နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာကိ နှလုံးသွေးကြောလေးတွေထဲမှာ အဆီတွေ စုပုံလာတာ ဒါမှမဟုတ် ကိုလက်စထရောတွေ စုမိလာပြီး သွေးကြောလေးတွေ ကျဉ်းလာတာ၊ ပိတ်ဆို့လာတာပါ။ ဒီကဏ္ဍလေးမှာ ပိုမိုသိရှိနိုင်ဖို့ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးသွေးကြောကျဉ်းရောဂါများ ကို ရှာဖွေမည်။

နှလုံးသွေးကြောကျဉ်းရောဂါများ

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ကဘာလဲ။ နှလုံးသွေးကြောကျဉ်းရောဂါသည်နှလုံးသွေးကြောနံရံတွင် အဆီအနည်းများစုပုံလာခြင်းကြောင့် သွေးစီးဆင်းမှုကို နည်းစေခြင်း၊ ပိတ်ဆို့ခြင်းမျာဖြစ်သော ရောဂါဖြစ်ပါသည်။ သွေးထဲတွင် ရှိသော အဆီများသည် သွေးကြောနံရံများကို ရောင်ရမ်းစေခြင်းကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေပါသည်။ သွေးကြောနံရံတွင် အဆီအနည်များစုပုံရာမှ သွေးကြောသည် တဖြည်းဖြည်း ကျဉ်းလာပြီး နှလုံးသို့သွေးလုံလောက်စွာမရောက်တော့သောအခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝဖြစ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၏ အခြားသော လက္ခဏာများဖြစ်လာစေပါသည်။ နှလုံးသွေးကြောသည် လုံးဝပိတ်သွားလျှင် ရုတ်တရက်နှလုံးအလုပ်မလုပ်တော့ခြင်းဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်ပါသည်။ Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ နှလုံးသွေးကြောကျဉ်းရောဂါသည်အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများIschemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်း လက်မောင်း၊ မေးရိုး၊ လည်ပင်း၊ ကျောပြင် နှင့် […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Acute Myocardial Infarct (ရုတ်တရက် နှလုံးကြွက်သား ပုပ်ခြင်း)

Acute Myocardial Infarct ဆိုတာဘာလဲ။ Acute Myocardial Infarct ဟာ နှလုံးရပ်ခြင်းကို ဆေးပညာအရ ခေါ်တာဖြစ်ပါတယ်။ နှလုံးရပ်ခြင်းဟာ တစ်ရှူးပျက်စီးမှုကို ဖြစ်စေတဲ့ နှလုံးကိုသွေးစီးဆင်းခြင်းကို ရုတ်တရက် ဖြတ်ခံလိုက်ရတဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ နှလုံးဟာ ကိုယ်ခန္ဓါမှာရှိတဲ့ အခြားကြွက်သားတွေလိုပဲ အောက်စီဂျင်နဲ့ အာဟာရဓါတ်တွေ ထောက်ပံ့မှုကို လိုအပ်ပါတယ်။ ကြီးမားတဲ့ နှစ်လုံးသွေးကြော နှစ်ခုဟာ နှလုံးကို အောက်စီဂျင်ပါတဲ့ သွေးတွေ သယ်ပို့ပေးပါတယ်။ ဒီသွေးကြောတစ်ခုခုက ရုတ်တရက် ပိတ်သွားတဲ့အခါ နှလုံးရဲ့ အစိတ်အပိုင်းတွေဟာ အောက်စီဂျင် ပြတ်တောက်ပြီး cardiac ischaemia လို့ ခေါ်တဲ့ အခြေအနေ ဖြစ်တာ ဖြစ်ပါတယ်။ တကယ်လို့ cardiac ischaemia ဟာ အလွန်ကြာမြင့်နေရင် အောက်စီဂျင်ပြတ်တောက်နေတဲ့ တစ်ရှူးတွေဟာ သေနိုင်ပါတယ်။ ဒါကို နှလုံးရပ်ခြင်း […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) ကဘာလဲ။ နှလုံးကြွက်သား သွေးမလျှောက်ခြင်းသည် နှလုံး၏အစိတ်အပိုင်းတစ်ခုဆီသို့ သွေးမလျှောက်တော့သည့်အခါ နှလုံးကြွက်သားများ ပျက်စီးခြင်းကိုဖြစ်စေသောအခြေအနေ ဖြစ်သည်။ နှလုံးသည် သူ၏ကိုယ်ပိုင်အစိတ်အပိုင်းများအား အောက်စီဂျင်နှင့် အာဟာရများကို တခြားကြွက်သားများကဲ့သို့ပင် ထောက်ပံ့ရန်လိုသည်။ နှလုံးသွေးကြောကြီးနှစ်ချောင်းသည် နှလုံးကြွက်သားများအား အောက်စီဂျင်ပြည့်ဝသော သွေးများကို ထောက်ပံ့ပေး၏။ ထိုနှစ်ချောင်းထဲမှ တစ်ချောင်းတွင် ရုတ်တရတ် ပိတ်သွားပါက နှလုံးအစိတ်အပိုင်းတစ်ခုတွင် အောက်စီဂျင်ပြတ်သွားပြီး “cardiac ischemia” ဟုခေါ်သော နှလုံးသွေးမလျှောက်ခြင်းကို ဖြစ်စေနိုင်သည်။ နှလုံးသွေးမလျှောက်ခြင်း ကြာပါက ငတ်မွတ်နေသော နှလုံးတစ်ရှူးများ သေသွားမည်ဖြစ်သည်။ Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အတော်အသင့်အဖြစ်များပြီး အသက်အရွယ်နှင့် ဆက်စပ်မှုရှိသည်။ အသက်ကြီးလာသည်နှင့် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်နိုင်ချေ ပိုတိုးလာပါသည်။ အမျိုးသားများတွင် အသက် ၄၅ နောက်ပိုင်းတွင် ဖြစ်နိုင်ချေပိုများလာပြီး […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းရောဂါသည်များ ရှောင်ရမည့် အစားအသောက်များ

သင့်နှလုံးကျန်းမာရေးသည် အစားအသောက်ပုံစံတွင် များစွာ မူတည်ပါသည်။ အကယ်၍ သင်သည် နှလုံးရောဂါ ခံစား နေရပြီဆိုလျှင် အောက်ပါအစားအစာများကို ရှောင်ကြဉ် သင့်ပါသည်။ ၁။ တာရှည်ခံအောင် ပြုလုပ်ထားသော အသား ဆားစိမ်ထားသောအသား၊ အခြောက်ခံထားသောအသား၊ စည်သွတ်ထားသော အသားများသည် တာရှည်ခံအောင် ပြု လုပ်ထားသော အသားများဖြစ်သည်။ ဝက်အူချောင်း၊ ဝက် ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဟောဒေါ့နှင့် တခြား စည်သွတ်အသားများလည်း ပါဝင်သည်။ ထိုသို့ တာရှည်ခံအောင် ပြုလုပ်ထားသော အသားများသည် အာ ဟာရ ပါဝင်မှုနည်းပါး သွားသည်။ ထိုအစားအစာများသည် အသားဓါတ်ပါဝင်မှု နည်းပါးပြီး မကောင်းသောအဆီနှင့် ဘေးဖြစ်စေသော ဓါတု ပစ္စည်း များစွာပါဝင်သည်။ ထိုအစားအစာများကို အမြောက်အမြား စားသုံးခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ရန် အကြံပြုချင်ပါသည်။ သင် […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်း ရောဂါအကြောင်း သိကောင်းစရာ

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာဘာလဲ နှလုံးသွေးကြောကျဉ်းရောဂါဆိုသည်မှာနှလုံးကိုသွေးပို့နေသောသွေးကြောများ၏နံရံတွင် သွေးအနည်များတဖြည်းဖြည်းစုပုံလာခြင်းကြောင့် ဖြစ်သည်။ ကြာလာလျှင် ထိုအနည်ခဲများ ရုတ်တရက်ပေါက်ထွက်ပြီးနှလုံးသွေးကြောပိတ်ခြင်း ဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် နှလုံးကြွက်သားသည် လိုအပ်သောအောက်ဆီဂျင်နှင့်သွေးကိုမရရှိတော့ဘဲဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ ဘာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ရသလဲ နှလုံးသွေးကြောကျဉ်းရောဂါသည် သွေးကြောနံရံမာကြောလာခြင်းကြောင့် ဖြစ်သည်။ ကိုလက်စထရော၊ ကယ်လ်ဆီယံနှင့် ဆဲလ်အနည်များသည် နှလုံးသွေးကြော၏အတွင်းနံရံတွင် တဖြည်းဖြည်းစုပုံလာကာသွေးကြောနံရံမာကြောလာခြင်း ဖြစ်သည်။ ထိုအခါ သွေးကြောတဖြည်းဖြည်းကျဉ်းလာပြီးနှလုံးကြွက်သားသို့ သွေးရောက်ရှိမှုနည်းလာသည်။ ကြာလာလျှင် သွေးကြောပိတ်ကာလူနာသည် ရုတ်တရက်ရင်ဘတ်အောင့်ခြင်း(Angina) ဖြစ်လာနိုင်သည်။ ရုတ်တရက်ရင်ဘတ်အောင့်ခြင်း(Angina) ၏လက္ခဏာများ Angina သည် နှလုံးကြွက်သားဆီသွေးလုံလောက်စွာမရောက်ရှိခြင်းကြောင့် ခံစားရသောလက္ခဏာတမျိုးဖြစ်သည်။ လူနာသည်ရင်ဘတ်ကိုဖိထားသကဲ့သို့ ခံစားရခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ဘယ်ဘက်လက်၊ပခုံးနှင့် လည်ပင်းတို့အထိနာကျဉ်ခြင်းတို့ခံစားရနိုင်ပါသည်။ မူမှန်သော Angina ပုံစံ လူနာသည် လှုပ်ရှားပြီးချိန်၊ အစာစားပြီးချိန်များတွင် ရင်ဘတ်အောင့်လာလျှင် မူမှန်သော Angina ပုံစံမျိုး ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းနေပြီးသော (သွေးကြောမပိတ်သေးသော) သူများတွင်တွေ့ရသောပုံစံဖြစ်သည်။ ဖြစ်စဉ်မှာအားကစားသို့မဟုတ် လှုပ်ရှားမှု ပြုလုပ်ပြီးချိန်တွင်ကျဉ်းနေသောသွေးကြောများကနှလုံးကြွက်သားမှပုံမှန်ထက်ပိုလိုအပ်နေသောသွေးပမာဏကိုလုံလောက်စွာမပို့ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ နားနေချိန်တွင်မူနှလုံးကြွက်သားများပုံမှန်အတိုင်းအလုပ်လုပ်နေသည့်အတွက် ရင်ဘတ်မအောင့်ပါ။ ထို့ကြောင့် မူမှန်သော […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းရောဂါကိုရှာဖွေခြင်း

နှလုံးသွေးကြောကျဉ်းရောဂါရှာဖွေရန် ဆရာဝန်မှဆေးဝါးရာဇဝင်များမေးခြင်း၊ ရောဂါစမ်းသပ်ခြင်းနှင့် ပုံမှန်သွေးစစ်ခြင်းများကိုပြုလုပ်ရပါသည်။ ဆရာဝန်တို့မှ ရောဂါရှာဖွေသည့် စမ်းသပ်မှုများကို တစ်ခုထက်ပို၍ ထောက်ခံပေးနိုင်သည်။ စမ်းသပ်မှုများစွာပြုလုပ်နိုင်ပါသည်။ အီးစီဂျီဆွဲခြင်း (Electrocardiogram) အီးစီဂျီ သည် နှလုံး လျှပ်စစ်ဆိုင်ရာ အချက်ပြသည့်မှတ်တမ်းများဖြစ်သည်. ဤစမ်းသပ်မှုသည် ယခင်က နှလုံးရောဂါ(သို့) ရောဂါပိုဆိုးလာကြောင်းကို ပြနိုင်ပါသည်။ အခြားနေရာများတွင် Holterနည်း (၂၄ နာရီ အီးစီဂျီ )ဖြင့် စောင့်ကြည့်ခြင်းလုပ်နိုင်သည်။ ဤနည်းသည် လူနာမှ ရွေ့လျားမော်နီတာကို ၂၄နာရီကြာ တပ်ဆင်ထားပြီး နေ့စဉ်ပုံမှန် အလုပ်များလုပ်နိုင်သည်။ ဒီစမ်းသပ်မှုက နှလုံးသို့သွေးစီးဆင်းမှု မလုံလောက်ခြင်း ကဲ့သို့သော ပုံမမှန်မှုများကို ညွှန်ပြပေးနိုင်ပါသည်။ Echocardiogram နှလုံးပုံရိပ်များကိုထုတ်ရန် နှလုံးပညာရှင်များသည် အသံလိှုင်းဖြင့် အသုံးပြုသည့် နှလုံးအက်ကိုးရိုက်ခြင်း(Echocardiogram)ကို အသုံးပြုနိုင်သည်။ စမ်းသပ်နေစဉ်အတွင်း သင့်ဆရာဝန်မှ နှလုံးနံရံ၏ အစိတ်အပိုင်းအားလုံးသည် ပုံမှန်ခုန်ခြင်းရှိမရှိကို စမ်းသပ်နိုင်သည်။ နှလုံးရပ်စဉ် ထိခိုက်သည့် အစိတ်အပိုင်းများ(သို့) အောက်ဆီဂျင်နည်းနည်းရရှိခြင်းများက […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

အမျိုးသမီးများနှင့် နှလုံးသွေးကြောကျဉ်းရောဂါ

အမျိုးသမီးများတွင် ဖြစ်သောနှလုံးသွေးကြောကျဉ်းရောဂါ နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသို့သွေးစီးဆင်းသော သွေးလွှတ်ကြောများကျဉ်းလျှင်(သို့) ပိတ်လျှင်တွေ့ရပါသည်။ နှစ်စဉ် နှလုံးသွေးကြောကျဉ်းရောဂါနှင့်သေဆုံးသော အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ပိုများလာသည်။ အကြောင်းမှာ အမျိုးသမီးများတွင် နှလုံးရောဂါနှင့် ဆက်စပ်သော ဖြစ်နိုင်သည့် အချက်များလွတ်သွားတတ်သောကြောင့် ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ ကို မြင့်တက်စေသည့် အရာတွေကဘာတွေလဲ။ အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်းများစေသည့် အချက်များစွာရှိပါသည်။ ဝခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကို အထူးသဖြင့် အသက်၄၅နှစ်နှင့်အထက် အမျိုးသမီးများတွင်တွေ့ရသည်။ သွေးတိုးခြင်း၊ ကိုလက်စထရောဓါတ်များခြင်း နှင့် ဆီးချိုအပါအဝင် ထိုရောဂါများသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေကို များစေပါသည်။ အခြားဖြစ်နိုင်သည့် အချက်များမှာ ဆေးဝါးများဖြစ်သည်။ ဥပမာ- သန္ဓေတားဆေးများ။ ထို့အပြင် မိသားစုလိုက ်နှလုံးရောဂါရှိသူများတွင် နှလုံးသွေးကြောကျဉ်း ရောဂါပို၍ဖြစ်နိုင်သည်။   အမျိုးသမီးများတွင် ဖြစ်သော နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အစပိုင်း သင့်တွင်မည်သည့်လက္ခဏာမှ ရှိမည်မဟုတ်ပါ။ လက္ခဏာများသည် တစ်ဖြည်းဖြည်းခြင်းနဲ့စဖြစ်လာနိုင်သည်။ သို့သော် သင့်သွေးကြောများတွင် ပုံမှန်မဟုတ်သည့် […]


နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းရောဂါဆိုင်ရာ အတွေးအမြင်အသစ်များ။

ကျွန်ုပ်တို့တွေးထားသည့် နှလုံးသွေးကြောကျဉ်း ရောဂါ နှင့် ၎င်းကုသမှုတွင် သိသာသောပြောင်းလဲမှုများရှိလာပါသည်။ ယနေ့အချို့ နှလုံးပါရဂူများသည် နည်းလမ်းအသစ်ဖြင့် တွေးတောနေစဉ် အခြားသူများက ရှေးရိုးအစဉ်အလာနည်းထဲတွင် ကျန်ရှိနေတုန်းဖြစ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါကို ရှေးအစဉ်အလာနည်းဖြင့် စဉ်းစားခြင်း အစဉ်အလာအားဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါသည် နှလုံးသွေးလွှတ်ကြောထဲတွင် သွေးစီးဆင်းမှုနည်းစေသော ပိတ်ဆို့မှုတစ်ခု ထက်မကရှိကြောင်းဆိုလိုပါသည်။ ဤအခြေအနေသည် ရင်ဘတ်စူးအောင့်ခြင်းကို ဖြစ်စေသည့်အပြင် ပိုဆိုးလာပါက ပိတ်ဆို့မှုများသည် ရုတ်တရက်လုံးဝပိတ်သွားကာ နှလုံးကြွက်သားကို သွေးစီးဆင်းသည့် သွေးလွှတ်ကြောများကို သေစေနိုင်သည်။ ၎င်းကို နှလုံးကြွက်သားပုပ်ခြင်း (သို့) နှလုံးဖောက်ခြင်းဟု သိထားကြသည်။ ထိုအချိန်တွင် လူအများစုသည် အဓိကပြဿနာမှာ ပိတ်ဆို့မှုကြောင့် ဖြစ်သည်ဟု ရှင်းပြကြသည်။ ထို့ကြောင့် ကုသမှု အများစုမှာ ပိတ်ဆို့မှုကို ဖယ်ရှားစေရန် လုပ်ရမည်ဖြစ်သည်။ ထိုကုသမှုများကို နှလုံးလမ်းကြောင်းလွှဲခွဲစိတ်ခြင်း(သို့) ပြွန်ချောင်းထည့်၍ ချဲ့ခြင်းတို့ဖြင့် ပြုလုပ်နိုင်သည်။ နှလုံးသွေးကြောကျဉ်းရောဂါ၏ ရှေး အစဉ်အလာနည်းက ပိတ်ဆို့မှုပေါ်တွင် အဓိကအာရုံထားသောကြောင့် ၎င်းကို […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Angina Unstable (နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Angina Unstable (နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကဘာလဲ။ angina ဆိုတာ နှလုံးကို သွေးမရောက်နိုင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းကို ခေါ်ပါသည်။ ဒါဟာ ခန္ဒါကိုယ်တွင်း သွေးကြောများ ကျဉ်းခြင်း သို့ ပိတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ သင့်ရဲ့ နှလုံးဟာ သွေးများ သယ်ယူရန် oxygen( အောက်ဆီဂျင်) လိုအပ်ပါတယ်။ Angina ၃ မျိုးရှိပါတယ်။ ၎င်းတို့မှာ Stable angina ကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်ထက် ပိုအလုပ်လုပ်တဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ stable angina က ပုံမှန် ပုံစံအတိုင်းဖြစ်ပါတယ်။ အနားယူပြီး ဆေးသောက်လျှင် သက်သာနိုင်ပါတယ်။ Unstable angina ကတော့ အန္တရာယ်အများဆုံးဖြစ်ပါတယ်။ သူက ဖြစ်လေ့ရှိတဲ့ ပုံစံမျိုးမရှိပဲ ရုပ်ပိုင်းဆိုင်ရာ အားစိုက်မှု မပါပဲလဲ ဖြစ်နိုင်ပါတယ်။ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Angina (နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကဘာလဲ။ angina ဆိုတာ နှလုံးကို သွေးမရောက်နိုင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းကို ခေါ်ပါသည်။ ဒါဟာ ခန္ဒါကိုယ်တွင်း သွေးကြောများ ကျဉ်းခြင်း သို့ ပိတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ သင့်ရဲ့ နှလုံးဟာ သွေးများ သယ်ယူရန် oxygen( အောက်ဆီဂျင်) လိုအပ်ပါတယ်။ Angina ၃ မျိုးရှိပါတယ်။ ၎င်းတို့မှာ— • Stable angina ကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်ထက် ပိုအလုပ်လုပ်တဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ stable angina က ပုံမှန် ပုံစံအတိုင်းဖြစ်ပါတယ်။ အနားယူပြီး ဆေးသောက်လျှင် သက်သာနိုင်ပါတယ်။ • Unstable angina ကတော့ အန္တရာယ်အများဆုံးဖြစ်ပါတယ်။ သူက ဖြစ်လေ့ရှိတဲ့ ပုံစံမျိုးမရှိပဲ ရုပ်ပိုင်းဆိုင်ရာ အားစိုက်မှု မပါပဲလဲ ဖြစ်နိုင်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်