သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Kale (ကိုက်လံ)

အသုံးပြုပုံများကိုက်လံ ကို ဘာအတွက်အသုံးပြုကြသလဲ အသုံးပြုပုံ Kale ကို ဘယ်မှာသုံးသနည်း။ ကိုက်လံ သည် အရောင်ရင့်သော ဟင်းချက်စားလို့ရတဲ့ အသီးအရွက် တစ်မျိုးဖြစ်သည်။ ကိုက်လံ ကို ဆေးဘက်ဝင် အရွက်တစ်မျိး အဖြစ်လည်း သုံးနိုင်သေးသည်။ Kaleကို ပါးစပ်မှ စားခြင်းဖြင့် ကင်ဆာဖြစ်စေသော အရာများကို ဓါတ်တိုးဆန့်ကျင်ပေးပြီး ဆီးအိတ်ကင်ဆာဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ နှလုံးရောဂါ၊ အူရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ Crohn’s ရောဂါ၊ ဆီးချို၊ များ မဖြစ်အောင် ကာကွယ်ပေးပြီး အရက်မူးသမားများအတွက် အမူးပြေဆေး၊ အဖြစ်သုံးနိုင်ခြင်း ။ အပူရှပ်ခြင်း၊ သွေးတွင်း အဆီများခြင်း၊ အမြင်အာရုံဆုံးရှူံးသွားခြင်း( macular degeneration) များကို လျှော့ချပေးနိုင်ပြီး အနာကျက်ခြင်းကို မြန်စေပါသည်။ ဘယ်လိုအလုပ်လုပ်လဲ ကိုက်လံ ဘယ်လို အလုပ်လုပ်သလဲဆိုတာ သေချာလေ့လာထားခြင်းများ မရှိသေးပါ။ သင့်ဆရာဝန် ၊ တိုင်းရင်းဆေးသမားတော်များနှင့်အသေးစိပ် ဆွေးနွေးသင့်ပါသည်။ Kaleတွင် […]


သဘာဝဆေးဖက်ဝင်

Kefir (ကီဖာ)

အသုံးပြုပုံများကီဖာ ကို ဘာအတွက်အသုံးပြုကြသလဲ အသုံးပြုပုံ Kefir ကို ဘယ်နေရာတွင် သုံးသနည်း။ Kefir သည် နိကို အချဉ်ဖောက်ခြင်းမှ ရသည်။ Kefir ကို အစာမကြေခြင်း၊ အစာအိမ် ရောဂါ၊ lactose (လက်တို့စ်) ဓါတ်မတည့်ခြင်း၊ antibiotic ( ပိုးသတ်ဆေး) များကြောင့် ဝမ်းလျှောခြင်း၊ နှင့် သွေးတွင်း အဆီများခြင်းတွင် သုံးသည်။   ဘယ်လိုအလုပ်လုပ်လဲ Kefirသည် ဘယ်လို အလုပ်လုပ်သနည်း။ Kefir ၏ အလုပ်လုပ်ပုံကို သေချာစွာလေလာထားမှုများ မရှိသေးပါ။ အသေးစိပ်အား သင့်ဆရာဝန် နှင့်ဆွေးနွေးပါ။ သို့သော် Kefirတွင် ပေါက်ပွားနေသော ဘက်တီးရီးယား နှင့် တစေး များပါဝင်သည်။ သူတို့၏ အစွမ်းသည် နို့ အပေါ်တွင်သက်ရောက်ပြီး အစာကြေစေသော အင်ဇိုင်း နှင့် ဓါတုပစ္စည်းများထွက်စေသည်။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များကီဖာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ သတိထားသင့်သော အချက်များနှင့် သတိပေးချက်များ။ Kefir […]


သဘာဝဆေးဖက်ဝင်

Tung Seed (တန်းစေ့)

အသုံးပြုပုံများတန်းစေ့ ကို ဘာအတွက်အသုံးပြုကြသလဲ အသုံးပြုခြင်း တန်းစေ့ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။ တန်းစေ့ဆိုတာ တန်းပင်ရဲ့အသီးက ရတဲ့အစေ့ကို ခေါ်တာဖြစ်ပါတယ်။ တန်းစေ့ဟာ အလွန်အဆိပ်ပြင်းပြီး အစိမ်းအတိုင်းစားမိရင် အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဒါပေမယ့်လည်း တန်းစေ့ကထွက်တဲ့အဆီနဲ့ အဆံကို ဆေးအဖြစ် အသုံးပြုနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ တန်းစေ့ကို ပန်းနာရင်ကြပ်ရောဂါနဲ့ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ ဝမ်းရောဂါတွေကို ကုသဖို့အသုံးပြုကြသလို ဆံပင်ပေါက်စေဖို့အတွက် ဦးရေပြားပေါ်လိမ်းကြတယ်လို့လည်း သိရပါတယ်။ ဘယ်လိုအလုပ်လုပ်လဲ တန်းစေ့က ခန္ဓါကိုယ်အတွက် ဘယ်လိုအလုပ် လုပ်သလဲ။ တန်းစေ့မှာ အူလမ်းကြောင်းကို လှုံ့ဆော်ပေးပြီး ချွေးထွက်ခြင်းကို အားပေးတဲ့ပစ္စည်းတွေ အများအပြားပါဝင်တဲ့အပြင်ဆိုင်ယာနိုဒ်ကဲ့သို့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေလည်း ပါဝင်တယ်လို့ သိရှိရပေမယ့် ၎င်းရဲ့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်များ မပြုလုပ်ရသေးပါဘူး။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် ဆွေးနွေးပါ။ ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များတန်းစေ့ အသုံးမပြုခင် ဘာတွေသိသင့်သလဲ သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။ တန်းစေ့ကို အသုံးမပြုခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။ အကယ်၍ […]


သဘာဝဆေးဖက်ဝင်

အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မီးဖိုချောင်ထဲက ဆေးဝါးတစ်ခု

ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြတဲ့ လေးညှင်းပွင့်လေးက ဟင်းကိုတင် အနံ့အရသာတိုးစေတာမဟုတ်ဘဲ။ ခန္ဓာကိုယ်ကိုလည်း ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါသေးတယ်တဲ့။ ဒီတစ်ခေါက်တော့ ကမ္ဘာ့နိုင်ငံအသီသီးက လူတော်တော်များများခံစားနေရတဲ့ နာတာရှည်ရောဂါတွေအတွက် လေးညှင်းပွင့်က ဘယ်လောက်အထိအသုံးဝင်လဲဆိုတာကို ပြောပြပေးပါရစေနော်။ လေးညှင်းပွင့်ဆိုတာက လေးညှင်းပွင့်ဆိုတာက အပွင့်သေးသေးလေးတွေပါ။ လေးညှင်းပွင့်လို့ဆိုပေမယ့် ပန်းလိုနုနုလေးမဟုတ်ပါဘူး။ မာမာလေးဖြစ်ပြီး အရွယ်အစားကလည်း ခပ်သေးသေးလေးပါ။ ဒီလေးညှင်းပွင့်ကို မဆလာကြိတ်တဲ့အခါမှာထည့်သုံးတတ်ကြပါတယ်။ အများအားဖြင့်တော့ အိန္ဒိယအစားအစာတွေမှာ တွေ့ရများပါတယ်။ အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မီးဖိုချောင်ထဲက ဆေးဝါး.................... ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြု​ကြတဲ့ လေးညှင်းပွင့်လေးက ဟင်းကိုအနံ့အရသာပြည့်စေရုံတင်မဟုတ်ပါဘူး။ အခုလိုလည်း အသုံးဝင်ပါသေးတယ်။ နှလုံးရောဂါ လေးညှင်းပွင့်ကို နှလုံးရောဂါ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုပေးလို့ရပါတယ်။ လေးညှင်းပွင့်က သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေအတွင်းမှာ အဆီစုပုံမှုတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပြီး နှလုံးသွေးကြောတွေအတွင်းမှာ  သွေးစီးဆင်းရောက်ရှိမှုကောင်းပါတယ်။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။ လေးညှင်းပွင့်မှာပါတဲ့ Eugenol ဒြပ်ပေါင်းက သွေးကြောတွေထဲမှာ အဆီတွေစုပုံနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ ဆီးချိုရောဂါ အမျိုးအစား […]


သဘာဝဆေးဖက်ဝင်

အယ်ဇိုင်းမားရောဂါအကြောင်း ဘာတွေအမှတ်မှားနေသလဲ

အယ်ဇိုင်းမားဆိုတာ လူတိုင်းလိုလိုနားထဲမစိမ်းတဲ့ရောဂါအမည်တစ်ခု။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး သိထားကြတဲ့ဗဟုသုတအကြောင်းအရာတွေက မှန်ကန်မှုရှိရဲ့လားဆိုတာ အရေးကြီးပါတယ်။ ငယ်မူပြန်လည်း အယ်ဇိုင်းမား၊မေ့တတ်တယ်ဆို အယ်ဇိုင်းမား၊ အသက်ကြီးလို့ နဝေတိမ်တောင်ဖြစ်လာရင် အယ်ဇိုင်းမားပဲ လို့ သိထားကြပါရဲ့။ အဲဒီအသိတွေက မှန်မမှန်သိရအောင် အယ်ဇိုင်းမားနဲ့ပတ်သက်ပြီး မှားယွင်းနေတတ်တဲ့ အယူအဆအလွဲတွေကို ရှင်းပြချင်လို့ပါ။ အလွဲ(၁) -Dementia နဲ့Alzheimer'sရောဂါက တူတူပဲ တကယ်တော့ Dementia ဆိုတာရောဂါတစ်ခုမဟုတ်ပါဘူး။ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတွေအများကြီးအကျုံးဝင်တဲ့ရောဂါလက္ခဏာစုဖြစ်ပါတယ်။ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ဘာသာစကားအသုံးပြုရခက်ခဲခြင်း၊ သိမြင်နားလည်နိုင်စွမ်းလျော့နည်းခြင်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းချို့ယွင်းလာခြင်းတို့လို ဦးနှောက်ဉာဏ်ရည်ပိုင်းလုပ်ဆောင်ချက်တွေယိုယွင်းလာတာဖြစ်ပါတယ်။ Alzheimer's (အယ်ဇိုင်းမား)ကတော့dementiaဖြစ်ပွားမှု ၆၀% ကနေ ၈၀% မှာ ပါဝင်နေတာဖြစ်ပေမယ့်dementia အမျိုးအစားတွေအများကြီးထဲက တစ်ခုသာဖြစ်ပါတယ်။Dementiaြဖစ်စေတဲ့အကြောင်းရင်းများစွာထဲမှာ အယ်ဇိုင်းမားရောဂါကလည်း အဖြစ်များဆုံးနေရာက ပါဝင်နေပါတယ်။ နောက်ထပ်ကွာခြားမှုတစ်ခုက အယ်ဇိုင်းမားဆိုတာ ယိုယွင်းပျက်စီးလာတဲ့ရောဂါတစ်ခုဖြစ်ပြီး ကုသပျောက်ကင်းနိုင်တဲ့ဆေးမရှိပါဘူး။ Dementia ကတော့ ဗီတာမင်ချို့တဲ့ခြင်း စတဲ့ သူ့ရဲ့အကြောင်းရင်းတွေကိုမူတည်ပြီး လက္ခဏာတချို့ကိုပြန်လည်ကုစားနိုင်ပါတယ်။ အလွဲ(၂) - အယ်ဇိုင်းမားက […]


သဘာဝဆေးဖက်ဝင်

ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး

ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး က ဘာတွေ ဖြစ်မလဲ .......ကိုးချီဘယ်ရီသီးဆိုတာ တရုတ်ပြည်မှာဆေးဖက်ဝင်အသီးအဖြစ်သတ်မှတ် စားသုံးကြတဲ့အသီးတစ်မျိုးပါ။ အခုဆိုရင် တရုတ်တင်မကဘဲ ကိုရီးယား၊ဂျပန်၊ဗီယက်နမ်တို့လို အာရှနိုင်ငံတွေမှာလည်းဆေးဖက်ဝင်အသီးအဖြစ်နဲ့ခေတ်စားနေပြီဖြစ်ပါတယ်။မြန်မာမှာတောင် ကိုးချီသီးခြောက်တွေကို ရေနွေးကြမ်းအဖြစ်သောက်သုံးသူများလာပြီး အွန်လိုင်းမှာအရောင်းသွက်နေတဲ့ပစ္စည်းဖြစ်ပါတယ်။ မျက်စိအားကောင်းတယ်၊ အဆီကျတယ်ဆိုတဲ့ကောင်းကျိုးတော့ လူသိများတယ်။ ဆိုတော့ သူ့ရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ဒီဆောင်းပါးမှာဖော်ပြချင်လို့ပါ။ ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး ကတော့ (၁) ဆီးချိုသွေးချိုကာကွယ်တယ် ကိုးချီသီးမှာပါတဲ့ သွေးတွင်းသကြားဓါတ်ကိုကျစေတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါကိုကာကွယ်တယ်၊ ရှိပြီးသားလူတွေမှာလည်း ဆီးချိုမတက်အောင် ကာကွယ်ပေးတယ်။ (၂) ကိုလက်စထရောကျစေတယ် သွေးကြောတွေမှာ ကပ်တွယ်ပြီး ဒုက္ခပေးနိုင်တဲ့ မကောင်းတဲ့ ကိုလက်စထရောဓါတ်တွေကို ကိုးချီသီးကလျော့ပါးစေနိုင်ပါတယ်။ (၃) ကင်ဆာကာကွယ်တယ် သူ့မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicalsတွေကို ဓါတ်ပြယ်စေပြီး ကင်ဆာကာကွယ်ပေးတဲ့အပြင် ကိုယ်ခံအားကိုပါတိုးစေပါတယ်။ (၄) နှလုံးသွေးကြောကျဉ်းခြင်းကာကွယ်ပေးတယ် သူ့ရဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicalတွေကြောင့်နှလုံးကိုမထိခိုက်အောင်ကာကွယ်ပေးနိုင်တော့ နှလုံးရောဂါရှိသူတွေ စားသုံးဖို့လည်းသင့်တော်ပါတယ်။ (၅) စိတ်ကြည်စေတယ် ကိုးချီသီးရဲ့အကျိုးကျေးဇူးတွေထဲမှာ […]


သဘာဝဆေးဖက်ဝင်

ကွမ်းရွက်လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

ကွမ်းရွက်က ဆေးဖက်ဝင်တယ်ဆိုတာတော့ သိထားပြီးဖြစ်မှာပါ။ ကွမ်းရွက်မှာ ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်တဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။ ကွမ်းရွက်က အနာကျက်မြန်စေနိုင်သလို ပိုးတွေကိုလည်းသေစေနိုင်ပါတယ်။ ဒါတွေအပြင် ကွမ်းရွက်လေးက ဘယ်လိုဆေးဖက်ဝင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကွမ်းရွက် ဆိုတာ ကွမ်းရွက်ဆိုတာက စပ်ရှားရှား အနံ့မွှေးမွှေးလေး ရှိပြီး ထိပ်ပိုင်းချွန်ချွန်လေးနဲ့ အရွက်ရှည်ဝိုင်းဝိုင်းလေးပါ။ ကွမ်းရွက်ကို ကွမ်းစားဖို့အတွက် အသုံးများကြပါတယ်။ ကွမ်းယာ အနေနဲ့ ကွမ်းရွက်ကို ရှေးယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ ကွမ်းရွက်မှာ ဘာတွေပါလဲ ကွမ်းရွက်မှာ ဗီတာမင် C၊ thiamine၊ niacin၊ riboflavin ၊ carotene နဲ့ ကယ်လ်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကွမ်းရွက်က ခံတွင်းကျန်းမာစေသလို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကွမ်းရွက်က ကျန်းမာရေးအာနိသင်ကြွယ်ဝပေမယ့် ဆေးရွက်ကြီးတွေ၊ ကွမ်းသီးတွေ၊ ဆေးအမျိုးမျိုးနဲ့ တွဲစားရင်တော့ ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အထိ ကျန်းမာရေးဆိုးကျိုးရှိနိုင်ပါတယ်။ ဒါက ကွမ်းရွက်ကြောင့်မဟုတ်ပါဘူး။ ကွမ်းစားတဲ့အခါ ထည့်စားတဲ့ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့်ပါ။ ဥပမာ […]


သဘာဝဆေးဖက်ဝင်

သပြေသီးမှည့်လေး ကောက်ရအောင်

“ ဝါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးတောင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ” ဒါက ဆရာကြီး မင်းသုဝဏ်ရေးထားတဲ့ ကဗျာစာသားလေးပါ။ ငယ်ငယ်မိုးရေထဲမှာ ဒီကဗျာလေးကို အားရပါးရအော်ဆိုရင်း အရောင်လှလှသပြေသီးတွေကိုကောက်ပြီး သူငယ်ချင်းတွေနဲ့ တူတူစားခဲ့ကြသေးလား။ ဒီပျော်စရာလေးတွေကို ဖန်တီးပေးတဲ့ သပြေသီးလေးတွေက ကျန်းမာရေးအကျိုးအာနိသင်လေးတွေရှိနေပါတယ်တဲ့။ သိချင်ရင်တော့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။ သပြေသီးမှည့် သပြေသီးမှည့်ဆိုတာက သပြေပင်ရဲ့ အသီးပါ။ သပြေပင်က အစေ့၊အရွက်၊အသီး၊အခေါက်အားလုံးကဆေးဖက်ဝင်ပါတယ်။ အရောင်က ခရမ်းရောင်စိစိုတောက်တာက်လေးပါ။ အခုလို မိုးဦးကျကာလက သပြေသီးပေါ်တဲ့အချိန်ပါ။ သပြေပင်က အပင်ကြီးမျိုးရင်းဝင်ဖြစ်ပြီး အမြင့်ပေ ၃၀လောက်ထိမြင့်တတ်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဇုံတွေမှာ အများအပြားပေါက်ရောက်တတ်ကြပါတယ်။ အိန္ဒိယမျိုးရင်းပင်တစ်မျိုးပါ။ ရုတ်တရက်ကြည့်လိုက်ရင် စပျစ်သီးရှည်ရှည်လေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။ ဘယ်လိုအာဟာရဓါတ်တွေပါဝင်လဲ......... သပြေသီးမှည့်လေးတွေမှာ […]


သဘာဝဆေးဖက်ဝင်

ကိုလက်စထရောကျစေမည့် ဆေးဖက်ဝင်များ

လူသားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အပင်တွေနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေကို အစားအစာချက်ပြုတ်ရာမှာသာမက ဆေးဖြစ်ဝါးဖြစ် ပုံစံနဲ့လည်း အသုံးပြုခဲ့ကြပါတယ်။ အဆိုပါဆေးဖက်ဝင်တွေဟာ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး ကျန်းမာရေးကိုကောင်းမွန်စေတယ်လို့ လူအများက လက်ခံယုံကြည်ထားကြပါတယ်။ ဒီယူဆချက်မှန်မှန်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ လေ့လာဖတ်ရှူနိုင်ပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက သွေးတွင်းကိုလက်စထရောပမာဏကို ရာခိုင်နှုန်းအတိုင်းအတာတစ်ခုအထိ လျော့ချပေးနိုင်ကြောင်း လေ့လာစမ်းသပ်မှုအချို့က သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်ဟာ ကြာရှည်မခံတဲ့အတွက် ကြက်သွန်ဖြူကထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာနဲ့ဆေးဝါးများ အသုံးပြုခြင်းက သင့်ကျန်းမာရေးအတွက် အားကိုးရလောက်တဲ့ အထောက်အကူ ရစေမှာမဟုတ်ပါဘူး။ ပိုဆိုးတဲ့အချက်ကတော့ ကြက်သွန်ဖြူကို အချို့သောကျန်းမာရေးအခြေအနေရှိသူတွေ စားသုံးမိရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုတေသနတွေမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဥပမာ ကြက်သွန်ဖြူက သွေးခဲခြင်းကို တားဆီးပိတ်ပင်ပြီး သွေးယိုခြင်းကို ပိုဆိုးစေတဲ့အတွက် ခွဲစိတ်ကုသမှုခံယူရမယ့် လူနာတွေ၊ Coumadin ကဲ့သို့ သွေးကျဲဆေးသောက်နေရတဲ့လူနာတွေ မစားသုံးသင့်ပါဘူး။ Astragalus တရုတ်ရိုးရာ တိုင်းရင်းဆေးပညာမှာ astragalus […]


သဘာဝဆေးဖက်ဝင်

စားလို့ကောင်းတဲ့ လိုင်ချီးသီး ရဲ့ ကျန်းမာရေးအာနိသင်တွေက

လိုင်ချီးသီး လေးတွေ မြင်လိုက်တာနဲ့ စားချင်မိတယ်၊ ချိုမွှေးနေတဲ့ အနံ့လေးရလိုက်ရင် စားချင်စိတ်က ထိန်းမရတော့ဘူးလေ။ အမြင်လေးလည်းလှ စားလို့လည်းအရသာရှိတဲ့ လိုင်ချီးသီးလေးတွေက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပေးလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။ လိုင်ချီးသီး လိုင်ချီးသီးက ကျန်းမာရေးအတွက် အကျိုးများတဲ့ အသီးတစ်မျိုးပါ။ ကိုယ်အလေးချိန်ကျ စေနိုင်သလို အသားအရေကို ကျန်းမာစေနိုင်ပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ အစာကြေ စေပြီး ကင်ဆာကာကွယ်ပေးရုံမက၊ သွေးပေါင်ချိန်ထိန်းညှိပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒီလို အကျိုးအာနိသင်များတဲ့ လိုင်ချီးသီးလေးရဲ့ သိပ္ပံနာမည်လေးကLitchi chinensisပါ။ လိုင်ချီးသီး အပင်က အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပြီး မျိုးရင်းကတော့ တရုတ်နိုင်ငံပါ။ အာရှနိုင်ငံအများစုမှာလည်း ပေါက်ရောက်ကြပါတယ်။ အရှေ့တောင်အာရှ၊ တရုတ်၊ တရုတ်၊ အိန္ဒိယ နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ ပေါက်ရောက်ကြပါတယ်။ လိုင်ချီးသီးက အခွံအနီရောင်လေးနဲ့ အတွင်းသားကဖြူဖြူလေးပါ။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း