အိပ်ရင် ဟောက်တတ်တဲ့သူ တွေကို တွေ့ဖူးကြမှာပါ။ အိပ်ရင် ဟောက်နေတဲ့သူကတော့ ဘာမှမသိပေမယ့် သူ့ ဟောက်သံကို ကြားနေရတဲ့သူတွေ အတွက်ကတော့ တော်တော်ကို အဆင်မပြေဖြစ်ရပါတယ်။ ကိုယ့်အိပ်ရာနားမှာ ဟောက်တတ်တဲ့သူတစ်ယောက်ရှိုလို့ကတော့ တစ်ညလုံး အိပ်လို့ ရမှာ မဟုတ်ဘူးလို့သာ မှတ်လိုက်ပေတော့။ ဒီတော့ ဘာကြောင့် ဟောက်ရတာလဲ.။ ဟောက်ရတဲ့ အကြောင်းအရင်းကို သိမှ ဘယ်လိုရပ်အောင် လုပ်လို့ရမှာလဲဆိုတာကို သိမှာဖြစ်ပါတယ်။