အသုံးပြုပုံများ
အမေရိကန် အယ်ဒါ ကို ဘာအတွက်အသုံးပြုကြသလဲ
အမေရိကန် အယ်ဒါပင်သည် ပန်းပွင့်ပြီး အသီးသီးသော အပင်မျိုးနွယ်ဖြစ်ပြီး ထိုပန်းပွင့်နှင့် မှည့်သောအသီးများကို ဆေးဖော်စပ်ကာ
- ရင်ကျပ်ပန်းနာရောဂါ
- အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်း
- အအေးမိခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- အာရုံကြောများကြောင့် နာကျင်သောရောဂါ
- အဆစ်များ နာကျင်ခြင်း
- သွားကိုက်ခြင်း
- ဖူးရောင်ခြင်း
- သွေးခြေဥခြင်း
- ကင်ဆာရောဂါ
- အစာအိမ်လေပွခြင်း
- ဝက်ရူးပြန်ရောဂါ
- ဖျားခြင်း
- အဆစ်ရောင် ဂေါက်ရောဂါ
- ခုခံအားစနစ်မူမမှန်ခြင်းကြောင့်ဖြစ်သော အရေပြားရောဂါ
- ဒဏ်ရာများ
- ကာလသားရောဂါ
- ဖောရောင်ခြင်း၊ နှလုံး၏ လုပ်ဆောင်မှုများ ကျဆင်းခြင်း စသည်တို့အတွက် အသုံးပြုကြပါသည်။
အမေရိကန် အယ်ဒါသီး သည် အူလမ်းကြောင်းကို သန့်စင်ပေးနိုင်သည့်အတွက် အူသန့်စင်စေရန်လည်း အသုံးပြုကြပါသည်။ ထို့ပြင် ၎င်းသည် ဆီးသွာစေခြင်းဖြင့် ခန္ဓါကိုယ်ရှိ အရည်ပိုများကို စွန့်ထုတ်နိုင်ခြင်း၊ အဖျားကျစေရန် ချွေးထုတ်ပေးခြင်း၊ အနာကျက်စေခြင်း နှင့် အန်ခြင်းတို့ကို လည်းဖြစ်စေသည်။
ထို့ပြင် အမေရိကန် အယ်ဒါသီးကို မျက်စိဆေးရည်၊ ပါးလုပ်ကျင်းဆေးရည် အနေနှင့် လည်းသုံးပါသည်။
ထို့ပြင် အစားအစာများတွင် ထဲ့ပြီး ချက်ပြုတ်ခြင်း၊ ဝိုင်ချက်ခြင်း၊ အဖျော်နှင့် ယမကာများ ပြုလုပ်ခြင်းများတွင်လည်း အသုံးပြုကြပါသည်။ အမေရိကန် အယ်ဒါသီးမှ ရသော ထုတ်ကုန်များကို ရေမွှေးများလုပ်ရန်လည်း သုံးပါသည်။
ဘယ်လိုအလုပ်လုပ်လဲ
ဆေးဖက်ဝင်အပင်များနှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။ သို့သော် အချို့သောလေ့လာမှုများအရ အမေရိကန် သစ်ချသီး တွင် ပါဝင်သည့် ဓါတ်ကို ဝမ်းနှုတ်ဆေး၊ ဆီးဆေး၊ ပိုးမွှားသေဆေး စသည်ဖြင့် အသုံးပြုနိုင်သည် ဟုဆိုပါသည်။ အမေရိကန် အယ်ဒါသီးတွင် ဗီတာမင် C များစွာပါဝင်ပါသည်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
အမေရိကန် အယ်ဒါ အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်များရှိပါက တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပါ။
- သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်နေဆဲဖြစ်လျှင် သင့်ဆရာဝန်ပေးထားသော ဆေးများကိုသာသောက်သင့်သည်။
- ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မိမိဘာသာဝယ်သောက်သောဆေးများရှိလျှင်
- အမေရိကန် သစ်ချသီး အပါအဝင်အခြား ဆေးဖက်ဝင်အပင်များ၊ ဆေးများနှင့် ဓါတ်မတည့်လျှင်
- မိမိတွင်အခြားသော ရောဂါများရှိလျှင်
- အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံပစ္စည်းများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်
ဆေးဖက်ဝင်အပင်များ တိုင်းရင်းဆေးများသည် ဆေးဝါးများလောက် သတ်မှတ်စံနှုန်းနှင့် အညီသောက်သုံးရန်မလိုသော်လည်း တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
အမေရိကန် အယ်ဒါ က ဘယ်လောက်စိတ်ချရလဲ
အမေရိကန် အယ်ဒါသီးမှည့်နှင့် ပန်းပွင့်များသည် အစားအစာများနှင့် ဖျော်ရည်များတွင် ပါဝင်သောပမာဏသည်လူကြီးများအတွက် အန္တရာယ်မဖြစ်စေပါ။ အချို့သော သိပ္ပံစမ်းသပ်မှုများက အမေရိကန် အယ်ဒါပန်းပွင့်များသည် ဆေးဖော်စပ်သော ပမာဏသည် လူတို့အတွက် စိတ်ချရသော ပမာဏဖြစ်သည်ဟုဆိုပါသည်။
သို့သော် အမေရိကန် အယ်ဒါအရွက်များ၊ ပင်စည်နှင့် မမှည့်သေးသော အသီးများသည် ဆိုင်ရာနိုက် အဆိပ်ပါဝင်သည့်အတွက် အဆိပ်သင့်စေပါသည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အတွက်လည်း အမေရိကန် အယ်ဒါသီးမှည့် ၊အပွင့်များ၊ ၎င်းဖြင့်ပြုလုပ်သော အစားအစာများ နှင့် ပက်သက်ပြီး လုံလောက်သော လေ့လာမှုများမရှိသဖြင့် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။
ကလေးများ
ကလေးငယ်များသည် အမေရိကန် အယ်ဒါပင်စည်ကို ကစားစရာ မြေပဲမှုတ်ပြောင်း အဖြစ်အသုံးပြုကြပါသည်။ ပင်စည်တွင်လည်း ဆိုင်ရာနိုက် အဆိပ်ပါဝင်သည့်အတွက် အဆိပ်သင့်စေပါသည်။
ဘေးထွက်ဆိုးကျိုးများ
အမေရိကန် အယ်ဒါ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
အမေရိကန် အယ်ဒါသီးသည်
- ပျို့ခြင်း
- အန်ခြင်း
- အားနည်းခြင်း
- မူးဝေခြင်း
- ထုံကျင်ခြင်း
- မိန်းမော ထိုင်းမှိုင်းခြင်း စသည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
အထက်တွင် မဖော်ပြထားသည်များလည်း ရှိနေနိုင်ပါသည်။ သို့သော် လူတိုင်း ထိုဆိုးကျိုးများခံစား၇သည်မဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး သိလိုသော် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။
ဆေးဓါတ်ပြုမှုများ
အမေရိကန် အယ်ဒါ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
ဆေးဖက်ဝင်အပင်များသည် သင်သောက်နေသောဆေးများ၊ သင့်ရောဂါအခြေအနေများ နှင့် ဓါတ်ပြုမှုများရှိနေနိုင်သဖြင့် မသောက်ခင်တွင် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ်များရယူပါ။
အထူးသဖြင့် သင်သည် အောက်ပါဆေးများကို သောက်နေရပါကတိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
- လစ်သီယံဆေး
အမေရိကန် အယ်ဒါသီးသည် ဆီးသွားစေသော အာနိသင်ရှိပြီး လစ်သီယံနှင့် တွဲသောက်ပါက ခန္ဓါကိုယ်တွင် လစ်သီယံစွန့်ထုတ်မှုကိုလျော့နည်းစေသည်။ ထို့ကြောင့် လစ်သီယံသောက်နေလျှင် ဆေးပမာဏညှိရန်လိုအပ်သောကြောင့် သင့်ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
- အသည်းတွင်ဓါတ်ပြောင်းလဲမှုများပြုလုပ်ရသည့်ဆေးများ (Cytochrome P450 3A4 (CYP3A4) substrates)
အမေရိကန် အယ်ဒါသီးသည် အသည်း၏ဆေးများကို ချေဖျက်နိုင်စွမ်းကို ကျဆင်းစေသည်။ ထို့ကြောင့် အသည်းတွင် ဓါတ်ပြောင်းလဲမှုများပြုရသော အောက်ပါဆေးများသောက်နေလျှင် သင့်ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
- lovastatin (Mevacor)
- ketoconazole (Nizoral)
- itraconazole (Sporanox)
- fexofenadine (Allegra)
- triazolam (Halcion)
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အမေရိကန် အယ်ဒါ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
လူတဦး နှင့် တဦးအပေါ်မူတည်ပြီးဆေးအညွှန်းများ ကွာခြားမှုရှိပါသည်။ အသက်အရွယ် ၊ ကျန်းမာရေး အခြေအနေမပေါ်မူတည်ပြီး လည်းကွာခြားနိုင်ပါသည်။ လုံခြုံစိတ်ချမှုရှိစေရန် တိုင်းရင်းဆေးပညာရှင် သို့မဟုတ် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။
အမေရိကန် အယ်ဒါ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
အမေရိကန် အယ်ဒါသီး ကိုအနှစ်ရည်ပုံစံဖြင့်ရနိုင်သည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။