အသုံးပြုပုံများ
Ash ကို ဘာအတွက်အသုံးပြုကြသလဲ
Ash ဟာ အပင်တစ်မျိုးဖြစ်ပါတယ်။ အခေါက်နဲပ အရွက်တွေကို ဆေးအဖြစ် အသုံးပြုကြပါတယ်။
Ash ကို ဖျားနာခြင်း၊ အဆစ်ရောင်ခြင်း၊ ဂေါက်ရောဂါ၊ ဝမ်းချုပ်ခြင်း၊ အရည်စုခြင်း၊ ဆီးအိမ်ပြဿနာတွေအတွက် အသုံးပြုကြပါတယ်။ သူ့ကို အသားကြည်ဆေး အဖြစ်လည်း သုံးကြပါတယ်။
Ashဘယ်လိုအလုပ်လုပ်လဲ
Ash ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှု အချို့ကတော့ သူ့မှာ အဆစ်အမြစ်တွေကို အရောင်ကျစေတဲ့ အစွမ်းရှိတယ်လို့ ဆိုပါတယ်။ အချို့က အကိုက်အခဲပျောက်ဆေးတွေလိုမျိုး အရောင်ကျစေတယ်လို့ ဆိုပါတယ်
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Ash အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အဆစ်ရောင်တဲ့ အခြေအနေတွေ အတွက် အသုံးပြုရင် ရောင်ရမ်းခြင်းရှိသလား၊ ပိုဆိုးလာသလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။
လှုပ်ရှားနိုင်တဲ့ အကျယ်အဝန်း၊ ရောင်ရမ်းမှုနဲ့ အပူတွေကို စစ်ဆေးကြည့်ရှုနေသင့်ပါတယ်။
အရည်ကို ရေအနည်းငယ်နဲ့ (သို့) အခြားအရည်တွေနဲ့ အသုံးပြုနိုင်ပါတယ်။
ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို Ash နဲ့ ဝေးရာမှာ ထားသင့်ပါတယ်။ FDA က ဒီအပင်ဟာ လုံခြုံစိတ်ချရမှု မရှိပဲ အဆိပ်သင့်နိုင်တယ်လို့ ဆိုပါတယ်။
Ash ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Ashက ဘယ်လောက်စိတ်ချရလဲ
Ash ကို ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးနို့တိုက်နေသူတွေမှာ နောက်ထပ်လေ့လာမှုတွေ မပြုလုပ်မချင်း မပေးသင့်ပါဘူး။ Ash ကို သူနဲ့ (သို့) salicylates တွေနဲ့ ဓါတ်မတည့်တဲ့လူနာတွေမှာလည်း အသုံးမပြုသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးများ
Ash ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
လေ့လာမှုတွေက တွေ့ရှိထားတဲ့ ဆိုးကျိုးတွေ မရှိသေးပါဘူး။ အချို့သူတွေမှာတော့ အနည်းငယ်ပျို့ခြင်းကို ခံစားရနိုင်ပါတယ်။
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ဆေးဓါတ်ပြုမှုများ
Ashကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
Ash ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
Ashအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
Ash ကို ရေနဲ့ (သို့) အခြားအရည်တွေနဲ့ အတူ တစ်နေ့မှာ အစက် 20-40 ကို ၃-၄ ကြိမ်အထိ အသုံးပြုနိုင်ပါတယ်။
Ash ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Ashက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
Ash ကို အရည်ပုံစံနဲ့ ရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။