backup og meta

လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

    နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။

    ဒီရောဂါ တွယ်ကပ်လာပြီဆိုရင် တခြားဆက်နွယ်ရောဂါတွေပါတွယ်ငြိလာနိုင်တာမို့ အလွန် အန္တရာယ်များတဲ့ရောဂါတစ်ခုပါ။ အကြမ်းဖျဉ်းအားဖြင့် ကိုယ်ရဲ့ နှလုံး ကျန်းမာခြင်းရှိ၊ မရှိသိထားမယ်ဆိုရင် ရောဂါကာကွယ်ရေးမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

    လွယ်လည်းလွယ် အကုန်အကျလည်းမရှိတဲ့နည်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင်

    နှလုံးရောဂါကို ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေအမျိုးမျိုးရှိထားပေမယ့် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းကတော့ stair-climbing test လို့ခေါ်တဲ့ လှေကားတက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

    Stair-climbing test ဆိုတာ

    ကိုယ့်ရဲ့ နှလုံး ကျန်းမာရေးကို အလွယ်ကူဆုံးသိနိုင်စေမယ့်နည်းလမ်းက အထပ်မြင့်အဆောက်အအုံတစ်ခုရဲ့ လေးလွှာအထိကို ခြေလျင်တက်ကြည့်တာပါပဲ။ စပိန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ သုတေသနရလဒ်အရ အထပ် ၄ ထပ်စာလှေကားကို အတက်အဆင်းလုပ်ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ နှလုံး အခြေအနေ ဘယ်အနေအထားရှိလဲဆိုတာကို အမြန်ဆုံးသိနိုင်စေလိမ့်မယ်လို့ဆိုပါတယ်။

    ဒါက ပုံမှန်မဟုတ်တဲ့ စမ်းသပ်မှုနည်းလမ်းတစ်ခုဖြစ်ပြီး ဒီနည်းကို လေ့ကျင့်ခန်းတစ်ခုလို အသုံးချနေစရာတော့ မလိုဘူးလို့လည်းဆိုထားပါတယ်။ ဒီနည်းလမ်းဟာ လမ်းလျှောက်ပြီးဈေးသွားတာလိုမျိုး ပုံမှန်နေ့စဉ်ဘဝမှာ လုပ်ဖြစ်နေတာတွေကို အသုံးချပြီး ကိုယ့် နှလုံး ကျန်းမာရေးကို လေ့လာစမ်းသပ်နိုင်ဖို့ နည်းလမ်းတစ်မျိုးသာဖြစ်ပါတယ်။

    Stair-climbing test နည်းလမ်းဟာ လွယ်ကူရိုးရှင်းပြီး ထိရောက်မှု ရှိတယ်လို့ European Society of Cardiology က လည်း ထောက်ခံချက်ပေးထားပါတယ်။

    ဒီစမ်းသပ်မှုပြုလုပ်ကြတဲ့အခါ တကယ်လို့ သင်က တစ်မိနစ်အတွင်း ၄ လွှာကိုအရောက်တက်နိုင်တယ်ဆိုရင် သင့်နှလုံးက ပုံမှန်ကျန်းမာနေပါတယ်တဲ့။ တကယ်လို့ တစ်မိနစ် ဒါမှမဟုတ် တစ်မိနစ်ခွဲထက် ကျော်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်နှီးနှောဖို့ လိုအပ်တဲ့ အခြေအနေလို့ဆိုပါတယ်။

    ခုလိုမျိုး လှေကား ၄ ထပ်စာ (အနည်းဆုံး ခြေလှမ်း ၆၀) ကို တက်ရောက်ရာမှာ ပြေးလွှားပြီးတက်တာမျိုးမဟုတ်ပဲ ခြေလှမ်းမြန်မြန်နဲ့ တက်ရမှာဖြစ်ပြီး ၄ လွှာကိုတက်ရောက်ချိန်မှာ ကိုယ့်ရဲ့ ပင်ပန်းနွမ်းနယ်နေမှုသက်လုံ၊ ဒူးရဲ့ ခံနိုင်အားနဲ့ နှလုံးခုန်နှုန်းအခြေအနေတွေက ဆိုးရွားလွန်းမနေဘူးဆိုရင် သင်ကျန်းမာတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီလို ပြုလုပ်တာကို metabolic equivalents (METs) တိုင်းတာခြင်းလို့ဆိုပါတယ်။

    ၄ လွှာကို ၄၅ စက္ကန့်အတွင်း တက်လှမ်းနိုင်သူတွေဟာ MET ၉/၁၀ ရမှတ်ရရှိမှာဖြစ်ပါတယ်။ အလွန်ကျန်းမာတယ်ဆိုတဲ့ သဘောပါ။ ဒါ့အပြင် အဆိုပါ MET ရမှတ် ၁၀ ရရှိသူတွေဟာ တစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၁% သာရှိမှာဖြစ်ပြီးတော့ ရှေ့လာမယ့် ၁၀ နှစ်အတွင်း သေဆုံးနိုင်ခြေကတော့ ၁၀% သာရှိနေမှာဖြစ်ပါတယ်။

    ၁ မိနစ်ခွဲဝန်းကျင်ကြာမြင့်သူတွေကတော့ MET ၈ မှတ်သာရရှိမှာဖြစ်ပြီးတော့ တစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၂ ကနေ ၄% အထိရှိပါတယ်။ ၁၀ နှစ်အတွင်း သေဆုံးနိုင်ခြေကတော့ ၃၀% ပါတဲ့။ ဒါပေမယ့် လေ့လာချက်အရ စမ်းသပ်ခံသူတွေရဲ့ ၅၈% လောက်ဟာ ၁ မိနစ်ခွဲနဲ့အထက် ကြာမြင့်ခဲ့ကြပြီး ဆရာဝန်ပြရမယ့် အခြေအနေမျိုးကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ခဲ့ကြပါတယ်။

    နှလုံးရောဂါ သတိထားပါ

    Stair-climbing test စမ်းသပ်ချက်က ကိုယ့်မှာ ဘယ်လို နှလုံးဆိုင်ရာ ကျန်းမာရေးပြဿနာရှိတယ်ဆိုတာကို ဖော်ပြပေးနိုင်မှာမဟုတ်ပေမယ့် ကိုယ့်နှလုံး သာမာန်အတိုင်း ကျန်းမာခြင်းရှိမရှိကိုတော့ ကောင်းကောင်းပြောပြနိုင်မယ့် နည်းလမ်းဖြစ်တာမို့ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရတာဖြစ်ပါတယ်။

    နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်နှလုံးကျန်းမာရေးအခြေအနေကို သိထားတယ်ဆိုရင် ကာကွယ်မှုတွေ ကုသမှုတွေ ကြိုတင်ပြုလုပ်နိုင်မယ်မဟုတ်လား။

    တကယ်တမ်းအားဖြင့် လူတွေမှာ နှလုံးရောဂါစွဲကပ်စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ရှောင်ကျဉ်ဖို့လည်း တိုက်တွန်းအကြံပေးလိုက်ရပါတယ်။

    ကဲ … အလွယ်ကူဆုံး နည်းလမ်းနဲ့ နှလုံးကျန်းမာရေး စစ်ဆေးကြည့်ရအောင် လား …………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement