Adrenal Extract ( အက်ဒရီနယ်လ်အိတ်စ်ထရက်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသုံးပြုပုံများ

အက်ဒရီနယ်လ်အိတ်စ်ထရက် ကို ဘာအတွက်အသုံးပြုကြသလဲ

Adrenal Extract ဟာ သတ်ခံရတဲ့ နွား၊ ဝက်၊ သိုးတွေရဲ့ adrenal gland ကနေ ထုတ်လုပ်ထားတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီ Herbal ကို လျှာအောက်မှာ ထားခြင်း၊ သောက်ခြင်း၊ သွေးပြန်ကြောအတွင်း ထိုးသွင်းခြင်းအားဖြင့် အသုံးပြုနိုင်ပါတယ်။

ပါးစပ်နဲ့သောက်နိုင်ပြီး အောက်ပါအခြေအနေတွေကို ကုသဖို့ အသုံးပြုပါတယ်။

  • Adrenal လုပ်ငန်းဆောင်တာ ကျဆင်းခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်ဖိစီးခြင်း
  • ဖျားနာခြင်း
  • ဓါတ်မတည့်ခြင်း
  • ပန်းနာရင်ကျပ်ဖြစ်ခြင်း
  • Eczema, psoriasis အစရှိတဲ့ အရေပြားနေရာဂါတွေ ဖြစ်ခြင်း
  • Rheumatoid အဆစ်ရောင်ခြင်း

လျှာအောက်မှာ ထားခြင်းဖြင့် အောက်ပါ အခြေအနေကို ကုသနိုင်ပါတယ်။

  • ကိုယ်ခန္ဓါ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးခြင်း
  • ဖိအားမခံနိုင်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဓါတ်မတည့်ခြင်း
  • Autoimmune ရောဂါများ
  • စိတ်ကျခြင်း
  • ရောင်ရမ်း နာကျင်ခြင်း
  • သွေးပေါင်ကျခြင်း
  • သွေးသကြားဓါတ်နည်းခြင်း
  • အရက်၊ ဆေးဖြတ်ခြင်း
  • Cortisone ဆေးတွေ ဖြတ်ခြင်း

ထိုးဆေးအဖြစ် အောက်ပါအခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။

  • Adrenal လုပ်ငန်းဆောင်တာ မကောင်းခြင်း
  • သွေးအတွင်း ပိုတက်စီရမ် များခြင်း
  • Ulcerative Colitis
  • ကလေးပျက်ကျခြင်းကို ကာကွယ်ခြင်း

Adrenal Extract ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Adrenal Extract ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် လေ့လာမှုအချို့က adrenal glands ဟာ ကျောက်ကပ် အပေါ်မှာ ရှိပါတယ်။ သူတို့ဟာ ဟော်မုန်းတွေဖြစ်တဲ့ adrenaline နဲ့ cortisol တွေကို ပြုလုပ်ခြင်းအားဖြင့် ဖိအားကို တုန့်ပြန်ပါတယ်။ တိရိစ္ဆာန်တွေက ပြုလုပ်ထားတဲ့ Adrenal Extract ကို အသုံးပြုခြင်းဖြင့် ကိုယ်ခန္ဓါရဲ့ adrenal gland လို လုပ်ငန်းဆောင်တာမျိုး လုပ်ဆောင်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓါက Adrenal Extract ကို စုပ်ယူမှု ရှိမရှိနဲ့ သူဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိရှိခြင်း မရှိပါဘူး။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အက်ဒရီနယ်လ်အိတ်စ်ထရက် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

  • ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
  • အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
  • Adrenal Extract နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
  • သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
  • ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အက်ဒရီနယ်လ်အိတ်စ်ထရက် က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်

ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ခွဲစိတ်မှု

Adrenal Extract အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။

e

ဘေးထွက်ဆိုးကျိုးများ

အက်ဒရီနယ်လ်အိတ်စ်ထရက် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Adrenal Extract ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

  • စိတ်ပူခြင်း
  • စိတ်တိုခြင်း
  • အိပ်မပျော်ခြင်း
  • ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

အက်ဒရီနယ်လ်အိတ်စ်ထရက် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Adrenal Extract ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အက်ဒရီနယ်လ်အိတ်စ်ထရက် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဖည့်စွက်စာအဖြစ် ဆေးတောင့် ၃၅၀ မီလီဂရမ်ကို တစ်နေ့တစ်ကြိမ် ရေနဲ့ သောက်သင့်ပါတယ်။

Adrenal Extract ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အက်ဒရီနယ်လ်အိတ်စ်ထရက် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဖည့်စွက်စာအဖြစ် ဆေးတောင့် ၃၅၀ မီလီဂရမ်ကို တစ်နေ့တစ်ကြိမ် ရေနဲ့ သောက်သင့်ပါတယ်။

Adrenal Extract ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ

လေ့ကျင့်ခန်း အစားအစာ အာဟာရဓာတ် Gym သစ်သီးဝလံ ပရိုတင်း ရေဓာတ် ကစီ အဆီ နွားနို့ ကြက်ဥပြုတ် အိပ်ချိန် ကြွက်သား ထောပတ်သီး ငှက်ပျောသီး မနက်စာ ကိုယ်ခန္ဓာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ

လေ့ကျင့်ခန်း နာကျင်ကိုက်ခဲ ကြွက်သား ကြွက်သားထု Gym အားကစား အလေး အလေးအပင် လှုပ်ရှား အဆီ အိပ်ချိန် အစာအာဟာရ ပရိုတင်းဓာတ် ရေခဲဝတ် အနားယူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နေအိမ်ကွာရန်တင်းဝင်နေသူတွေအတွက် စားသောက်မှုပုံစံလမ်းညွှန်ချက်

ကွာရန်တင်းဝင်နေသူတွေဟာ နေချင်သလိုနေတာ၊ စားချင်သလိုစားတာတွေ ပြုလုပ်မိကြပြီး ကျန်းမာရေးနဲ့မကိုက်ညီစွာ နေထိုင်စားသောက်မိတာတွေရှိလာနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

Stay Home Covid-19 Gym ဝိတ်တက် ကပ်ဘေးကာလ ကိုယ်အလေးချိန် အစား လေ့ကျင့်ခန်း မုန့်ပဲသရေစာ ရုပ်ရှင် အလုပ် အိပ်ချိန် ကယ်လိုရီ အဆီ စိတ်ညစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 3 mins read
အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ

အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 8, 2020 . 3 mins read

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read