အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။ MBTI ဘယ်ကစ Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။ သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ပိတ်ရက်ရှည် ကြီးပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ.........

ပိတ်ရက်တွေမရောက်ခင်က ပျော်စရာအကောင်းဆုံး အချိန်လေးပါ။ ပိတ်ရက်အတွင်းမှာလည်း ပျော်နေဆဲပါပဲ။ ဒါပေမယ့် ပိတ်ရက်ရှည် ကြီးပြီးလို့ ပြန်ဖွင့်ခါနီးပြီဆိုရင် စိတ်ဓာတ်က အလိုလိုကျလာပြီ။ ရုံးပြန်တက်ရတော့မယ်ဆိုရင်တော့ အရမ်းပျင်းပြီး ရုံးမတက်ချင်တဲ့ ဆန္ဒက အရမ်းများနေပြီပေါ့။ ရုံးကလည်း မတက်လို့မဖြစ်ဘူး။ ရုံးတက်ဖို့လည်း စိတ်ကလုံးဝမပါဘူးဆိုသူလေးတွေအတွက် ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ပျော်ရွှင်စရာ ရုံးပိတ်ရက်ရှည် ပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ ပျော်ရွှင်စရာ ရုံးပိတ်ရက်တွေပြီးလို့ ရုံးပြန်မတက်ချင်တဲ့အခါ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ဒီတော့ ရုံးပြန်တက်ဖို့မပျင်းရအောင် တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောဆိုပါ ရုံးပိတ်ရက်ပြီးခါနီးလိုအချိန်မျိုးမှာ ရင်းနှီးရသူတစ်ယောက်ယောက်နဲ့ ဖုန်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် အပြင်မှာ ကိုယ်တိုင်တွေ့ပြီးဖြစ်ဖြစ်စကားစမြည်ပြောပါ။ အားလပ်ရက်ဘာတွေလုပ်ဖြစ်တယ်။ ဘယ်လိုမျိုးအချိန်ကို ကုန်ဆုံးခဲ့တယ်။ သူရော အားလပ်ရက်မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာကို မေးမြန်းပြောဆိုပေးပါ။ အပြင်ထွက်ပါ အခန်းအောင်းနေမယ်။ အိမ်တွင်းအောင်းနေမယ်ဆိုတာက ကိုယ်တိုင်လည်း ကြိုက်တဲ့ အပြုအမူတစ်ခုဆိုပေမယ့် အားလပ်ရက်မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချိန်းပြီး အပြင်ထွက်လိုက်တာ စိတ်ကိုလန်းဆန်းတက်ကြွစေနိုင်ပြီး အားလပ်ရက်ပြီးလို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိပ်ပင်လို လူသားတွေနဲ့ ဆက်ဆံရတဲ့အခါ

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်ပင်လို လူသားတွေ အရမ်းများတယ်ဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ သိသာပါတယ်။ ဒီလိုလူမျိုးတွေနဲ့ စကားပြောပြီးသွားတဲ့အခါ နဂိုကြည်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စိတ်တို၊ ဒေါသတွေ တနုံ့နုံ့ထွက်ကျန်ခဲ့ရတာနော်။ အဆိပ်ပင်လိုလူသားတွေက နေရာအနှံ့မှာ ရှိနိုင်သလို ကိုယ်က ကောင်းတယ်လို့ ထင်နေရတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ် ဥပမာ - လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုးတွေပေါ့။ လူ့လောကမှာ နေထိုင်အသက်ရှင်နေရတဲ့အခါ ကောင်းတဲ့သူတွေနဲ့လည်း တွေ့နိုင်သလို အဆိပ်ပင်တွေနဲ့လည်း အမြဲတွေ့ရနိုင်တဲ့အတွက် ဒီလိုလူမျိုးတွေ ကိုယ့်ဘဝထဲမှာ ရှိနေရင် ဘယ်လိုပေါင်းသင်းဆက်ဆံသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အဆိပ်ပင်လူသားတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်များ • ကိုယ်မှကိုယ်ပဲ သိတတ်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်း • တခြားလူတွေကို လိမ်လည်လှည့်ဖျားတတ်ခြင်း • စိတ်ပိုင်းဆိုင်ရာ စော်ကားတတ်ခြင်း • မရိုးသားခြင်း၊ လိမ်လည်တတ်ခြင်း • မလှိမ့်တပတ်လုပ်ခြင်း • မျက်ရည်ခြူဇာတ်သွင်းခြင်း • အမှားလုပ်ပြီး ပြန်မတောင်းပန်တတ်ခြင်း • […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရောဂါထက် ကြောက်စိတ်ကြောင့် မြန်မြန်သေဆုံးနိုင်တယ်ဆိုတာ သိရဲ့လား

လူတော်တော်များများက ရုပ်ခန္ဓာကျန်းမာရေးကို အလေးပေးပြီး စိတ်ကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။ တကယ်တမ်း လူတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့ စိတ်ရော ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှ ဖြစ်မှာပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုတဲ့ စကားပုံအတိုင်းပဲ၊ ရုပ်ခန္ဓာကျန်းမာခြင်းနဲ့ စိတ်ပျော်ရွှင်ခြင်းဟာ တစ်ဦးပေါ် တစ်ဦး မှီခိုနေပြီး တစ်ခုခုမှာ လွဲချော်သွားပြီဆိုတာနဲ့ အရာရာဟာ ပြိုလဲသွားဖို့သာ ရှိပါတော့တယ်။ ကြောက်စိတ်ဟာ အဲ့လောက် ကြောက်ဖို့ ကောင်းလား။ ကြောက်စိတ်ဖြစ်ပေါ်ရခြင်း အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တချို့ကျတော့လည်း မွေးကတည်းက ပါလာတယ်၊ တချို့ကျတော့ စိတ်ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ဥပမာ- အသက်အန္တရာယ်ဘေး ကြုံခဲ့ရတာ၊ စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်မျိုး ရင်ဆိုင်ခဲ့ရတာ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရတာ၊ ကလေးဘဝက စိတ်ဒဏ်ရာတွေ စတာတွေကြောင့် ကြောက်စိတ်ဖြစ်ပေါ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် လူတိုင်းမှာ ကြောက်စိတ်အနည်းဆုံး တစ်ခုရှိနေတတ်ပါတယ်။ ဒါက စိတ်ပူစရာမဟုတ်ပါဘူး။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ

နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့် အခွင့်အရေးက ဘယ်သူအပေါ်မှာတာဝန်ရှိမယ်ထင်လဲ..... အဖြေကတော့ ရှင်းပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ကိုယ်တိုင်ပဲ တာဝန်ရှိတာပါ။ ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး။ အခုဒီစာကို ဖတ်နေတဲ့ Hello ဆရာဝန် ပရိသတ်ကြီးရော နေ့ရက်တိုင်းမှာ ပျော်ရွှင်ချင်လား.. ဒါဆိုရင် ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ ဒီအလေ့အထလေးတွေကို နေ့စဉ် အလေ့အထဖြစ်အောင် မွေးမြူလိုက်ပါ၊ လို့ပြောပါရစေ။ ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ ပျော်ရွှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုမှုက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့်အကောင်းဆုံးကတော့ ပျော်ရွှင်မှုက ကိုယ်တိုင်ရဲ့ လုပ်ဆောင်မှုမှာ မူတည်နေစေဖို့ပါ။ နေ့ရက်တိုင်းကို ပျော်ရွှင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဒီအချက်လေးတွေကို တူတူကြည့်လိုက်ရအောင်လား..... ပြုံးပါ ပျော်တဲ့အခါတိုင်းမှာ ပြုံးမိတယ်ဟုတ်။ တကယ်တော့ ပြုံးတာက စိတ်ကိုတင်ပျော်ရွှင်စေတာမဟုတ်ပါဘူး။ ပြုံးလိုက်တိုင်းမှာ ဦးနှောက်က ဒိုဗာမင်ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး သင့်ကို ပိုစိတ်ပျော်ရွှင်စေမှာပါ။ ဒီလိုဆိုတာနဲ့ မပြုံးချင်ဘဲ ပြုံးပါလို့ မဆိုလိုပါဘူး။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ငိုချင်နေရင် ငိုချလိုက်ပါ.......

ဝမ်းနည်းစရာကြုံရင်ဖြစ်ဖြစ်၊ စိတ်ထိခိုက်စရာရှိရင်ဖြစ်ဖြစ် ငိုချင်မိတယ်ဟုတ်။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးအကြံပြုချင်တာက ငိုချင်နေရင် အောင့်မထားပါနဲ့။ ငိုသာငိုချလိုက်ပါ။ ဒီလိုပြောရတာက ငိုလိုက်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိလာနိုင်လို့ပါ။ ငိုချင်နေရင် ငိုသာငိုချလိုက်ပါလို့ ပြောရတဲ့ အကြောင်းအရင်း ငိုချင်နေတဲ့အခါမျိုးမှာ အောင့်အည်းသည်းခံထားရတာက အဆင်မပြေလှပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ငိုသာငိုချလိုက်ပါ။ ဒီလိုငိုချလိုက်တာကြောင့် စိတ်ဖိစီးမှု သက်သာစေပါလိမ့်မယ် စိတ်တွေဖိစီးလာတဲ့အခါ အကောင်းဆုံးသောနည်းလမ်းက ကြိတ်ခံစားနေတာမဟုတ်ပါဘူး။ ငိုချလိုက်တာပါ။ ဒါကအကောင်းဆုံး စိတ်ဖိစီးမှု ဖြေဖျောက်တဲ့နည်းလမ်းပါ။ အကြောင်းကတော့ ငိုချလိုက်တဲ့အခါ မျက်ရည်တွေနဲ့အတူ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေ ပါသွားတာကြောင့်ပါ။ ဒါကြောင့် စိတ်ဖိစီးနေပြီဆိုရင် ငိုသာငိုချလိုက်ပါ၊ လို့ပြောပါရစေ။ စိတ်ထိခိုက်မှုကို ပြေလျော့စေနိုင်တယ် စိတ်ခံစားမှုတွေ နဲ့ ဟော်မုန်းတွေက အပြန်အလှန် ဆက်စပ်နေကြပါတယ်။ စိတ်ခံစားမှုတွေ၊ စိတ်ထိခိုက်ခံစားမှုတွေကြောင့်ဖြစ်လာတဲ့ ဟော်မုန်းတွေကို အကောင်းဆုံးပြေလျော့စေနိုင်တဲ့ နည်းလမ်းက ငိုလိုက်တာပဲဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် စိတ်ထိခိုက်နေတဲ့အခါမျိုးမှာ ငိုလိုက်ပါ။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ပြေလျော့စေတယ် ထိခိုက်မိတာကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ခွင့်လွှတ်စိတ်လေးမွေးကြည့်ပါ

တစ်ခါတစ်လေမှာ မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ ကိုယ့်အနေနဲ့ လူတစ်ဖက်သားအပေါ်၊ ပြဿနာတစ်စုံတစ်ရာအပေါ် ခွင့်လွှတ်နိုင်စွမ်း ဘယ်လောက်ကြီးနိုင်မလဲဆိုတာကိုပေါ့။ လူအများစုဟာ ကိုယ်အမှားလုပ်မိချိန်မှာ တစ်ဖက်သားက ခွင့်လွှတ်ပေးခြင်းခံရချိန်တွေမှာ လွယ်ကူစွာလက်ခံတတ်ကြပေမယ့် ကိုယ်တိုင် ခွင့်လွှတ်နားလည်ပေးရမယ့်အခြေအနေမျိုး ကြုံလာရင်တော့ သည်းခံနိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါကြောင့်လည်း သည်းခံခွင့်လွှတ်နားလည်နိုင်ခြင်းဟာ ရှားပါးပြီး တတ်ဖိုးရှိတဲ့ စိတ်ဓာတ်ခံယူချက်တစ်မျိုးလို့ ရှုမြင်ခြင်းခံရတာဖြစ်ပါတယ်။ ပြဿနာတစ်ခုအပေါ်မှာ ခွင့်လွှတ်တတ်သူတွေနဲ့ ခွင့်မလွှတ်နိုင်သူတွေအကြား ရှုမြင်ပုံမတူညီကြပါဘူး။ ခွင့်လွှတ်တတ်သူတွေဟာ ပြဿနာတွေကို သည်းခံပြီးဖြတ်ကျော်နိုင်ဖို့ ကြိုးစားတာဖြစ်ပြီးတော့ ခွင့်မလွှတ်တတ်သူတွေကတော့ အပြစ်ဖို့ စိတ်နာကျင်ခံစားပြီး ရှောင်လွှဲချင်တတ်ကြပါတယ်။ ဒါကြောင့် ဖြတ်ကျော်နိုင်ကြတာချင်းတူညီရင်တောင်မှ ခွင့်လွှတ်တတ်သူဟာ စိတ်ပင်ပန်းမှုနည်းပါးပြီး ခွင့်မလွှတ်နိုင်သူကတော့ စိတ်ဖိစီးမှုဒဏ်ကို ခံရလေ့ရှိပါတယ်။ နောက်ပြီး ခွင့်လွှတ်တတ်သူတွေဟာ တစ်ကိုယ်ကောင်းမဆန်သူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့သာမက သူ့ပတ်ဝန်းကျင်ကသူတွေကိုပါ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ ခွင့်လွှတ်ပေးနိုင်သူတွေကြောင့် ကမ္ဘာကြီးအတွက် ပိုအကျိုးရှိနိုင်သလို ပိုလည်းဘေးရန်ကင်းနိုင်တယ်မဟုတ်လား။ တကယ်တော့ ခွင့်လွှတ်တယ်ဆိုတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်လှပါဘူး။ လူသားဆန်မှု၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အားနာတတ်တာလား? Social Phobia ဖြစ်နေတာလား?

သင်ဟာ တစ်ဖက်သားကို တစ်စုံတစ်ခု ပြောဆိုရမှာ၊ ပတ်သက်ဆက်နွယ်ရမှာ ထိတွေ့ဆက်ဆံရမှာကို မကြာခန ရှက်ရွံ့စိုးရိမ်မိနေပြီလား။ လူအများအကြားမှာ ပြောရဆိုရ၊ လုပ်ရကိုင်ရမယ့်ကိစ္စတွေကို ဆောင်ရွက်ဖို့ စိုးရွံ့လို့နေပြီလား။ သင်ဘာဖြစ်နေတာလဲ။ အားနာနေတာလား။ ဒါမှမဟုတ် စိတ်ဖိစီးမှုများပြီး Social Phobia များ ဖြစ်နေပြီလား။ ဆန်းစစ်ကြည့်ရအောင်နော်။ Social Phobia ဆိုတာ ဘာလဲ Social Phobia ကို Social Anxiety Disorder လို့လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ စိတ်ပညာဘာသာရပ်မှာတော့ လူမှုအသိုင်းအဝိုင်းအပေါ် စိတ်လွန်ကဲမှု ဝေဒနာရှင်လို့ ခေါ်ဆိုထားပါတယ်။ ဒီရောဂါဟာ စိတ်ဖိစီးမှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက်အဖြစ်အများဆုံး စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ Social Phobia ဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် လူအများအပြားနဲ့ ဆက်ဆံပြောဆိုရမှာကို အကြီးအကျယ် ကြောက်ရွံ့တာ ဒါမှမဟုတ် စိတ်သောကရောက်တာမျိုး ခံစားရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီလို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။

ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။ ရုပ်ရှင် လက်မှတ်တွေ၊ ဘောက်ချာတွေ၊ ကုန်သွားတဲ့စာအုပ်တွေ၊ မတော်တော့တဲ့ အင်္ကျီတွေ၊ ဖိနပ်တွေ၊ အသုံးမလိုတော့တဲ့ ပစ္စည်းအဟောင်းတွေကို ဘာရယ်မဟုတ် စုဆောင်းမိနေတာမျိုး ကိုယ်တိုင် ဖြစ်ဖူးလား။ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့သူတွေကို မြင်ဖူးလား။ ဒီဆောင်ပါးလေးမှာတော့ ပစ္စည်းတွေကို အလွန်အကျွံသိမ်းဆည်းလိုစိတ် သို့မဟုတ် hoarding disorder/mindset အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။ ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိပြီလား။ ဆိုတော့ ပြောချင်တာက ပစ္စည်းတွေကို မလိုအပ်ဘဲ သိမ်းဆည်းနေမိတဲ့ ရောဂါ Hoarding disorder ကို ခံစားနေရလားဆိုတာပါ။ “Hoarding disorder” ဆိုတာ ဘာလဲ။ “Hoarding” ဆိုတာ “Collecting” နှင့်ဆင်တူ စကားလုံးလို့ ဝေါဟာရကျမ်းတွေမှာ ဖော်ပြထားကြပါတယ်။ Hoarding disorder ကို အမျိုးအစားတူ ပစ္စည်းများကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အမြင့်ရောက်ရင် ဘာလို့ ခုန်ချချင်စိတ်ပေါ်တာလဲ

တကယ်လို့ သင်ဟာ ခပ်မြင့်မြင့် နေရာတစ်နေရာကို ရောက်နေတယ်ဆိုပါဆို့။ အစွန်အဖျားနေရာကနေ အောက်ကို ငုံကြည့်ချိန်မှာ ခုန်ချချင်စိတ်ဖြစ်ဖူးပါသလား။ ကိုယ်ကိုယ်ကို သတ်သေချင်စိတ်အပါအဝင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘဲနဲ့ တစ်စုံတစ်ယောက်ကပဲ တိုက်တွန်းနေတာလိုလို၊ ကိုယ်တိုင်ကပဲ စိတ်ဆန္ဒရှိနေတာလိုလို စိတ်ခံစားချက်မျိုး သင့်စိတ်ထဲခံစားနေရပြီး အောက်ကိုခုန်ချချင်လာတာမျိုးပေါ့။ ဒါ ဘာဖြစ်တာလဲ။ သင့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေအားနည်းတာလား။ သင့်ရဲ့ အတွင်းစိတ်ထဲမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေပြီလား။ ဒီလို စိတ်ခံစားချက်မျိုးကို “the call of the void” လို့ ခေါ်ပါတယ်။ မူရင်းစကားလုံးက “l'appel du vide” ဆိုတဲ့ ပြင်သစ်စကားစုပါ။ မြန်မာလိုဆိုရင်တော့ စိတ်ရိုင်းဝင်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ ဒီလို စိတ်အခြေအနေမျိုးက လူတိုင်းမှာ မဖြစ်တတ်ပေမယ့် လူတချို့မှာတော့ ဖြစ်နိုင်ပါတယ်။ ဖြစ်လည်းဖြစ်နေကြပါတယ်။ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်ရဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရာသီဥတုပြောင်းလဲခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာ

ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုမျိုးတွေ ကြုံလာရတဲ့အခါမျိုးမှာ ဒါဟာ ကမ္ဘာပျက်ကိန်းရဲ့ ရှေ့ပြေးနိမိတ်၊ ဒါမှမဟုတ် ဆိုးရွားတဲ့ ကံကြမ္မာဆိုးတွေကျရောက်တော့မယ့် နမိတ်လက္ခဏာလို့ လူအများအပြားက ရှုမြင်ကြပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုတွေနဲ့ ဘေးအန္တရာယ် ကပ်ဆိုးတွေဟာ ကမ္ဘာကြီး နာမကျန်းဖြစ်နေတဲ့ လက္ခဏာသက်သက်မဟုတ်ပါဘူး။ ကျွန်တော်တို့လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ယိုယွင်းမှုတွေကိုလည်း ဆောင်ယူလာပါတယ်။ ဒီထဲမှာမှ ထူးခြားတဲ့ လူတိုင်းနီးပါးနဲ့ သက်ဆိုင်တဲ့ ပြဿနာတစ်ခုပါဝင်နေပါတယ်။ ဒါကတော့ Eco-anxiety လို့ခေါ်ဆိုကြပြီး ဥတုကပ်ဘေးတွေကြောင့်ဖြစ်လာတဲ့ စိတ်အခြေအနေတစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Eco-anxiety ကို စိတ်ရောဂါတစ်ခုအနေနဲ့ မသတ်မှတ်ကြသေးပေမယ့် တခြားသော စိတ်ရောဂါတွေဖြစ်လာအောင် တွန်းအားပေးတဲ့ အရာတစ်ခုအဖြစ်တော့ လက်ခံထားကြပါတယ်။ ဟားဗတ်တက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ်နဲ့ လန်ဒန်က အင်ပီရီယယ်ကောလိပ်တို့ရဲ့ ပူးပေါင်း သုတေသနတစ်ခုအရဆိုရင်တော့ ရာသီဥတုဆိုးရွားမှုတွေကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါပြဿနာတွေကြုံရချေမြင့်မားတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို သက်သေပြနေတာကတော့ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုဟာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း