သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

ပဲနံ့သာရွက် ဆေးဖက်ဝင်သလား!

ပဲနံ့သာစေ့အရွက်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ထောက်ကူပေးပါတယ်။ ပဲနံ့သာရွက် ဆေးဖက်ဝင်သလား! ဘယ်လိုများ ဆေးဖက်ဝင်သလဲ ဆိုတာတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ပဲနံ့သာရွက် ဆိုတာ ပဲနံ့သာရွက် ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ ဆေးဖက်ဝင်တယ်လို့လည်း ပြောလို့ ရပါတယ်။ နှစ်ပေါင်းများစွာ ကာလတွေကတည်း ဆေးဖက်ဝင်တဲ့ အရာအဖြစ် သုံးစွဲခဲ့ကြပါတယ်။  နောက်ပိုင်းမှာတော့ ဆေးဖက်ဝင်မှုကြောင့် နေ့စဉ် ဟင်းလျာထဲမှာ ထည့်သွင်း ချက်ပြုတ်မှုတွေကို လုပ်ဆောင်လာကြပါတယ်။ ပဲနံ့သာရွက်ကို ထောပတ် နည်းနည်းလေးနဲ့ ကြော်စားတာမျိုး ရှိသလို အခြားသော အသီးအနှံတွေနဲ့ တွဲဖက်ကြော်စားတာမျိုးတွေကိုလည်း လုပ်ဆောင်လာဲကြပါတယ်။ အရသာက ခါးသက်သက် ရှိပြီး ထမင်းလေးနဲ့ တွဲဖက်စားဖို့ သင့်တော်ပါတယ်။  အရွက်က ခပ်ထူထူလေးနဲ့ အရွက်ဆိုင် ထွက်တတ်ပါတယ်။ အရိုးတံ မာမာလေး ရှိပါတယ်။ အပွင့် ဝါဝါလေးတွေ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

နွယ်ချိုက ဘယ်လိုတွေဆေးဖက်ဝင်တာလဲ

နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့အတိုင်း သဘာဝပစ္စည်းေတွအားလုံးဟာဆေးဖက်ဝင်အာနိသင်အမျိုးမျိုးရှိကြပါတယ်။ ဒီအရွက်က ဘယ်ရောဂါကိုကာကွယ်ပေးတယ်၊ ဒီအသီးက ဘယ်ရောဂါကိုပျောက်စေတယ်၊ စသည်ဖြင့်ပေါ့။ ဥပမာမြင်းခွာရွက်က မျက်စိအားကောင်းတယ်၊ ရုံးပတီသီးက အရွတ်အတွက်ကောင်းတယ် ဆိုတာမျိုး။ ဒီတစ်ခါတော့ အသီးအရွက်တွေမဟုတ်ဘဲ အမြစ်ကနေ ဆေးဖက်ဝင်တဲ့ နွယ်ချိုအကြောင်းလေ့လာရအောင်။ လျက်ဆား၊ နှလုံးအားတိုးဆေး၊ သွေးဆေး စတဲ့ မြန်မာတိုင်းရင်းဆေးတွေမှာ ပါတတ်တဲ့ ချိုချိုအေးအေးအရသာလေးကို သတိထားမိကြမှာပါ။ အဲဒါနွယ်ချိုပါဝင်လို့ပါ။ နွယ်ချိုရဲ့ဆေးဖက်ဝင်အာနိသင်တွေက - (၁) ခံတွင်းအနာေတွ ပျောက်ကင်းစေတယ် ခံတွင်းမှာဖြစ်တဲ့အနာတွေ၊ အဖုတွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လို့ နွယ်ချိုကိုသုံးကြပါတယ်။ နွယ်ချိုဟာ နာကျင်မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ရှိတဲ့အပြင် အနာကျက်ခြင်းကိုကူညီအားပေးပြီး ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကို နှိုးဆွပေးနိုင်တယ်လို့ ဆိုပါတယ်။ (၂) အသည်းကိုကာကွယ်ပေးတယ် နွယ်ချိုက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပြီး အသည်းရဲ့ပုံမှန်လုပ်ဆောင်ချက်ေတွကို ထိန်းပေးပါတယ်။ သူ့မှာပါတဲ့ flavonoid isoliquiritigenin က ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတဲ့အတွက် အဆီနဲ့အစားအသောက်ကြောင့်အသည်းဆဲလ်တွေကို ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ (၃) အဆစ်နာသက်သာစေတယ် နွယ်ချိုက အရောင်ကျစေတဲ့အာနိသင်ရှိလို့ အဆစ်နာရောဂါကုသရာမှာ […]


သဘာဝဆေးဖက်ဝင်

သရက်ရွက် ကလည်း ဆေးဖက်ဝင်ပါတယ်

လူတော်တော်များများက သစ်သီးတွေကိုသာစားလေ့ရှိပြီး အသီးပင်တွေက အရွက်တွေကိုတော့ စားလေ့စားထသိပ်မရှိကြပါဘူး။ စားလို့ရတယ်လို့ မသိကြတာမျိုးရှိသလို စားဖို့ မသင့်တော်ဘူးလို့ထင်နေကြတာမျိုးလည်းရှိပါတယ်။နောက်ဆုံးဖြစ်နိုင်တာတစ်ခုက အသီးလောက် အရွက်က အရသာမရှိတာကြောင့်ပါ။ အရွက် ကိုစားဖို့ဆိုတာကလည်း နုတုန်းတော့ဟုတ်တာပေါ့။ အရွက် ရင့်ရင့်တွေကိုတော့ ဘယ်သူမှ မစားချင်ကြပါဘူး။ ဒီတစ်ခေါက်မှာတော့ အရမ်းအရသာရှိတဲ့ သရက်သီးက အသီးတင် ကျန်းမာရေးအတွက် အထောက်အကူပြုတာမဟုတ်ဘဲ အရွက်ကလည်းဆေးဖက်ဝင်တယ်ဆိုတာကိုပြောပြချင်တာပါ။ သရက်ရွက် မှာ ဗီတာမင် C၊ ဗီတာမင် B နဲ့ ဗီတာမင် A တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေတင်မကပါဘူး။ သရက်ရွက်မှာ ဖလေဗာနွိုက် နဲ့phenol တို့ပါဝင်ပါသေးတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်တော်တော်လေး အထောက်အကူပြုပါတယ်။ သရက်ရွက် ကနေရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက သရက်ရွက် မှာ ဆီးချိုရောဂါရဲ့ အစောပိုင်းအဆင့်တွေမှာ ထိရောက်တဲ့ သက်ရောက်မှုတွေကိုပေးနိုင်တဲ့tannins နဲ့ anthocyanins တို့ပါဝင်ပါတယ်။ ဆီးချိုရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ အစွမ်းလည်းရှိနေပါတယ်။ သရက်ရွက်ကသွေးကြောတွေကို […]


သဘာဝဆေးဖက်ဝင်

ခြင်နိုင်ဆေးများ မရှိချိန်တွင် ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး သတ္တဝါက ဘာလဲ။ အဖြေမှာ ခြင် ဖြစ်သည်။ ခြင်များနှင့် သူတို့ဖြန့်ဝေသော ရောဂါ များသည် သမိုင်းရှိ စစ်ပွဲများအားလုံးထက် လူများစွာကို သေစေခဲ့ပါသည်။ ယနေ့တွင်ပင် ခြင်များမှ တစ်ဆင့် ကူးစက် သော ငှက်ဖျားရောဂါသည် လူပေါင်း ၂-၃ သန်းကို သေစေ သည်။ နှစ်စဉ် သန်းပေါင်း ၂၀၀ နှစ်အထက်ကို ရောဂါကူးစက် စေသည်။ ဆယ်သန်းကျော်သည် ခြင်မှ တစ်ဆင့်ကူးစက် သော အခြားရောဂါများဖြစ်သော filariasis ၊ အသားဝါရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် ဦးနှောက်ရောင်ရမ်းနာရောဂါတို့ကို ခံစားနေရသည်။ Zika ဗိုင်းရပ်စ်၏ ခြောက်လှန့်မှုကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်ရန်မှာ လူများ၏ စိတ်တွင် ပိုမို စွဲမြဲနေသည်။ ခြင်များကို မှုတ်ထုတ်ပါ။ 1MPH ထက်မြင့်သော လေပြေလေညှင်းသည် […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ တမာ

အညာမြေမှာ အမြဲ စိမ်းနေတဲ့ တမာတွေက အရိပ်တင် ရတာ မဟုတ်ဘဲ ဆေးဖက်လည်း ဝင်သတဲ့။ အညာဒေသကို အလည်သွားတဲ့ အခါနေ့လည်ပိုင်းမှာ နေတွေ ပူတယ် ဆိုပေမယ့် ညဘက် ရောက်လာ တဲ့အခါ အိမ်ရှေ့ ကွပ်ပျစ်လေးထွက် လက်ဖက်စား ရေနွေးကြမ်း သောက်ရင်း နှာခေါင်းထဲမှာ သင်းသင်းလေး မွှေးလာတဲ့ အနံ့လေး တစ်ခု ရှိတတ်တာ သတိထားမိကြလား။ အဲ့ဒါက တခြား မဟုတ်ပါဘူး။ အညာမြေမှာမှ ရနိုင်တဲ့ တမာနံ့ သင်းသင်းလေးပါ။ ဆေးဖက်ဝင်တဲ့ တမာ အကြောင်းလေးကို လေ့လာလိုက်ရအောင်နော်။ တမာကို ဆေးဝါးတွေ အတွက် အသုံးပြုသလို အစားလည်းဆေး ဆေးလည်းအစာ ဆိုတဲ့အတိုင်း အချဉ် တည်စားတာမျိုးလည်း ရှိပါတယ်။ အခု ဆောင်းပါးလေးထဲမှာ အညာမြေရဲ့ အငွေ့အသက် တစ်ခုဖြစ်တဲ့ […]


သဘာဝဆေးဖက်ဝင်

မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားကြမယ်

မျက်နှာပေါ်မှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင် ဝက်ခြံ၊ တင်းတိပ်၊ အဆီပြန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ချွေးပေါက်တွေ ပိတ်စေတာကြောင့် အဆီဖုတွေပါ ဖြစ်စေနိုင်တဲ့အပြင် မျက်နှာ ကြည်ကြည်ဖြူဖြူလေး မဖြစ်တော့ဘဲ မည်းညစ်နေတာတွေ ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုလာပါပြီ။ ဆဲလ်သေတွေ မရှိတဲ့ မျက်နှာလှလှလေး ဖြစ်စေဖို့ အိမ်မှာတင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ပြောပြမယ်နော်။ သကြားနဲ့ သံလွင်ဆီ သကြားနဲ့ သံလွင်ဆီကတော့ ဘယ်လိုအသားအရေမျိုးကိုမဆို ဓာတ်တည့်စေတာမို့ အားလုံးနဲ့ အဆင်ပြေမှာပါ။ သကြားက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး သံလွင်ဆီကတော့ မျက်နှာအသားအရေလေးကို နူးညံ့စိုပြေစေပါတယ်။ ပထမဆုံး သကြား လက်ဖက်စားဇွန်း (၁) ဇွန်းလောက်ကို သံလွင်ဆီလေး နည်းနည်းနဲ့ ရောပါ။ သံပရာရည်လေး နှစ်စက်လောက် ထည့်လိုက်ပါ။ မျက်နှာတစ်ဝိုက် ပွတ်လိမ်းပေးပါ။ ဖြည်းညင်းစွာ […]


သဘာဝဆေးဖက်ဝင်

အဆီပြန်တဲ့မိန်းကလေးတွေအတွက် မိတ်ကပ်လိမ်းခြယ်နည်း

အဆီပြန်တာကြောင့် ဘယ်လိုမိတ်ကပ်ပဲလိမ်းလိမ်း ကွက်ပြီး ပျက်လို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ တနေကုန် မိတ်ကပ်ခံမယ့် မိတ်ကပ် လိမ်းခြယ်နည်းတွေ ရှိပါတယ်။ အဆီပြန်တဲ့ မိန်းကလေးတွေမှာ အဓိက ပြဿနာတွေကတော့ ချွေးပေါက်ကျယ်ခြင်း၊ အမဲစက်ရှိခြင်းတွေပါပဲ။ အဆီပြန်တဲ့ မိန်းကလေးတွေအနေနဲ့ အဆီပြန်တာကို ထိန်းချုပ်ဖို့ဆိုရင် အဆီပြန်တာကို သက်သာစေတဲ့ Mask တွေ သုံးပေးဖို့ လိုတဲ့အပြင် အဆီပြန်တာကို သက်သာစေနိုင်တဲ့ အောက်ခံ မိတ်ကပ်လည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါမှ မိတ်ကပ်လိမ်းတဲ့အခါမှာ သိပ်သိပ်ညက်ညက်လေး ဖြစ်နေစေပြီး ကွက်ပြီးပျက်တာတွေ မဖြစ်မှာပါ။ Primer အဆီပြန်တတ်တဲ့ မိန်းကလေးတွေ အနေနဲ့ အောက်ခံမိတ်ကပ်စပြီး မလိမ်းခင်မှာ Primer လိမ်းပေးသင့်ပါတယ်။ ဒါက အဆီပြန်ခြင်းတွေကို သက်သာစေမှာဖြစ်ပြီး မိတ်ကပ်ကြာကြာခံဖို့လည်း အထောက်အကူပြုပါတယ်။ အောက်ခံမိတ်ကပ် အောက်ခံမိတ်ကပ်ကို အဆီပြန်တာတွေ သက်သာစေနိုင်တဲ့ အရည်ပုံစံ ရွေးချယ်ပြီး သုံးရင် အကောင်းဆုံးပါ။ ဖြစ်နိုင်ရင်တော့ […]


သဘာဝဆေးဖက်ဝင်

ကျန်းမာရေးနဲ့ ကန်စွန်းရွက်

ကျန်းမာရေးနဲ့ ကန်စွန်းရွက် ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အစားအစာတွေက ရရှိတဲ့ အာဟာရဓါတ်တွေ၊ အကျိုးအာနိသင် ကောင်းမွန်တဲ့ ဗီတာမင်ဓါတ်တွေ ရရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်တော့ သန့်ရှင်းလတ်ဆတ်ခြင်း၊ ဓါတုဆိုးဆေးတွေ မပါဝင်ခြင်းနဲ့ သင်တင့်မျှတတဲ့ အရသာနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ဖို့တော့ လိုပါတယ်။ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်း ပါဝင်ပါတယ်။ ကြော်စား၊ ချဉ်ရည်ဟင်းချက်စားခြင်းလိုမျိုး အစရှိသလို လုပ်စားလို့ရတဲ့ ကန်စွန်းရွက်က ကျန်းမာရေးအတွက် ဘာတွေကောင်းစေသလဲ ဖတ်ကြည့်ပေးပါဦး။ ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓါကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက် စားပေးတာက Triglycoside လိုမျိုး ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း ကိုလက်စထရောတွေကို လျော့ကျစေဖို့ပါပဲ။ သံဓါတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ […]


သဘာဝဆေးဖက်ဝင်

မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ

မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ ရေစပ်စပ်နားမှာ ပေါက်လေ့ရှိပြီး အစိမ်းရောင်ရှိတဲ့ မြင်းခွာရွက်ကို သုပ်စားကြတာရှိသလို၊ ဟင်းချိုလည်း ချက်သောက်ကြပါတယ်။ မျက်စိအားကောင်းချင်တဲ့သူတွေကတော့ မြင်းခွာရွက်ကို ရေစင်အောင် ဆေးကြောပြီး ထောင်းကာ အရည်ညှစ်သောက်ကြပါတယ်။ တကယ်တော့ မြင်းခွာရွက်မှာ မျက်စိကျန်းမာရေးကောင်းစေတဲ့ အာဟာရဓါတ်တွေအပြင် အလှအပနဲ့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကိုပါ ကောင်းစေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။   ကျန်းမာရေးကောင်းမွန်စေခြင်း “Neurological sciences”ဂျာနယ်မှာတော့ မြင်းခွာရွက်ဟာ ဓါတုပစ္စည်းတွေကြောင့် ဦးနှောက် ထိခိုက်ပျက်စီးခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ မြင်းခွာရွက်ဟာ အသည်းကျန်းမာရေးအတွက်လည်း တော်တော်လေးကို အထောက်အကူပြုပါတယ်။ မြင်းခွာရွက်မှာ asiaticosida ပါဝင်တာမို့ အသည်းပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ပျက်စီးခြင်းကို လျှော့ချပေးပြီး အသည်းရဲ့ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ မြင်းခွာရွက်ဟာ ဆီးအိမ်မှာ ပိုးဝင်တာတွေ မဖြစ်စေဖို့ ကာကွယ်ရာမှာ […]


သဘာဝဆေးဖက်ဝင်

Lettuce (ဆလတ်ရွက်)

ဆလတ်ရွက် (lettuce)ဆလတ်ရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်မှာ စတင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ အီဂျစ်လူမျိုးတွေက ဆလတ်အစေ့ကို ဆီထုတ်ဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ ဆလတ်ပင်က အစေ့တင်မဟုတ်ဘူး အရွက်ကလည်း စားကောင်းပြီး အသုံးတည့်တာတွေရှိနေပါတယ်။ ဆလတ်ရွက်ကို အသားကင်တွေနဲ့တွဲဖက်စားသုံးလိုရ့သလို အကြော်တွေ၊အပြုတ်တွေနဲ့လည်းတွဲစားလို့ရပါတယ်။ အတို့အမြှုပ်အနေနဲ့ပါစားသုံးလို့ရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အာဟာရဓါတ်တွေဆလတ်ရွက်မှာ ရေဓါတ်၊ ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓါတ် နဲ့ သကြားဓါတ်တို့ပါဝင်နေပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ဆလတ်ရွက်မှာ မဂ္ဂနီဆီယမ်၊ဖေ့စ်ဖရက် ၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ဇင့်၊ သီရာမင်း၊ရိုင်ဘိုဖလေဗင်၊ နီကာဆင်၊ဖောလိတ်၊ ဗီတာမင် ဘီ ဆစ် ၊ စီ၊ အေ၊ အီး နဲ့ ဗီတာမင် ကေ တို့ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးကျေးဇူးတွေရနိုင်လဲဆလတ်ရွက်ကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ နှလုံးကျန်းမာစေနိုင်တယ် ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက်သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုစောင့်ကြည့်ဖို့လိုမှာပါ။သွေးထဲမှာ အကျိုးမပြုတဲ့ ကိုလက်စထရောများနေမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့အခြားရောဂါတွေခံစားရနိုင်ပါတယ်။ ကိုလက်စထရောအရမ်းများလာတဲ့အခါလေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာတွေခံစားရနိုင်ပါတယ်။လေ့လာမှုတွေအရ ဆလတ်ရွက်မှာပါတဲ့ဘီတာ ကယ်ရိုတင်း […]


သဘာဝဆေးဖက်ဝင်

အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ

အဆုတ်ကို ကျန်းမာအောင်နေထိုင်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းတစ်ခုလုံးကို ကျန်းမာအောင် ထိန်းသိမ်းနေထိုင်ရန်မှာ အလွန် အရေးကြီးပါသည်။ အမှန်အားဖြင့် အဆုတ်ကို ကျန်းမာလာစေရန် စတင်ပြုလုပ်နိုင်သော နည်းလမ်းများစွာရှိသည့်အနက် ယခုဖော်ပြမည့် ဆေးဖက်ဝင်အပင်များလည်း အပါအဝင်ဖြစ်ပါသည်။ အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ က ဘာတွေဖြစ်မလဲ! ဆေးဖက်ဝင်အပင်များသည် အဆုတ်ကျန်းမာရေးကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ။ ကျွန်ုပ်တို့အဆုတ်သည် နေ့စဉ်နှင့် အမျှ ပတ်ဝန်းကျင်ရှိ အညစ်အကြေးများ၊ အန္တရာယ်ရှိသော အကောင်များ၊ မှိုများ၊ ဖုန်မှုန့်များနှင့် အခြားသောအဆိပ်အတောက်များနှင့် ထိတွေ့နေရပါသည်။ အသက်ရှူလမ်းကြောင်းသည် ထိုအညစ်အကြေးများကို နေ့စဉ် ရှင်းထုတ်နေရသော်လည်း လုံလောက်အောင် မရှင်းထုတ်နိုင်ပါ။ အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များသည် သူ့နည်းသူ့ဟန်ဖြင့် အဆုတ်ကို ကျန်းမာစေပါသည်။ အချို့သော အပင်များသည် အဆုတ်ထဲမှ သလိပ်များကို အပြင်သို့ဟန့်ထုတ်ရလွယ်ကူစေပါသည်။ အချို့သည် ပိုးကောင်များမှ ထုတ်လွှတ်သော ဟစ်စတာမင်းဓာတ်ကို နည်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်မှုများကို လျော့နည်းစေခြင်းအားဖြင့် အကျိုးပြုပါသည်။ အဆုတ်ကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း