာလသားရောဂါ ကုသဖို့အတွက် အသုံးပြုကြပါတယ်။

Condurango (ကွန်ဂျူရန်ဂို )ဘယ်လိုအလုပ်လုပ်လဲ

Condurango ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် အချို့လေ့လာမှုတွေက Condurango မှာပါတဲ့ tannins တွေဟာ သွေးတိတ်စေတဲ့ ဂုဏ်သတ္တိရှိပြီး အနာကျက်ဖို့ အားပေးတယ်လို့ ဆိုပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Condurango (ကွန်ဂျူရန်ဂို ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Condurango ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Condurango (ကွန်ဂျူရန်ဂို ) က ဘယ်လောက်စိတ်ချရလဲ

ကလေးငယ်တွေမှာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးနို့တိုက်မိခင်တွေမှာ Condurango ကို အသုံးမပြုသင့်ပါဘူး။
Condurango ကို အသည်းရောဂါ၊ အတက်ရောဂါ၊ ဒီဆေးနဲ့ ဆက်စပ်နေတဲ့ ဆေးတွေကို မတည့်တဲ့သူတွေမှာ အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Condurango (ကွန်ဂျူရန်ဂို ) ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Condurango ဟာ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
• တက်ခြင်း၊ ကိုယ်လက် မလှုပ်ရှားနိုင်ခြင်း
• ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသည်း ပျက်စီးခြင်း
• ဓါတ်မတည့်ခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Condurango (ကွန်ဂျူရန်ဂို ) ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Condurango ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Condurango (ကွန်ဂျူရန်ဂို ) အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Condurango ကို အသုံးပြုရမယ့် ဆေးအချိုးအစားက ဒီဆေးရဲ့ ပုံစံပေါ်မှာ မူတည်ပါတယ်။
• သစ်ခေါက်: 2-4 g နေ့စဉ်
• Extract: 0.2-0.5 g နေ့စဉ်
• Fluid extract: 2-4 g နေ့စဉ်
• Infusion: အမှုန့်ကြိတ်ထားတဲ့ အခေါက်ကို လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာထည့်ပြီး ရေပူပူ ၂၅၀ ml ထဲမှာ ထည့်ပြီး ၁၅ မိနစ်ခန့် ထားသင့်ပါတယ်။
• တင်ချာရည်: 1-2 ml or 2 g နေ့စဉ်
• Water extract: 0.2-0.5 g နေ့စဉ်
Condurango ကို သောက်သုံးရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Condurango (ကွန်ဂျူရန်ဂို ) က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Condurango ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• သစ်ခေါက်
• Fluid extract
• သစ်ခေါက်မှုန့်
• တင်ချာရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ် ကင်ဆာ

အစာအိမ်ကင်ဆာက အစာအိမ်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ၊ အစာအိမ်ဆီကို အစာတွေ ပို့ဆောင်ပေးတဲ့ အစာရေမျိုပြွန် နဲ့ အစာအိမ် ဆုံတဲ့ နေရာမှာလည်း ဖြစ်နိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အစာအိမ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 21, 2020 . 4 mins read

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆူရှီစားလို့ ဘာဖြစ်တယ်၊ ငါးအစိမ်းတွေ စားလို့ ညာဖြစ်တယ် စသဖြင့် အမျိုးမျိုးသော သတင်းတွေ တက်လာတာ ဖတ်ဖူးကြမှာပါ။ ဆူရှီကကျန်းမာစေတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

အလုံးစမ်းမိ ကင်ဆာ အသည်းကြီး သည်းခြေကျောက် အူမကြီးကင်ဆာ ဘေလုံးကြီးတာ ပန်ကရိယကင်ဆာ Crohn’s disease သားဥအိမ်အကျိတ် အစာအိမ်ကင်ဆာ သွေးကြောမကြီးဖောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အသည်းကိုပျက်စီးစေနိုင်တဲ့အရာတွေကတော့အများကြီးပါပဲ။  အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာအသစ်ပြန်ဖြစ်ပါတယ်။ အသည်းကထိခိုက်ပါများရင် ရောဂါဖြစ်လာပါမယ်။

ရေးသားသူ Dr. Thiha Phyo Myint
အသည်းကင်ဆာ, ကျန်းမာရေးစင်တာ စက်တင်ဘာ 25, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကင်ဆာ (gastric cancer)

အစာအိမ်ကင်ဆာ (gastric cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 4 mins read
အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read