သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

နှလုံးသွေးကြော ကျဉ်းရောဂါက ပြန်ပျောက်သွားတတ်လား ။ ။

    နှလုံးသွေးကြော ကျဉ်းရောဂါက ပြန်ပျောက်သွားတတ်လား ။ ။

    မောမောနေလို့ ဆိုပြီး ဆေးခန်းသွားပြတဲ့လို့ ECG ဆွဲ ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ နှလုံးသွေးကြောကျဉ်းနေတယ်ဆိုတဲ့ အဖြေပြန်ထွက်လာခဲ့ရင် လူတိုင်းလန့်သွားကြမှာပါ။ နှလုံးသွေးကြောဘာ့ကြောင့်ကျဉ်းတာလဲ၊ ဘယ်လိုကာကွယ်ရမလဲ။ ပြန်ရော ပျောက်သွားတတ်လားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီဝင်လာမှာ ကျိန်းသေပါတယ် ။

    နှလုံးသွေးကြောဘာ့ကြောင့်ကျဉ်းတာလဲ။

    အဓိက မြင့်တက်နေတဲ့ေသွးတွင်းကိုလက်စရောကြောင့် ပါ။ ကိုလက်စရော ရှိသင့်တာထက်ပိုများနေတဲ့ သူတွေရဲ့ သွေးကြောနံရံလေးတွေမှာ အဆီတွေ တဖြည့်းဖြည်းစုပုံလာပြီးနောက်ပိုင်း သွေးကြောတွေမာခဲလာကာ ေသွးကြောကျဉ်းလာပါတယ်။ ပျော့ပျောင်းလွယ်ဖြစ်ရမယ့် သွေးကြောလေးတွေ မာလာတာကြောင့် ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ နှလုံးဆီကို သွေးရောက်တာနည်းသွားမှာ ဖြစ်တဲ့အပြင် စုပုံနေတဲ့ သွေးကြောနံရံက အဆီလေးတွေ ကွာထွက်ကုန်ပြီး နှလုံးသွေးကြောပိတ်တဲ့ ပြဿနာတွေကိုပါ ဖြစ်စေတတ်ပါတယ်။

    နှလုံသွေးကြော တစ်ခါကျဉ်းပြီးသွားရင် ပြန်ကောင်းတတ်လား ။

    နှလုံးသွေးကြောက တစ်ခါကျဉ်းဖူးရင် ပုံမှန် ပြန်မဖြစ်နိုင်တော့ပါဘူး။ နှလုံးသွေးကြော တစ်ခါကျဉ်းဖူးတဲ့လူနာတစ်ယောက်အတွက် အရေးကြီးဆုံးက ရောဂါပိုဆိုးမလာအောင် တားဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ပိုဆိုးမလာအောင် တားဖို့ဆို များနေတဲ့ ကိုလက်စရောကို ပြန်ကျအောင်ထိန်းဖို့နဲ့ အခြား စားသောက်မှုတွေ နေထိုင်မှု ပုံစံတွေကို ပြောင်းဖို့လိုအပ်ပါတယ်။ ကျဉ်းနေတဲ့သွေးကြောကို ခွဲစိတ်မှုပြုလုပ်ပြီးပြန်ချဲ့တာ၊ ပိတ်နေတဲ့သွေးကြောကို stent ထည့်တာမျိုးတွေ လုပ်လို့ရပါတယ်။

    ပြောင်းလဲသင့်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေကတော့

    ကိုလက်စရေြာပန်ကျအောင် ထိန်းဖို့က ကိုလက်စရောများစေတဲ့ အစားအသောက်တွေကို အဓိက ရှောင်ရမှာဖြစ်ပြီး တက်နေတဲ့ ကိုလက်စရောပြန်ကျဖို့ ဆေးသောက်ရမှာ ဖြစ်ပါတယ်။

    • အသီးအရွက်များများစားပါ။ ပေါင်မုန့်တွေ ဆီကြောမုန့်တွေ အစား အသီးအနှံတွေ များများစားပါ။
    • မပြည့်ဝဆီ တွေက သွေးထဲမှာ များနေတဲ့အဆီတွေကို လျှော့ချပေးနိုင်စွမ်းရှိတာကြောင့် မပြည့်ဝဆီ ကြွယ်ဝတဲ့ သံလွင်ဆီ၊ ထောပတ်သီးနဲ့ အစေ့အဆံတွေ စားပေးပါ။
    • စားစရာတွေမှာပါတဲ့ ဟင်းအဆီ၊ ဝက်ဆီ၊ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။
    • ကိုယ်ခန္ဓါအတွက် မကောင်းတဲ့ ပြည့်ဝဆီတွေ များနေတဲ့ တာရှည်ခံအစားအစာတွေ၊ နှစ်ပြန်ကြော်တွေနဲ့ အခြား ဆီကြော်မုန့်တွေကို ရှောင်ပါ။
    • ဆားလျှော့စားပါ။ အငန်စားများရင် ေသွးတိုးရောဂါ ြဖစ်စေနိုင်ပါတယ်။ သွေးတိုးနောက်ဆက်တွဲအနေနဲပ နှလုံးသွေးကြောကျဉ်းတဲ့ပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် အငန်လျှော့စားဖို့ အရေးကြီးပါတယ်။
    • အရက်လုံးဝရှောင်လိုက်ပါ။ ကျန်းမာရေးအတွက် ကောင်းကျိုးမပြူတဲ့ အရက်၊ ဘီယာတို့မှာ ကယ်လိုရီ အများကြီးပါတဲ့အပြင် သွေးတိုးလည်းဖြစ်စေနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းတဲ့သူတွေ အတွက် သတိပြုစရာပါ။
    • ဆေးလိပ်ြဖတ်ပါ။ ဆေးလိပ်ကိုယ်တိုင်က နှလုံးသွေးကြောကျဉ်းစေတဲ့အဓိက တရားခံ ဖြစ်တာကြောင့် ဆေးလိပ်ဖြတ်ဖို့ အရမ်းကို အရေးကြီးပါတယ်။
    • လေ့ကျင့်ခန်းလေးလည်း ပုံမှန်လုပ်ပါ။ နှလုံးညှစ်အားနဲ့ သွေးလည်ပတ်မှုကို ကောင်းစေတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းလေးလည်း လုပ်ပေးဖို့လိုပါတယ်။ နာရီဝက်ကနေ ၁ နာရီလောက်အထိ လုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    health-tool-icon

    ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

    သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

    အမျိုးသား

    အမျိုးသမီး

    မည်သူ့အတွက် စစ်ဆေးမည်နည်း။

    နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

    60

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 29/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: