Chinese Rhubarb

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသုံးပြုပုံများ

ကို ဘာအတွက်အသုံးပြုကြသလဲ

Chinese rhubarb ကို ဝမ်းပျော့ဆေးအနေနဲ့ ရော၊ ဝမ်းမသွားဖို့ပါ အသုံးပြုကြပါတယ်။ Rhubarb ဟာ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်း၊ ရင်ပူခြင်း၊ ဗိုက်နာခြင်း၊ အစာအိမ် သွေးထွက်ခြင်းနဲ့ အစာအိမ်လမ်းကြောင်းကို စစ်ဆေးဖို့ ပြင်ဆင်ခြင်းတွေမှာ အသုံးပြုကြပါတယ်။ အချို့သူတွေဟာ ဝမ်းသွားစဉ် ညှစ်ရတာ သက်သာတာကြောင့် Rhubarb ကို အသုံးပြုကြပါတယ်။ ဒါဟာ လိပ်ခေါင်းရှိသူတွေမှာ နာကျင်မှုကို သက်သာစေပြီး စအိုအဝမှာ ရှိတဲ့ အရေပြားအကြောင်းလေးတွေ ကွဲထွက်ခြင်းကို လျော့ပါးစေပါတယ်။ သူ့ကို ခဏတာသာ အသုံးပြုသင့်ပါတယ်။ Rhubarb ကို detoxifying regimen ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်လည်း အသုံးပြုကြပါတယ်။ Rhubarb ကို cold sores တွေကို ကုသဖို့ အရေပြားပေါ်ကို လိမ်းပြီးလည်း အသုံးပြုကြပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Chinese rhubarb ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် Rhubarb ဟာ ဆေးနဲ့ပတ်သက်တဲ့စာပေတွေမှာ ဝမ်းပျော့စေတဲ့အာနိသင်ရှိတယ်လို့ အခိုင်အမာဖေါ်ပြထားပါတယ်။ ဒီဆေးကို ACEI နဲ့ captopril, ရင်တုန်သက်သာဆေးတွေနဲ့ ပေါင်းသောက်ရင် တစ်မျိုးတည်းသောက်တာတွေထက် စာရင် ကျောက်ကပ်ပျက်စီးမှုတွေမှာ အာနိသင် ပိုရှိပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သွေးနဲ့ ဆီးအတွင်းမှာ ရှိတဲ့ electrolytes တွေကို စစ်သင့်ပြီး ကြွက်တက်ခြင်း၊ ပျို့အန်ခြင်း ရှိမရှိလဲ ကြည့်နေသင့်ပါတယ်။ ဒါတွေ ဖြစ်လာခဲ့ရင် ဆေးကိုရပ်သင့်ပါတယ်။
Rhubarb ကို အခြားဆေးတွေနဲ့ ပေါင်းပြီး လေထတာကို သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ စုပ်ယူအားအကောင်းဆုံး ဖြစ်စေဖို့ ဒီဆေးကို အခြားဆေးတွေ၊ antacid တွေ၊ နွားနို့တွေ သောက်ပြီး တစ်နာရီအတွင်းမှာ မသောက်သုံးသင့်ပါဘူး။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

က ဘယ်လောက်စိတ်ချရလဲ

Rhubarbကို အောက်ပါ အခြေအနေတွေ ရှိရင် အသုံးမပြုသင့်ပါဘူး။
• ကိုယ်ဝန်ရှိခြင်း၊ ကလေးနို့တိုက်နေခြင်း
• ကလေးတွေ
• ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း
• အစာအိမ်လမ်းကြောင်း အခြေအနေများ
• ကျောက်ကပ်ရောဂါ၊ ကျောက်ကပ် ကျောက်တည်ခြင်း
• အသည်းရောဂါများ

ဘေးထွက်ဆိုးကျိုးများ

ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Rhubarb ဟာ အောက်ပါဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
• ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း ဗိုက်နာခြင်း
• ဆီးအရောင်ပြောင်းခြင်း၊ ဆီးအတွင်း သွေးပါခြင်း၊ ဆီးအတွင်း albumin ပါခြင်း
• ဗီတာမင် သတ္တုဓါတ် ချို့တဲ့ခြင်း၊ fluid and electrolyte imbalances

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

အစာအိမ်ဆေးတွေဟာ Rhubarb ကို တစ်နာရီအတွင်းသောက်မယ်ဆိုရင် သူ့အာနိသင်ကို ကျဆင်းစေပါတယ်။
Rhubarb ကို ရေရှည်စွဲသောက်မယ်ဆိုရင် potassium ပမာဏကို ကျဆင်းစေပြီး ရင်တုန်ပျောက်ဆေးတွေ၊ cardiac glycosides တွေနဲ့ corticosteroids တွေရဲ့ အာနိသင်ကို တိုးမြှင့်ပေးပါတယ်။
သွေးအတွင်း calcium နည်းပါးခြင်းဟာ Rhubarb ကို licorice root နဲ့ တွဲသုံးခြင်းကြောင့် ဖြစ်နိုင်တာကြောင့် တွဲသုံးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Clinical trials တွေမှာ Rhubarb အခြောက်ကို 20-50mg/kg နေ့စဉ် သောက်သင့်ပါတယ်။
Chinese rhubarb ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Chinese rhubarb ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Extract, ပေါင်ဒါမှုန့်၊ အရည်၊ သောက်ဆေးပြား၊ တင်ချာရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း

E Coli ဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ရှင်သန်ပေါက်ပွားတတ်တဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ E Coli မျိုးကွဲတချို့က အူလမ်းကြောင်းကို ဒုက္ခပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ

သည်းခြေအိတ်ဆိုတာ ဝမ်းဗိုက်ရဲ့ညာဘက်ခြမ်း အသည်းရဲ့အောက်ခြေမှာ အိတ်ပုံသဏ္ဌာန် တည်ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ သည်းခြေရည်တွေကိုသိုလှောင်ထုတ်လွှတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှုတမျိုး ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

အူမကြီးနဲ့စအိုလမ်းကြောင်းတစ်ဝိုက်မှာ ပြဿနာရှိ၊ မရှိသိရဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်လို့ ရပါတယ်။ အဖြစ်များတဲ့ကင်ဆာရောဂါတွေထဲမှာ အူမကြီးကင်ဆာလည်းပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 1 min read
အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဝမ်းဗိုက်တွင်း ပြည်တည်နာ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read