backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မီးဖိုချောင်ထဲက ဆေးဝါးတစ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မီးဖိုချောင်ထဲက ဆေးဝါးတစ်ခု

ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြတဲ့ လေးညှင်းပွင့်လေးက ဟင်းကိုတင် အနံ့အရသာတိုးစေတာမဟုတ်ဘဲ။ ခန္ဓာကိုယ်ကိုလည်း ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါသေးတယ်တဲ့။ ဒီတစ်ခေါက်တော့ ကမ္ဘာ့နိုင်ငံအသီသီးက လူတော်တော်များများခံစားနေရတဲ့ နာတာရှည်ရောဂါတွေအတွက် လေးညှင်းပွင့်က ဘယ်လောက်အထိအသုံးဝင်လဲဆိုတာကို ပြောပြပေးပါရစေနော်။

လေးညှင်းပွင့်ဆိုတာက

လေးညှင်းပွင့်ဆိုတာက အပွင့်သေးသေးလေးတွေပါ။ လေးညှင်းပွင့်လို့ဆိုပေမယ့် ပန်းလိုနုနုလေးမဟုတ်ပါဘူး။ မာမာလေးဖြစ်ပြီး အရွယ်အစားကလည်း ခပ်သေးသေးလေးပါ။ ဒီလေးညှင်းပွင့်ကို မဆလာကြိတ်တဲ့အခါမှာထည့်သုံးတတ်ကြပါတယ်။ အများအားဖြင့်တော့ အိန္ဒိယအစားအစာတွေမှာ တွေ့ရများပါတယ်။

အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မီးဖိုချောင်ထဲက ဆေးဝါး………………..

ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြု​ကြတဲ့ လေးညှင်းပွင့်လေးက ဟင်းကိုအနံ့အရသာပြည့်စေရုံတင်မဟုတ်ပါဘူး။ အခုလိုလည်း အသုံးဝင်ပါသေးတယ်။

နှလုံးရောဂါ

လေးညှင်းပွင့်ကို နှလုံးရောဂါ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုပေးလို့ရပါတယ်။ လေးညှင်းပွင့်က သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေအတွင်းမှာ အဆီစုပုံမှုတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပြီး နှလုံးသွေးကြောတွေအတွင်းမှာ  သွေးစီးဆင်းရောက်ရှိမှုကောင်းပါတယ်။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။ လေးညှင်းပွင့်မှာပါတဲ့ Eugenol ဒြပ်ပေါင်းက သွေးကြောတွေထဲမှာ အဆီတွေစုပုံနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။

ဆီးချိုရောဂါ

အမျိုးအစား -၂ ဆီးချိုရှိသူတွေအနေနဲ့ တစ်နေ့ကို လေးညှင်းပွင့် တစ်ပွင့်ပုံမှန်စားသုံးပေးတာက သွေးချိုကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကို ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ လေးညှင်းပွ့်ကို အသုံးပြုလို့ရပါတယ်။ ဒီအတိုင်းရေစင်အောင်ဆေးပြီးဝါးစားလို့ရသလို ရေနွေးနဲ့စိမ်သောက်တာ ဟင်းထဲထည့်ချက်တာမျိုးလုပ်ပြီးလည်း စားလို့ရပါတယ်။

ဆေးရွက်ကြီးမှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုးက အဆုတ်ကင်ဆာခံစားရနိုင်ခြေကိုများစေနိုင်ပါတယ်။ ဒါပေမယ့် ဆေးရွက်ကြီးမှာပါတဲ့ ဒြပ်ပေါင်းကြောင့် အဆုတ်ထိခိုက်တာနဲ့ အဆုတ်ကင်ဆာဖြစ်တာတွေကို သက်သာစေဖို့ဆိုရင် လေးညှင်းပွင့်ကို အသုံးပြုပေးလို့ရပါတယ်။ ရောဂါဖြစ်နိုင်ခြေကိုကာကွယ်ပေးနိုင်သလို ရောဂါခံစားနေရတာကိုလည်း သက်သာအောင်လုပ်ဆောင်ပေးပါတယ်။ ဒါတွေအပြင် လေးညှင်းပွင့်က အရေပြားကင်ဆာနဲ့အစာအိမ်ကင်ဆာကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါသေးတယ်။
လေးညှင်းပွင့်မှာပါတဲ့ ဒြပ်ပေါင်းတစ်မျိုးက အသည်းကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။ လေးညှင်းပွင့်မှာပါတဲ့ eugenol ဒြပ်ပေါင်းက အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာနဲ့ အသည်းရွတ်နာလိုမျိုး အသည်းထိခိုက်ပျက်စီးတဲ့ရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အစားအသောက်နဲ့ အရက်ကြောင့် အသည်းထိခိုက်ပျက်စီးမှုကင်းစေဖို့ လေးညှင်းပွင့်ကို ဆေးဖြစ်ဝါးဖြစ်စားပေးလို့ရပါတယ်။
လေ့လာမှုတွေအရ လေးညှင်းပွင့်က အင်ဆူလင်ရဲ့ လုပ်ဆောင်မှုကို ထိန်းညှိပေးပြီး အဆစ်တွေရောင်ရမ်းနာကျင်မှုကို ဖြစ်စေနိုင်တဲ့ COX-2 ထွက်ရှိမှုကိုဟန့်တားပေးပြီး အဆစ်တွေရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်နာတာကို သက်သာစေဖို့အတွက် လေးညှင်းပွင့်ကို ရေနွေးနွေးလေးထဲ ၁၀ မိနစ်လောက်ထည့်စိမ်ပြီး တစ်နေ့တစ်ခွက်သောက်ပေးလို့ရပါတယ်။
ဒါတွေအပြင် လေးညှင်းပွင့်ကို မျက်စိစွံတာ၊ သွားကိုက်သွားနာတာ၊ ခံတွင်းနံ့ဆိုးတာ နဲ့ အစာမကြေတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ အစာအိမ်အနာဖြစ်တာကိုလည်း သက်သာစေနိုင်လို့ စားသုံးပေးသင့်တဲ့ မီးဖိုချောင်ထဲက ဆေးဝါးတစ်ခုလို့ပြောပါရစေနော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement