လေပြွန်ရောင်ခြင်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လေပြွန်နဲ့ပတ်သတ်ပြီးရောင်ရမ်းခြင်းတွေထဲမှာ လေပြွန်ရောင်ခြင်းဟာ လတ်တလောအဖြစ်အများဆုံးဖြစ်တယ်။ လေပြွန်နံရံမှာရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်ရတယ်။ လေပြွန်ရောင်ပါက အဆုတ်ဆီအောက်ဆီဂျင်ရောက်ရန်ခက်သွားတာကြောင့် အသက်ရှူမဝခြင်းများဖြစ်တတ်ပါတယ်။ မညစ်ညမ်းသောလေနဲ့ အန္တရာယ်များတဲ့ကယ်မီကယ်တွေ တာရှည်ထိတွေ့ရှူရှိုက်ခြင်းဟာ လေပြွန်ရောင်စေတဲ့အချက်တွေဖြစ်တယ်။

လေပြွန်ရောင်ခြင်းဆိုတာဘာလဲ

ရုတ်တရတ်ဖြစ်တာလည်းဖြစ်နိုင်သလို၊ နာတာရှည်လည်းဖြစ်နိုင်တယ်။ ရုတ်တရတ်လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အအေးမိခြင်းတို့နဲ့ ဆက်နွယ်နေတတ်ပြီး ရုတ်တရတ်ဖြစ်လာတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ တခါတရံအသက်ရှူမဝခြင်း စသည်ဖြင့် သာမန်လောက်နေ ပြင်းပြင်းထန်ထန်ထိအမျိုးမျိုးဖြစ်နိုင်ပါတယ်။

ရုတ်တရတ်လေပြွန်ရောင်ခြင်းဟာ ရက်အနည်းငယ် သို့ ရက်သတ္တပတ်အနည်းငယ်အကြာမှာကောင်းသွားတတ်ပြီး နာတာရှည်ကတော့ ပိုပြင်းထန်တာ လနဲ့ ပိုဆိုးပါက နှစ်နဲ့ချီကြာတတ်ပါတယ်။ အချိန်ကြာချွဲထခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းတို့ခံစားရတတ်ပြီး တခါတလေမှာ ချဲွသလိပ်အထွက်များတတ်ပါတယ်။ အသက်ရှူရလည်းခက်နိုင်တယ်။ အဆုတ်ရေဝင်ပြီး လေပြွန်ရောင်ပါက COPD ခေါ် နာတာရှည်အသက်ရှူလမ်းကြော်ငးရောဂါဖြစ်သွားနိုင်ပါတယ်။

အကြောင်းအရင်းများ

ယေဘုယျအားဖြင့်တော့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ တခြားအချက်တွေကြောင့်လေပြွန်ရောင်နိုင်တယ်။ အတိအကျဆိုရပါက ရုတ်တရတ်လေပြွန်ရောင်ခြင်းဟာ ဘတ်တီးရီးယားပိုးဝင်ခြင်း သို့ တစ်ခုခုနဲ့ထိတွေ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ မီးခိုး၊ အမှုန်များ ဖုန်များနဲ့ စက်ပစ္စည်းတို့မှစွန့်ထုတ်ပစ္စည်းတို့ဟာ အဆုတ်ကိုထိခိုက်စေနိုင်ပြီး ရုတ်တရတ်လေပြွန်ရောင်စေနိုင်တယ်။

မကြာခဏထိတွေ့ခြင်းကြောင့် အဆုတ်နဲ့လေပြွန်များ အချိန်ကြာထိခိုက်ပါက နာတာရှည်လေပြွန်ရောင်ခြင်းဖြစ်လာနိုင်ပါတယ်။ ရုတ်တရတ်လေပြွန်ရောင်ခြင်းကဲ့သို့ပဲ ဖုန်များ၊ မီးခိုးငွေ့များနဲ့ ညစ်ညမ်းသောလေထုကိုမကြာခဏရှူရှိုက်ရသူတွေမှာ နာတာရှည်လေပြွန်ရောင်ခြင်းဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ မကြာခဏလေပြွန်ရောင်သူတွေမှာလည်း နာတာရှည်လေပြွန်ရောင်နိုင်ချေများတယ်။

လက္ခဏာများ

အချိန်ကြာချောင်းဆိုးခြင်း၊ အဝါရောင် သို့ အစိမ်းရောင် ချွဲများထွက်ခြင်း တို့ခံစားရနိုင်တယ်။ ရုတ်တရတ်လေပြွန်ရောင်ခြင်းဟာ လည်ချောင်းနာခြင်း၊ ရင်ဘက်အောင့်ခြင်း၊ နာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း တို့ကဲ့သို့ အအေးမိသောလက္ခဏာတွေလည်း ခံစားရတတ်ပါတယ်။ တချို့လူတွေမှာ လေလမ်းကြောင်းရောင်ရမ်းနေခြင်းကြောင့် အသက်ရှူလည်းကြပ်နိုင်တယ်။ ကံကောင်းစွာနဲ့ပဲ ရုတ်တရတ်လေပြွန်ရောင်ခြင်းဟာ အချိန်မကြာတတ်တာကြောင့် ချောင်းဆိုးခြင်းအပါအဝင် တခြားသောလက္ခဏာတွေဟာ ရက်ပိုင်းအတွင်းပြန်ကောင်းသွားပါတယ်။

နာတာရှည်လေပြွန်ရောင်သူတွေမှာ ချောင်းဆိုးခြင်း၊ ရင်ဘက်တင်းကြပ်ခြင်း၊ ချမ်းတုန်ခြင်းနှင့်ဖျားခြင်း တို့ကဲ့သို့ လက္ခဏာများထပ်ကာထပ်ကာခံစားရပြီး တခြားသော အချိန်ကြာချွဲကြပ်ခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့ နာတာရှည်လေပြွန်ရောင်ခြင်းလက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ လပေါင်းများစွာ သို့ နှစ်နဲ့ချီပြီးတောင်ကြာနိုင်တယ်။

ကုသမှု

များသောအားဖြင့် လေပြွန်ရောင်ခြင်းဟာ ကုသမှုမရှိရင်တောင်မှ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာနေပြီဆိုရင် ဒါမှမဟုတ် နေရထိုင်ရမသက်သာဘူးဆိုရင်တော့ ဆေးကုသမှုခံယူသင့်တယ်။

ဆေးသောက်ခြင်း – ဆရာဝန်က ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေးနှင့် အခြားသောနောက်ဆက်တွဲအခြေအနေတွေအတွက် လိုအပ်သည့်ဆေးများပေးပါလိမ့်မယ်။

ကုသမှု – နာတာရှည်လေပြွန်ရောင်ပါက အဆုတ်ပြန်လည်သန်စွမ်းရေးဟုခေါ်သော ကုသနည်းခံယူရနိုင်တယ်။ ပိုသက်တောင့်သက်သာအသက်ရှူနည်းကိုသင်ပေးကာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားနိုင်စွမ်းလည်းပိုကောင်းစေမှာဖြစ်တယ်။

လေပြွန်ရောင်ခြင်းကိုကာကွယ်ရန်အကောင်းဆုံးနည်းမှာ တကိုယ်ရည်သန့်ရှင်းရေးကောင်းရန်ဖြစ်တယ်။ အပြင်မှပြန်လာတိုင်း သို့ ကယ်မီကယ်များနှင့်ထိတွေ့ပြီးတိုင်း ပိုးမွှားကင်းစေရန်လက်နှင့်မျက်နှာကိုသေချာသန့်စင်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုနှင့် ဗိုင်းရပ်စ်မဝင်စေရန် ဆေးလိပ်သောက်နေသောနေရာများလည်း ရှောင်သင့်တယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

Share now :

တည်းဖြတ်သည့်နေ့ မေ 27, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 28, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။