အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရေးမဝတဲ့အခါ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အိပ်စက်ခြင်းက အင်အားပြည့်ဝစေသလို စိတ်ခံစားမှု ကောင်းစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါဆို အိပ်စက်ခြင်းကို ထိခိုက်စေတဲ့အရာတွေက ဘာတွေရှိလဲ။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ

လူအများစုဟာ နေ့လယ်စာစားပြီးချိန်တွေမှာ ငိုက်မြည်းလာတတ်ကြတယ်။ အိပ်ချင်လာတယ်ပေါ့။ မကြာခဏ ဒီလိုဖြစ်တတ်ပေမယ့် ဒါဘာကြောင့် ဖြစ်ရတာလဲဆိုတာကိုတော့ တိတိပပသိကြတာမျိုးမရှိကြပါဘူး။ ရိုးရာယူဆချက်တွေအရဆိုရင်တော့ ထမင်းဆိပ်တက်တယ်ပေါ့။ တကယ်တော့ နေ့လယ်စာစားပြီးချိန်မှာ အိပ်ချင်စိတ်ဖြစ်ပေါ်တာဟာ သဘာဝအစာခြေစနစ်လုပ်ငန်းစဉ်နဲ့ အိပ်စက်မှုလုပ်ငန်းစဉ်က ဆက်စပ်နေတာကြောင့်ပါပဲ။ ပြောရရင် သဘာဝဖြစ်စဉ်တစ်ခုလို့ ဆိုမယ်ဆို ဆိုလို့ရပါတယ်။ ဒါပေမယ့်လည်း ဒါကြောင့်ချည်းတော့ နေ့တိုင်း အိပ်ချင်စိတ်ပေါ်နေမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်စားလိုက်တဲ့အစားအစာကြောင့်လည်း အိပ်ချင်စိတ်ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ကိုယ်မှီဝဲစားသုံးလိုက်တဲ့ အစားအစာက ပင်ပန်းနွမ်းနယ်စေပြီး အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတာပါ။ ဒါကို Postprandial Somnolence လို့ ခေါ်ပါတယ်။ နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ နေ့လယ်စာစားပြီးချိန်တွေမှာ ဘာလို့ အိပ်ချင် တာလဲ ဆိုတော့ လေ့လာချက်တွေအရဆိုရင်တော့ နေ့လယ်စာစားပြီးချိန်တွေမှာ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်တဲ့။ ဘာတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။ ၁။ အစားအသောက်ကြောင့် အစားအစာအများစုမှာ ပါဝင်နေတဲ့ ကာဘိုဟိုက်ဒြိတ်နဲ့ ပရိုတိန်းတွေက လူကို ပင်ပန်းစေနိုင်ပါတယ်။ တခြားအစားအစာတွေထက်စာရင် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

ကျွန်တော်တို့တွေ အိပ်ရေးမဝရင် ဘာတွေ ဖြစ်တတ်လဲဆိုတာ ဆွေးနွေးပြီးခဲ့ကြပါပြီ။ ဒီတော့ လိုတာထက် ပိုအိပ်မိရင် ဘာတွေဖြစ်တတ်လဲဆိုတာလေး ဒီတစ်ခါ ဆွေးနွေးကြည့်ကြရအောင်။ ပထမဆုံးသိသင့်တဲ့အချက်က ‘လိုတာထက် ပိုအိပ်မိတယ်ဆိုတာ ဘယ်လို အတိုင်းအတာကို ခေါ်တာလဲ’ဆိုတာပါပဲ။ ပုံမှန် အိပ်စက်ချိန်စံနှုန်းဟာ ၈နာရီပဲ ရှိပါတယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီပေါ် မူတည်ပြီးတော့ အသက် ၁၈ နှစ် ကနေ ၆၄ နှစ်ထိ လုံလောက်တဲ့ အိပ်စက်ချိန်ဟာ ၇-၉ နာရီကြားရှိတတ်ပြီး ဒီထက်ပိုရင်တော့ Oversleep ဖြစ်တယ်၊ ပိုအိပ်မိတယ်လို့ ဆိုနိုင်ပါတယ်။ ပိတ်ရက်လေးတွေပဲ အိပ်ရတာ၊ အိပ်မှာပဲဆိုရင်တော့ သိပ်ပြဿနာမရှိလှပါဘူး။ ဒါပေမဲ့ နေ့တိုင်းနီးပါးမှာ ၉နာရီထက် ပိုအိပ်မိနေပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘယ်လို ပြဿနာတွေလဲ။ လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ ဆိုတာကို […]


အိပ်စက်ခြင်း

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား ..... အိပ်စက်ချိန်ဆိုရင် သက်သောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။ လူသားတို့အတွက် အဆင်ပြေတဲ့ အိပ်စပ်ပုံကတော့ လဲလျောင်းအိပ်စက်ပုံ ဖြစ်ပါတယ်။ ရပ်လျက်နဲ့တစ်ခုခုကို မှီပြီးဖြစ်စေ၊ ခုံမှာထိုင်ပြီးဖြစ်စေ အိပ်စက်မယ်ဆိုရင် သင့်ကြွက်သားများဟာ သင့်ကိုယ်နေဟန်ထားကို သက်သောင့်သက်သာဖြစ်အောင် လိုက်ပါထိန်းညှိနေရလို့ အိပ်စက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် REM လို့ခေါ်တဲ့ အိပ်စက်ခြင်းကနဦးအဆင့်ကို စတင်နိုင်ဖို့ လဲလျောင်းအိပ်စက်ဖို့ လိုအပ်ပါတယ်။ အဆိုပါအဆင့်မှာ ကြွက်သားများလည်း မလှုပ်ရှားတော့ပါဘူး။ လူအများစုဟာ မွေ့ရာပေါ်မှာ၊ ခုတင်ပေါ်မှာ အိပ်စက်ကြပေမယ့် နောက်ပိုင်းမှာ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းဟာ ခေတ်စားလာပါတယ်။ ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား သက်သောင့်သက်သာဖြစ်စေမယ့် မွေ့ရာခုတင်မျိုးမရှိရင် ပုခက်ပေါ်အိပ်ခြင်းက အကောင်းဆုံးပဲလို့ ညွှန်းလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်း ဖြစ်ပါတယ်။ ကြိုးပုခက် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ

လူသားတွေဟာ သူတို့ဘဝရဲ့ သုံးပုံတပုံကို အိပ်စက်ချိန်အဖြစ်တဲ့ ဖြတ်သန်းကြပါတယ်။ တကယ်တော့ အိပ်စက်ခြင်းဟာ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းနဲ့ ဆက်စပ်နေပါတယ်။ အိပ်ရေးပျက်ရင် စိတ်ရောကိုယ်ပါ မလန်းဆန်းဘဲ အိမ်မှာ၊ ကျောင်းမှာ စွမ်းဆောင်ရည် ကျဆင်းနိုင်ပါတယ်။ ကြာလာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ ကို ကြားဖူးကြမှာပါ။ လူအများဟာ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး အယူအဆအမှားတချို့ ရှိနေတတ်ပါတယ်။ ယုံတမ်းစကားများအနေနဲ့ တယောက်နဲ့တယောက်လက်ဆင့်ကမ်းပြီး အချက်အလက်အမှားတွေ ဖြန့်ချိနေကြပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ကြားနေကျယုံတမ်းစကားတွေ ဖြစ်ပါတယ်။ အဆိုပါအယူအဆများဟာ မှားယွင်းနေတာကို သတိပြုရပါမယ်။ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အိပ်စက်ခြင်းဆိုင်ရာ ယုံတမ်းစကားများ ကတော့ ယုံတမ်းစကား ၁။ အရွယ်ရောက်ပြီးသူတွေဟာ ၅ နာရီလောက်အိပ်ရင် လုံလောက်တယ် သုတေသီတွေရဲ့ အဆိုအရ အဆိုပါအယူအဆကြောင့် လူအများစုရဲ့ ကျန်းမာရေးကို […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

'အိပ်မက် လေးထဲမှာ မင်းနဲ့ကိုယ် အမြဲဆုံချင်တယ်'

ဒါပေါ့ အပြင်မှာမတွေ့ရရင်လည်း အိပ်မက် ထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ဒီနေ့တော့ ကျန်းမာရေးအကြောင်းမဟုတ်ဘဲ လူ့ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေအကြောင်း ပြောပြပေးပါ့မယ်။ အိပ်မက်ကတော့ လူတိုင်းမက်ကြတာပဲ။ ပညာရှင်တွေက အိပ်စက်ချိန်မှာ လူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေ (ဥပမာ သွေးပေါင်ချိန်၊ ဇီဝရုပ်ဖြစ်ပျက်မှုတွေ၊ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေ)ကို လေ့လာခဲ့ပြီး သိသင့်သလောက်သိကြပေမယ့် ဘာကြောင့် အိပ်မက်မက်လဲဆိုတာကိုတော့ တိတိကျကျ ပြောနိုင်ခြင်း မရှိသေးပါဘူး။ အိပ်မက်နဲ့ ပတ်သတ်ပြီး သိပ္ပံပညာအရ မဟုတ်ဘဲ ဘာမက်ရင် ဘာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေ အများကြီး ရှိနေပါတယ်။ ဥပမာ ကောသလမင်းကြီး အိပ်မက် ၁၆ချက်တို့၊ အသားလှုပ်အိပ်မက်တို့၊ ကိုယ်ဝန်အိပ်မက်တို့၊ မြွေမက်ရင် ငွေဝင်မယ်တို့ စသဖြင့် နိမိတ်ကောက်အိပ်မက်လည်း အမျိုးမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် အိပ်မက်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဆက်ကြည့်ရအောင်။ အိပ်မက်ထဲမှာ စာဖတ်လို့မရသလို […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

လူတွေ ဘာကြောင့် လေလည်တာလဲ။ ကျွန်တော်တို့ လူသားတွေ အစာစားလိုက်တဲ့အခါ အစာအိမ်ကနေ စားလိုက်သမျှ အစာတိုင်းကို ပြန်ချေဖျက်ပေးရပါတယ်။ စားတဲ့အထဲမှာ ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓာတ်တွေကို အူငယ်လေးက အကုန်အစင် မချေဖျက်ပေးနိုင်တဲ့အတွက် အူမကြီးက ဒါကိုချေဖျက်ပေးရပြီး လေတွေ ထုတ်ပေးပါတယ်။ လေတွေ များလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အပြင်ဘက်ကို ပြန်ထုတ်ပေးဖို့ လိုပါတယ်။ ထွက်လာတဲ့ လေတွေကို အူလမ်းကြောင်းကနေတစ်ဆင့် စအိုအပြင်ဘက်ကို ထုတ်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို လေလည်ပေးလိုက်ခြင်းဖြင့် ဝမ်းဗိုက်ထဲ လေပွပြီး မအီမသာဖြစ်ခြင်းကို သက်သာစေသလို ရင်ပြည့်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အောက်ကနေ မဟုတ်ဘဲ လည်ချောင်းကနေ တစ်ဆင့် အပေါ်ကို လေကန်တက်ပြီး လေချဉ်တက်တဲ့ပုံစံမျိုးနဲ့လည်း လေထုတ်ပေးတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ဘာလို့ လေလည်တာလဲ။ လူတွေ နှစ်ခြိုက်စွာ အိပ်စက်အနားယူနေတဲ့အချိန်မှာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ

အလုပ်ပိတ်ရက် အိမ်မှာ အိပ်ငိုက်တာက နေ့ခင်းနေ့လယ် တစ်ရေးအိပ်ပြီး အနားယူလိုက်လို့ ကောင်းတယ်ဆိုပေမယ့် အလုပ်ခွင်ထဲမှာ အိပ်ငိုက်နေတာကတော့ တောတော်လေး ဂွကျတဲ့ ကိစ္စပါ။ အလုပ်တွေ လုပ်စရာ ရှိနေတာကို အိပ်ငိုက်နေတာက ကိုယ့်ကိုယ် မကြိုးစားတဲ့သူရယ်လို့ ထင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်း ထမင်းစားပြီး အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ကျော်ဖြတ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ ဆိုရင် အိပ်ငိုက်တယ်လို့ ခံစားလာရတဲ့အခါ ကော်ဖီ နည်းနည်းသောက်လိုက်ပါ အလုပ်လုပ်ရင်း ခြေကုန်လက်ပမ်းကျလာသလိုလို ဒါမှမဟုတ် အလုပ်လုပ်ရတာ စိတ်မပါသလိုလို ဖြစ်လာပြီဆိုရင် အလုပ်ကို ခဏလေး နားပြီး ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ပါ။ ဒီလို လုပ်တာက ခန္ဓာကိုယ်ကို လန်းဆန်းသွားစေပြီး […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့

သိတ္တဒ္ဓမင်းသားဟာ ညဉ့်ယံအချိန် တောထွက်ခါနီးမှာ စိတ်လွတ်ကိုယ်လွတ် အိပ်မောကျနေကြတဲ့ မောင်းမမိတ်သံ၊ အခြွေအရံတွေကို မြင်ပြီး သံဝေဂတရားရခဲ့တယ်ဆိုတာ တကယ့်အဖြစ်မှန်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေ အိပ်စက်နေရင် စိတ်ပျက်စရာ ကောင်းလောက်အောင် ပုံဆိုးပန်းဆိုးဖြစ်နေတတ်တာ သဘာဝလို့ သိပ္ပံပညာရှင်တွေက ဆိုထားတာကြောင့်ပါ။ လူတွေ အိပ်ပျော်သွားရင် ဘာစွဲဆောင်မှုမှ မရှိတော့ပါဘူးတဲ့။ လူတွေ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်အရေပြားက သန့်စင်မှုတွေလုပ်တတ်ပြီးတော့ အနံ့ဆိုးတွေ အညစ်အကြေးတွေလည်း ထွက်နေတတ်ပါတယ်။ ဒီကြားထဲ ဟောက်ပါ ဟောက်တတ်သေးတယ်ဆိုရင်တော့ ကိုယ်နဲ့အတူ အိပ်စက်တဲ့ အဖော်အတွက်တော့ စိတ်ညစ်စရာဖြစ်စေပြီပေါ့။ ညိုမည်းနေတဲ့ ပန်ဒါမျက်လုံးကြီးတွေနဲ့ ဖောင်းတင်းနေတဲ့ နှုတ်ခမ်းဖူးဖူးကြီးတွေရှိနေမယ့် ကိုယ့်မျက်နှာကို တွေးပြီး မြင်ယောင်ကြည့်ပါလား။ ဒီလို ပုံဆိုးပန်းဆိုးကြီးနဲ့ အိပ်ပျော်နေမှာကို စိုးရိမ်သူတွေလည်း ရှိနေမှာသေချာပါတယ်။ လှချင်တဲ့ ကိုကိုတွေ၊ မမတွေကတော့ အိပ်စက်ချိန်မှာတောင် လှတပတလေး ဖြစ်နေချင်ကြမှာ အသေအချာပါပဲ။ ဒီဆောင်းပါးမှာတော့ အိပ်စက်ချိန်တိုင်အောင် လှလှပပလေး […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေစဉ် အကြောဆွဲခြင်း

တစ်ခါတစ်လေ အိပ်နေတုန်း အကောင်းကြီးကနေ ဘာဖြစ်မှန်းမသိ ဆတ်ခနဲ တုန်ပြီး အကြောဆွဲဖူးပါလား။ တချို့ဆို လက်တွေ မြှောက်တာ၊ ခြေထောက်တွေ ကန်မိတာတွေ အထိပါ ဖြစ်တယ်လေ။ အဲ့ဒါကို ဆေးပညာအရ Sleep myoclonus အိပ်နေစဉ် အကြောဆွဲခြင်း လို့ ခေါ်ပါတယ်။ ကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ လူကြီးတွေမှာလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဒါမျိုး ဖြစ်လာရင် တက်လာများလား၊ ထမင်းလုံးတစ္ဆေခြောက်တာလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ သူ့နောက်ကွယ်က အဖြစ်မှန်က ဘာလဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။ အိပ်နေစဉ် အကြောဆွဲခြင်း ဘာကြောင့် ဖြစ်တာလဲ။ အိပ်နေစဉ် အကြောဆွဲခြင်း ဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ မပြောနိုင်သေးပေမယ့် ဦးနှောက်ထဲက neurotransmitter ဒိုပါမင်းကြောင့်လို့ ယူဆကြပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အတက်ရောဂါနဲ့ ခွဲလို့ ရနေပါပြီ။ အတက်ရောဂါကတော့ ဦးနှောက်ထဲက လျှပ်စီးဓာတ်တွေ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ချိန်လေးတော့ မှန်ပါစေ

အိပ်ချိန်လေးတော့ မှန်ပါစေ ..... ညဘက်တွေကို အလုပ်တွေ လုပ်ရင်းဖြစ်ဖြစ်၊ စာဖတ်ရင်း၊ သီချင်းနားထောင်ရင်း ၊ ရုပ်ရှင်ကြည့်ကောင်းလို့ ထိုင်ကြည့်မိရင်း၊ ဂိမ်းတွေ ဆော့ရင်းက စောရင်စောတယ်၊ နောက်ကျရင်လည်း သန်းခေါင်မှ အိပ်တယ်ဆိုတဲ့သူလေးတွေရှိလား......... ဒါဆိုရင် သေချာတာ အိပ်ချိန် သတ်သတ်မှတ်မှတ် မရှိဘူးဆိုတာပါ။ ဒီလိုဆိုရင် ဘယ်လိုပြဿနာတွေ ရှိလာနိုင်လဲ.... ဒီဆောင်းပါးလေးမှာ ပြောပြပေးပါရစေလား......... လူတော်တော်များများလက်ခံထားတဲ့ အယူအဆ လူတော်တော်များများ လက်ခံထားတာက အိပ်ချိန်မှန်တာ၊ မမှန်တာက အဓိကမဟုတ်ဘူး။ ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ရှိရင်ကို လုံလောက်ပြီ။ အိပ်ချိန်မ မမှန်တာက ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူး။ အိပ်ရေးဝအောင် မအိပ်တာကသာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာရယ်လို့ပါ။ အိပ်ရေးပျက်တာ နည်းတူ ထိခိုက်စေနိုင်တဲ့ အိပ်ချိန် မမှန်ခြင်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိခဲ့ရတာက အိပ်ရေးပျက်တာ တင်မဟုတ်ဘဲ အိပ်စက်ချိန် မမှန်တာကလည်း နှလုံးကျန်းမာရေးကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်