home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်မှုကို သက်သာစေဖို့

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်မှုကို သက်သာစေဖို့

ရာသီဥတုေကြာင့်ဖြစ်တဲ့ ဓါတ်မတည့်မှုကတော်တော်လေးစိတ်ညစ်စရာကောင်းပါတယ်နော်။ ဒီလိုမျိုးပြဿနာတွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေနော်။

ဓါတ်မတည့်မှုဖြစ်တဲ့အခါ

ဓါတ်မတည့်မှုဖြစ်တဲ့အခါ မျက်ရည်ကျတာ၊နှာရည်ကျတာမျိုးတွေလုပ်ဆောင်ပြီး ခန္ဓါကိုယ်က ကိုယ်တွင်းကဘက်တီးရီးယားတွေကို တိုက်ထုတ်ပါတယ်။ ဓါတ်မတည့်တဲ့အရာတွေကုန်စင်သွားတဲ့အထိ ခန္ဓါကိုယ်က ဒီလိုတုံ့ပြန်မှုတွေကိုလုပ်ဆောင်တာပါ။ ဓါတ်မတည့်မှုက အရမ်းပြင်းထန်မယ်ဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေရှိနေနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဝတ်မှုန်တွေ၊ တိရစ္ဆာန်အမွှေးအမျှင်တွေ၊ဆေးလိပ်ငွေ့တွေ၊ ဓါတုပစ္စည်းတွေကြောင့် ဓါတ်မတည့်တာတွေဖြစ်နိုင်ပါတယ်။ အစားအသောက်တွေကြောင့်လည်း ဓါတ်မတည့်မှုဖြစ်နိုင်ပါတယ်။ အစားအသာက်နဲ့ဓါတ်မတည့်တဲ့အခါ အင်ပြင်ဖြစ်တာ၊ အစာခြေလမ်းကြောင်းပြဿနာဖြစ်တာ၊ နှင်းခူဖြစ်တာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ ဓါတ်မတည့်မှုဖြစ်တဲ့အခါနောက်ဆက်တွဲပြဿနာတွေအနေနဲ့ နှာစေးတာ၊ ပန်းနာရင်ကျပ်ြဖစ်တာ၊ နားပိုးဝင်တာမျိုးတွေခံစားရနိုင်ပါတယ်။

ဓါတ်မတည့်မှုတွေကို ကာကွယ်ဖို့သွေးအမျိုးအစားအလိုက် စားပေးသင့်တာများ

Oသွေးပိုင်ရှင်တွေအတွက်

ရာသီဥတုဆိုင်ရာ ဓါတ်မတည့်မှုတွေကိုကာကွယ်ဖို့အတွက် Oသွေးပိုင်ရှင်လေးတွေအနေနဲ့

  • အဆီနည်းပြီး သဘာဝအတိုင်းမွေးမြူထားတဲ့ အသား
  • အဆီများတဲ့ ပင်လယ်ငါး
  • နှမ်းကြတ်စေ့ဆီ
  • သံလွင်ဆီ
  • ရေညှိ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • နာနတ်သီ
  • နနွင်း
  • လက်ဖက်စိမ်းရေနွေးကြမ်း

A သွေးပိုင်ရှင်တွေအတွက်

ရာသီဥတုဆိုင်ရာ ဓါတ်မတည့်မှုတွေကိုကာကွယ်ဖို့အတွက် A သွေးပိုင်ရှင်လေးတွေအနေနဲ့

  • ပဲပိစပ်ကနေထုတ်ထားတဲ့ စားစရာတွေ
  • ဆယ်လ်မွန်နဲ့ဆာဒင်းငါးတို့လိုမျိုး ပင်လယ်ငါးတွေ
  • နှမ်းကြတ်စေ့ဆီ
  • သံလွင်ဆီ
  • ပန်းဂေါ်ဖီစိမ်း
  • ကြက်သွန်နီ
  • ဘယ်ရီသီးတွေ
  • သံပရိုသီ
  • ကြက်သွန်ဖြူ
  • လက်ဖက်စိမ်းရေနွေးကြမ်း

B သွေးပိုင်ရှင်တွေအတွက်

ရာသီဥတုဆိုင်ရာ ဓါတ်မတည့်မှုတွေကိုကာကွယ်ဖို့အတွက် B သွေးပိုင်ရှင်လေးတွေအနေနဲ့

  • အဆီနည်းပြီး သဘာဝအတိုင်းမွေးမြူထားတဲ့ အသားတွေ
  • ပင်လယ်ငါးတွေ
  • နှမ်းကြတ်စေ့ဆီ
  • ဒိန်ချဉ်
  • ကီဖာ
  • သံလွင်ဆီ
  • ပန်းဂေါ်ဖီစိမ်း
  • ကြက်သွန်နီ
  • ဘယ်ရီသီး
  • နနွင်း
  • လက်ဖက်စိမ်းရေနွေးကြမ်း

AB သွေးပိုင်ရှင်တွေအတွက်

ရာသီဥတုဆိုင်ရာ ဓါတ်မတည့်မှုတွေကိုကာကွယ်ဖို့အတွက် AB သွေးပိုင်ရှင်လေးတွေအနေနဲ့

အခုပြောခဲ့တဲ့ အစားအသော်ကတွေကို မိမိသွေးအုပ်စုအတိုင်း ကိုက်ညီအောင် စားသုံးပြီး ကိုယ့်ကိုကိုယ် ရာသီဥတုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်မှုကနေ ကာကွယ်လိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

BLOOD TYPE DIET AND ALLERGIEShttp://northamericanpharmacal.com/living/2016/04/blood-type-diet-allergies/ Accessed Date 14 February 2019

Top 10 Allergy Fighting Super Foods by Blood Typehttps://www.4yourtype.com/blog/top-10-allergy-fighting-super-foods-by-blood-type/ Accessed Date 14 February 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။