Cola Tree (ကိုလာပင်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသုံးပြုပုံများ

ကိုလာပင် (Cola tree )ကို ဘာအတွက်အသုံးပြုကြသလဲ

Cola tree ကို စိတ်ကျပျောက်ဆေး၊ ဆီးရွှင်ဆေး၊ ဝမ်းလျှောပျောက်ဆေးတွေ အနေနဲ့ အသုံးပြုကြပါတယ်။ သူ့ကို နှလုံးရောဂါ၊ မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်ပျို့အန်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေအတွက် အသုံးပြုကြပါတယ်။ Cola tree ဟာ အနာကျက်ခြင်းကို အားပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပါတယ်။
Cola ဟာ ပင်ပန်းနွမ်းနယ်ခြင်းတွေ၊ စိတ်ကျခြင်းတွေနဲ့ နာတာရှည် ပင်ပန်းလွယ်ခြင်းတွေ၊ ညှိုးငယ်ခြင်း၊ ဝမ်းကိုက်ခြင်း၊ atonic diarrohoea၊ ကိုယ်အလေးချိန်ကျဆင်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေအတွက် ခဏတာ အသုံးပြုနိုင်ပါတယ်။

ကိုလာပင် (Cola tree ) ဘယ်လိုအလုပ်လုပ်လဲ

Cola tree ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် အချို့လေ့လာမှုတွေက Cola စေ့မှာ ကဖင်းဓါတ်ပါဝင်တယ်လို့ဆိုပါတယ်။ ကဖင်းဓါတ်ဟာ CNS စနစ်၊ နှလုံးနဲ့ ကြွက်သားတွေကို အားပေးပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကိုလာပင် (Cola tree )အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Cola tree ကို အသုံးမပြုခင် ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။
Cola tree ထုတ်ကုန်တွေ ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။
ခွဲစိတ်ကုသမှု မပြုလုပ်ခင် အနည်းဆုံးနှစ်ပတ်အတွင်း Cola စေ့ စားသုံးမှုကိုရပ်တန့်သင့်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကိုလာပင်(Cola tree ) က ဘယ်လောက်စိတ်ချရလဲ

ကလေးငယ်တွေမှာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးနို့တိုက်မိခင်တွေမှာ နောက်ထပ်လေ့လာမှုတွေ မပြုလုပ်မချင်း Cola tree ကို မတိုက်သင့်ပါဘူး။
အောက်ဖေါ်ပြပါ အခြေအနေတွေရှိရင် Cola tree သုံးစွဲမှုကို သတိပြုသင့်ပါတယ်။
• စိတ်ပူပန်ခြင်း
• သွေးရောဂါများ
• နှလုံးရောဂါ
• ဆီးချို
• ဝမ်းလျှောခြင်း
• မျက်စိတိမ်
• သွေးတိုး
• Irritable Bowel syndrome
• အရိုးပွခြင်း

ဘေးထွက်ဆိုးကျိုးများ

ကိုလာပင် (Cola tree ) ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Cola tree ကနေ အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
• စိတ်ပူခြင်း၊ အိပ်မရခြင်း၊ စိတ်တိုခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းကိုက်ခြင်း
• သွေးတိုးခြင်း၊ သွေးကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ ရင်တုန်ခြင်း
• ပျို့အန်ခြင်း၊ အစားမဝင်ခြင်း၊ ဗိုက်နာခြင်း၊ ပါးစပ်အတွင်း အဝါရောင်ပြောင်းခြင်း
• ဆီးများများသွားခြင်း
• ဓါတ်မတည့်ခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ကိုလာပင်(Cola tree ) ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

Cola tree ဟာ အောက်ဖေါ်ပြပါ ဆေးတွေ၊ တိုင်းရင်းဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။
• Estrogen၊ ကိုယ်ဝန်တားဆေးများ
• Furoguinolones, salicylates;
• Lithium;
• •MAOIs;
• •Psychoanaleptic agents;
• Xanthines;
• ကဖင်းပါသော ကော်ဖီ၊ ကိုလာ၊ လက်ဖက်ရည်၊ grapefruit ဖျော်ရည်
• သတ္တုဓါတ် (calcium, magnesium).

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ကိုလာပင်(Cola tree ) အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Cola tree ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ကိုလာပင် (Cola tree ) က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Cola tree ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Cola စေ့၊ Cola ဝိုင်၊ fluid extract၊ ပေါင်ဒါပုံစံ၊ Solid extract၊ တင်ချာဆေးရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Medical Marijuana နဲ့ Recreational Marijuana ဘာတွေကွာခြားသလဲ

ဘယ်ဟာက medical marijuana ၊ ဘယ်ဟာက recreational marijuana ဆိုတာနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိနေတာလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်ရဲ့ စိတ်လေး ကျန်းမာပါစ (သို့မဟုတ်) သင်သိထားဖို့လိုတဲ့ စိတ်ကျန်းမာရေး အချက်ပြလက္ခဏာတွေအကြောင်း

လူအတော်များများက စိတ်မကျန်းမာမှုကို ခံစားနေရပေမယ့် ကိုယ်တိုင်တောင် စိတ်မကျန်းမာနေဘူးဆိုတာကို မသိလိုက်ကြတာမျိုးပါ။ စိတ်ကလေး ကျန်းမာပါစ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read