သင့်စိတ်ခံစားမှုတွေကို ဘယ်လို ထိန်းချုပ်မလဲ။
အသည်းကင်ဆာ ကုသမှု ခံယူနေစဉ်အတွင်းနှင့် ခံယူပြီး နောက်တွင် မတူညီသော စိတ်ခံစားမှု များစွာကို ခံစားရနိုင် သည်။ ၎င်းသည် လူများစွာတွင် ဖြစ်ပွားသည်။ အချို့ လူများသည် ပြောင်းလဲမှုများ၏ အမှန်တရားကို ရင်ဆိုင်ရန် လွယ်ကူသည်။ အချို့သည် တစ်စုံတစ်ခု ကို သိရှိသွားပါက ထိတ်လန့်ကြသည်။ ၎င်းသည် အထူးသဖြင့် ကင်ဆာကဲ့သို့ ရှုပ်ထွေးသော ရောဂါ ခံစားနေရသူများတွင် အမှန်ဖြစ်သည်။ သင်သည် မကြာခဏ မရေရာသော ကြောက်လန့်မှုခံစားနေရပြီး ဘာဖြစ်မည်ကို မသိနိုင်ပါ။ နားလည်ခြင်းသည် စိုးရိမ် ပူပန်ခြင်းကို သက်သာစေသည်။ သင်သည် သင်ဖြစ်သော ကင်ဆာ အမျိုးအစား၊ ကုသမှုများအကြောင်း နှင့် သင် ဘာတွေ မျှော်လင့်နိုင်သည် ကို လေ့လာ နိုင်သည်။
အသည်းကင်ဆာ လူနာများ၏ ယေဘုယျ စိတ်မကြည်လင်မှု များသည် အောက်ပါ အဆင့် ၅ဆင့်ဖြင့် ဖြစ်ပေါ်ပါသည်။
- ငြင်းဆိုခြင်းသည် ယာယီငြင်းဆိုခြင်းဖြစ်သည်။ “ မဟုတ်ဘူး၊ ငါအဆင်ပြေတယ်” ၊ “ဒါ ငါမဖြစ်နိုင်ဘူး” နောက်ပိုင်းတွင် လူနာသည် ဆိုးရွားသော ဖြစ်ရပ်နှင့် ရင်ဆိုင်နေရသည်ကို လျင်မြန်စွာ သဘောပေါက် လာသည်။
- ဒုတိယအဆင့်သည် ဒေါသဖြစ်သည်။ လူနာသည် ဒေါသ ထိန်းမရတော့သည်ကို သတိပြုမိလာသည်။ စိတ်ဆိုးဒေါသထွက်ပြီး မနာလိုဝန်တိုလာသည်။ ၎င်း သည် လူမှုဆက်ဆံရေးတွင် စိန်ခေါ်မှုကြီးတစ်ခု ဖြစ် စေသည်။ “ဘာလို့ ငါဖြစ်နေရတာလဲ၊ လုံးဝ မတရား ဘူးကွာ’’ ၊ “ဘယ်လိုလုပ် ငါ့ဆီမှ ဖြစ်ရတာလဲ” ၊ “ဒါကို ဘယ်သူလုပ်တာလဲ” ။ ဘဝမှာ အားထုတ်ရလေ ဒေါသနှင့် မနာလိုမှု ပိုပြလေ ဖြစ်သည်။
- တတိယအဆင့်ဖြစ်သော ဆွေးနွေးခြင်းတွင် လူနာက သေခြင်းကို နှောင့်နှေးရန် မျှော်လင့်သော မျှော်လင့်ချက် အကြောင်းပါဝင်သည်။ များသောအားဖြင့် သူ တို့သည် သတ်တမ်းရှည်ရန် နည်းလမ်းမျိုးစုံကို ညိနှိုင်းရန် ရှာဖွေကြသည်။ “ငါ့ကလေး ဘွဲ့ရသည် အထိ ငါ့ကို အသက်ပေးရှင်ပါ” “နောက်ထပ် နှစ် အနည်းငယ် အသက်ဆက်ရှင်ရန် ဘာမဆို ငါလုပ်ပါ မယ်” “ငါ့ကို ကယ်ပေးနိုင်ရန် ရွှေသစ်ပင် နှစ်ပင် ဆုချပါ့မယ်” “ငါသေရတော့မယ် ဆိုတာ နားလည် ပါတယ် ဒါပေမယ့် ငါအချိန် နည်းနည်းထပ်လိုသေး တယ်”
- စတုတ္ထအဆင့်သည် စိတ်ဓါတ်ကျခြင်း ဖြစ်သည်။ လူနာသည် သေရမည်မှာ သေချာသည်ဟု နားလည် သည်။ ထို့ကြောင့် ငြိမ်သက်သွားကြပြီး ဧည့်သည် များတွေ့ရန် ငြင်းဆိုကြသည်။ အချိန်များစွာကြာ ငိုသည်။ နောင်တရသည်။ ထိုဖြစ်ရပ်သည် လူနာအား အချစ်နှင့် ဖျားနာခြင်းနှင့် ဆိုင်သော အရာ များကို ဖြတ်တောက်စေသည်။ ထိုအဆင့်တွင် ဆွေ မျိုးများသည် လူနာကို စိတ်ဖျော်ဖြေရန် မလုပ်ဘဲ ဝမ်းနည်းမှုကို ဆက်ဖြစ်စေပါ။ “ငါ အရမ်းဝမ်းနည်း တာပဲ၊ ငါသေရတော့မယ်၊ အခြား အရာတွေ လုပ်ဖို့ ဘာလို့ ဂရုစိုက်နေရအုံးမှာလဲ” “ငါချစ်တဲ့ သူတွေ ကို ဆုံးရှုံးရတော့မယ်”။
- နောက်ဆုံးအဆင့်မှာ လက်ခံနိုင်ခြင်း ဖြစ်သည်။ လူနာသည် သေတော့မည်ဆိုတာကို စတင်လက်ခံ လာသည်။ “ပြီးဆုံးသွားမှာပဲ” “ငါမတိုက်နိုင် တော့ဘူး၊ သေဖို့ပြင်ဆင်ထားတာ အကောင်းဆုံးပဲ”။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။