အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ
သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ!
ခြေထောက် အထူးသဖြင့် ခြေသလုံး နောက်ဖက်တွေမှာ အထုံးလေးတွေလိုဖြစ်နေတဲ့ သွေးကြောပြာပြာလေးတွေကို မြင်ဖူးကြမယ် ထင်တယ်နော်။ ဒီလိုဖြစ်တာကို အရေပြား အပြင်ကတောင် မြင်ရနိုင်ပြီး ဒီအခြေအနေကို သွေးကြောထုံးတယ်လို့ ခေါ်ပါတယ်။ သွေးကြောထုံးတာက အရေပြားကို ထိခိုက်ပျက်စီးစေနိုင်သလို ပိုဆိုးလာမယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ သွေးခဲတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးကြောထုံးတာက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ပိုအဖြစ်များပါတယ်။ ခြေထောက်သွေးပြန်ကြောမှာရှိတဲ့ အဆို့ရှင်လေးတွေ အားနည်းလာတဲ့အခါ သွေးတွေက ခြေထောက်ကနေ နှလုံးဆီကို ပြန်မသွားနိုင်တော့ဘဲ ခြေထောက်မှာ စုလာပါတယ်။ သွေးပြန်ကြောထဲမှာ သွေးတွေ အိုင်လာတာကြောင့် သွေးဖိအားတွေ များလာပြီး ခြေထောက်မှာ သွေးကြောထုံးတဲ့အဖုအထစ်လေးတွေ ဖြစ်လာပါတယ်။ ဒီတစ်ခေါက်တော့ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/heart-health/other-cardiovascular-issues/%E1%80%98%E1%80%9A%E1%80%BA%E1%80%9E%E1%80%B0%E1%80%90%E1%80%BD%E1%80%B1%E1%80%99%E1%80%BE%E1%80%AC-%E1%80%9E%E1%80%BD%E1%80%B1%E1%80%B8%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%91%E1%80%AF%E1%80%B6/ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ သွေးကြောထုံးခြင်းနဲ့ပတ်သက်လို့ ဘာတွေ မှားသိထားသေးလဲ ဆိုတာကို တစ်ခုချင်းစီ […]