သွေးတိုးအတွက် နောက်ဆက်တွဲဂရုစိုက်မှုများ
သွေးတိုးရောဂါကိုကုသရာမှာအရေးကြီးတာတစ်ခုကနောက်ဆက်တွဲဂရုစိုက်မှုပါပဲ။
သင့်ရဲ့သွေးတိုးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းပုံမှန်နှုန်းမှာရှိလားဆိုတာပုံမှန်စစ်ဆေးရပါမယ်။ တကယ်လို့ သွေးတိုးကပုံမှန်နှုန်းထဲမှာမဟုတ်ဘူးဆိုရင်လိုအပ်တဲ့ကုသမှုတွေထပ်ပြီးခံယူရမှာပါ။ သွေးတိုးရှိတဲ့လူတစ်ယောက်ကတစ်နှစ်ကိုအနည်းဆုံးတစ်ကြိမ်ဒါမှမဟုတ်မကြာခဏဆရာဝန်နဲသွားတွေ့ရမှာဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ဆီးချိုနှလုံးရောဂါဒါမှမဟုတ် လေဖြတ်ထားတယ်ဆိုရင်သင့်ရဲ့သွေးတိုးကိုပြန်မဖြစ်အောင်ပိုပြီးဂရုစိုက်ရပါမယ်။ သင်အနေနဲ့ဘယ်သွေးပေါင်ချိန်မှာရှိသင့်လဲဆိုတာဆရာဝန်နဲ့ဆွေးနွေးပါ။ အသက်ကြီးလာတာနဲ့အမျှသွေးကြောတွေမာလာခြင်းကအပေါ်သွေး (Systolic blood pressure)ကိုမြင့်လာစေပါတယ်။ အရင်ကကုသခဲတဲ့ကုသမှုကအခုအကျိုးသက်ရောက်မှုရှိချင်မှရှိပါတော့မယ်။ သင့်အတွက် ဆေးပမာဏနဲ့ကုသမှုတွေကပြောင်းလဲသွားပြီး ဆေးနည်းအသစ်လိုချင်လိုလာပါမယ်။ ရက်ချိန်းပြည့်လို့ဆေးခန်းသွားတဲ့အခါ သွေးတိုးနဲ့ဆက်စပ်နေတဲ့နှလုံးမျက်လုံး ကျောက်ကပ်နဲ့ သွေးကြော တွေကိုပါစစ်ဆေးသင့်ပါတယ်။ ဆရာဝန်ဆီရက်ချိန်းမှန်မှန်သွားပြခြင်းကသင့်ဆရာဝန်ကိုသင်ဆေးတွေကြောင့်ဆိုးကျိုးရှိမရှိသိစေပြီးလိုအပ်ရင် ဆေးနည်းပြောင်းပေးပါလိမ့်မယ်။ ဆရာဝန်ဆီရက်ချိန်းမှန်မှန်သွားပြ၍ နောက်ဆက်တွဲ ဂရုစိုက်မှုခံယူခြင်းကကိုလက်စထရောမြင့်တက်လာခြင်းအဝလွန်ခြင်းစတာတွေကိုစောင့်ကြည့်ဖို့အခွင့်ကောင်းတစ်ခုပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။