ညညအိပ်မပျော်ဘူး။ မနက်နိုးလာတိုင်းလည်း အိပ်ရေးမဝဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။
ညညအိပ်မပျော်ဘူး။ မနက်နိုးလာတိုင်းလည်း အိပ်ရေးမဝဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။
တစ်ညတာအိပ်စက်မှုက ကျန်းမာပျော်ရွှင်နေစေဖို့ အများကြီးအထောက်အကူပြုပါတယ်။ ဒါကြောင့် ညစဉ်ကောင်းစွာအိပ်ပျော်စေဖို့ မအိပ်ခင်မှာ ဒီသောက်စရာလေးတွေကိုသောက်ပေးပါ။
Malt milkတွေမှာ သံဓာတ်၊ ဇင့်၊ဖော့စဖရိတ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် B အပြင် အမိုင်နိုအက်ဆစ်တို့ပါဝင်နေတာကြောင့်ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
မအိပ်ခင် ၁ နာရီခွဲအလိုလောက်မှာ နွားနို့ပူပူလေး တစ်ခွက်သောက်ပေးတာက ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အနားယူနိုင်စေဖို့ အားဖြည့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မှာပါ။
ည အိပ်ရာမဝင်ခင်မှာ ရေတစ်ခွက်သောက်ပေးတာက ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်း လည်ပတ်စေနိုင်သလို ညဘက်မှာလည်း ကောင်းကောင်း အိပ်ပျော်စေနိုင်မှာပါ။
ညဘက်အိပ်ပျော်စေတဲ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပါထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ညဘက်ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင် ညမအိပ်ခင် ၁ နာရီလောက်မှာ အုန်းစိမ်းရည် အနည်းငယ် သောက်ပေးပါ။
ချာမိုမိုင်းလက်ဖက်ရည်
မအိပ်ခင် ၁ နာရီခွဲအလိုလောက်မှာ ချာမိုမိုင်းလက်ဖက်ရည်ထဲကို ပျားရည် နည်းနည်း ထည့်ပြီး သောက်ပေးတာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။
အိပ်ရာမဝင်ခင် ၁ နာရီခွဲအလိုလောက်မှာ ပင်မှည့်သီးဖျော်ရည်ထဲကို ပျားရည် နည်းနည်းထည့်ပြီးဖျော်ပေးလို့ သောက်ပေးတာကလည်းပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိစေမှာပါ။
ကဖင်းပါဝင်မှုနည်းတဲ့ လက်ဖက်စိမ်းရေနွေးကြမ်း
ကဖင်းများရင် အိပ်ပျော်စေဖို့ ခက်နိုင်ပေမယ့် ကဖင်းပါဝင်မှု နည်းတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းကတော့ ခန္ဓာကိုယ်ကို အနားရစေပြီးကောင်းမွန်တဲ့ အိပ်စက်မှုရရှိအောင်ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။
ချယ်ရီသီးဖျော်ရည်
ညနေပိုင်းမှာ ချယ်ရီသီးဖျော်ရည်သောက်ပေးတာက ညဘက်မှာကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။ ညဆိုင်းဆင်းရသူတွေအနေနဲ့ကတော့ အလုပ်ပြီးချိန်မှာသောက်ပေးမယ်ဆိုရင်ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။
ကဲ….. ညတိုင်း အိပ်မပျော်လို့ မနက်မထချင်ဘူး။ အလုပ်လုပ်တဲ့အခါခေါင်းမကြည်ဘူးဖြစ်နေတယ်ဆိုသူတွေ ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်နော်။ အိပ်ပျော်အောင် သောက်ခါမှ ဆီးခဏခဏ ထသွားရလို့ အိပ်ရေးပျက်တာမျိုး မဖြစ်စေဖို့ အိပ်ချိန်နဲ့ ခပ်ခွာခွာလေးမှာ နည်းနည်းလောက်ပဲ သောက်ပါလို့ ပြောပါရစေနော်။
ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း………..
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။