အသုံးပြုပုံများ
အဂရီကက်စ်မှို ကို ဘာအတွက်အသုံးပြုကြသလဲ
Agaricus Mushroom ဟာ မှိုတစ်မျိုးဖြစ်ပြီး ဘရာဇီး နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတွေမှာ တွေ့ရှိရပါတယ်။ သူ့ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။
- ကင်ဆာ
- ဆီးချို အမျိုးအစား ၂
- ကော်လက်စထရောများခြင်း
- သွေးကြော မာခဲခြင်း
- ပိုဆိုးလာသော အသည်းရောဂါများ
- သွေးရောဂါများ
- အစာခြေ လမ်းကြောင်းဆိုင်ရာ ရောဂါများ
- နှလုံးရောဂါ
- အရိုးပွခြင်း
- အစာအိမ် အနာဖြစ်ခြင်း
သူ့ကို ကိုယ်ခံအားကောင်းဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ဖိအားတွေကို ခံနိုင်ရည် ရှိဖို့အတွက်လည်း အသုံးပြုကြပါတယ်။
Agaricus Mushroom ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။
ဘယ်လိုအလုပ်လုပ်လဲ
Agaricus Mushroom ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် လေ့လာမှုအချို့က Agaricus Mushroom မှာ ကိုယ်ခန္ဓါရဲ့ အင်ဆူလင် အသုံးပြုမှုကို တိုးတက်စေပြီး ဆီးချို အမျိုးအစား ၂ ရှိတဲ့လူနာတွေမှာ insulin resistance ကျစေတဲ့ ဓါတုပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အချို့လေ့လာဆဲ သုတေသနတွေက သူဟာ ကိုယ်ခံအားစနစ်ကို တိုးတက်စေပြီး အကျိတ်ဖြစ်ပွားမှုကို တိုက်ခိုက်နိုင်ကာ ဓါတ်တိုးဆန့်ကျင်တဲ့ အစွမ်းရှိတယ်လို့ ဆိုပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
အဂရီကက်စ်မှို အသုံးမပြုခင် ဘာတွေသိသင့်သလဲ
သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
- ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
- အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
- Agaricus Mushroom နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
- သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
- ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အဂရီကက်စ်မှို က ဘယ်လောက်စိတ်ချရလဲ
ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်
ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ခွဲစိတ်မှု
Agaricus Mushroom အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
အဂရီကက်စ်မှို ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
Agaricus Mushroom ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
- ဆီးချိုရှိသူတွေမှာ သွေးသကြားဓါတ်နည်းခြင်း
- အသည်းပျက်စီးခြင်း
- ယားယံခြင်း
- ပျို့ခြင်း
- ဝမ်းလျှောခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
အဂရီကက်စ်မှို ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
Agaricus Mushroom ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆီးချိုကျဆေးတွေဖြစ်တဲ့ glimepiride (Amaryl), glyburide (DiaBeta, Glynase PresTab, Micronase), insulin, pioglitazone (Actos), rosiglitazone (Avandia), chlorpropamide (Diabinese), glipizide (Glucotrol), tolbutamide (Orinase) တွေဟာ ဒီဆေးနဲ့ ဓါတ်ပြုနိုင်ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အဂရီကက်စ်မှို အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ဆီးချိုအတွက်
အကြံပြုထားတဲ့ ပမာဏကတော့ Agaricus Mushroom Extract ၅၀၀ မီလီဂရမ်ကို တစ်နေ့သုံးကြိမ် အသုံးပြုရမှာ ဖြစ်ပါတယ်။
အာဟာရ ဖြည့်စွက်စာအနေနဲ့
တစ်နေ့ကို veggie capsule ၅၀၀ မီလီဂရမ်ကို ရေနဲ့ သုံးကြီမ် သောက်သုံးရမှာ ဖြစ်ပါတယ်။
Agaricus Mushroom ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
အဂရီကက်စ်မှို က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
Agaricus Mushroom ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• ဆေးတောင့် 200mg/350mg/500mg
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။