အရက်သောက်တဲ့သူတွေအနေနဲ့ သိထားဖို့လိုမယ့်အချက်လေးတစ်ခုကိုဒီဆောင်းပါးလေးကနေတဆင့်ပြောပြချင်ပါတယ်။ ဒါကတော့ အရက်နပြ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေမှာ ကယ်လ်လိုရီပါနေတယ်ဆိုတာပါ။ အရက် ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့သောက်စရာတစ်ခုခုကို နှစ်ခွက်လောက်သောက်လိုက်မိပြီဆိုရင် ကယ်လ်လိုရီ ၅၀၀ နဲ့ ၅၀၀ကျော်ကပြေးမလွတ်ပါဘူး။ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက အာဟာရတန်ဖိုးလုံးဝမရှိပေမယ့် ကယ်လ်လိုရီတော့ပါဝင်နေပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းချင်တယ်ဆိုရင် အယ်လ်ကိုဟောသောက်သုံးမှုပမာဏကိုပါသေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ ကော့တေးလိုမျိုး အယ်လ်ကိုဟော၊ဆိုဒါ၊အချိုရည်၊ ခရင်မ် နဲ့ရေခဲမုန့်တို့ရောထားတဲ့သောက်စရာတွေမှာဆိုရင် ကယ်လိုရီပါဝင်မှုက ပိုများနေနိုင်ပါတယ်။ ကဲ အရက်နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတစ်ခုစီတိုင်းမှာပါတဲ့ ကယ်လ်လိုရီပမာဏကို သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။
အယ်လ်ကိုဟောနဲ့ ကယ်လ်လိုရီ
ရှန်ပိန် – ရှန်ပိန် ၅ အောင်စမှာ ကယ်လ်လိုရီ ၉၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။ အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၁၂.၅ ရာခိုင်နှုန်းပါ။
ဗော့ကာ -ဗော့ကာ ၁.၅ အောင်စမှာ ကယ်လ်လိုရီ ၉၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၄၀ ရာခိုင်နှုန်းပါ။
ဂျင် – ဂျင် ၁.၅အောင်စမှာ ကယ်လ်လိုရီ ၉၆ ရာခိုင်နှုန်းပါဝင်ပါတယ်။အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၄၀ ရာခိုင်နှုန်းပါ။
ရမ် – ရမ် ၁.၅အောင်စမှာ ကယ်လ်လိုရီ ၉၇ ရာခိုင်နှုန်းပါဝင်ပါတယ်။အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၄၀ ရာခိုင်နှုန်းပါ။
တက်ကွီလာ (TEQUILA) -တက်ကွီလာ (TEQUILA) ၁.၅အောင်စမှာ ကယ်လ်လိုရီ ၁၀၄ ရာခိုင်နှုန်းပါဝင်နေပါတယ်။အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၄၀ ရာခိုင်နှုန်းပါ။
စကော့ (SCOTCH) -စကော့ (SCOTCH) ၁.၅အောင်စမှာ ကယ်လ်လိုရီ ၁၀၅ ရာခိုင်နှုန်းပါဝင်နေပါတယ်။ အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၄၀ ရာခိုင်နှုန်းပါ။
ဝီစကီ – ဝီစကီ ၁.၅အောင်စမှာ ကယ်လ်လိုရီ ၁၀၅ ရာခိုင်နှုန်းပါဝင်နေပါတယ်။အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၄၀ ရာခိုင်နှုန်းပါ။
Cinnamon Whiskey -Cinnamon Whiskey ၁.၅အောင်စမှာ ကယ်လ်လိုရီ ၁၀၈ ရာခိုင်နှုန်းပါဝင်ပါတယ်။အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၃၃ ရာခိုင်နှုန်းပါ။
Light Beer -Light Beer ၁၂အောင်စ တစ်ဗူးစာမှာ ကယ်လ်လိုရီ ၁၁၀ ရာခိုင်နှုန်းပါဝင်နေပါတယ်။အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၄.၂ ရာခိုင်နှုန်းပါ။
ဘရမ်ဒီ – ဘရမ်ဒီ ၁.၅ အောင်စမှာ ကယ်လိုရီ ၁၁၅ ရာခိုင်နှုန်းပါဝင်နေပါတယ်။ အယ်လ်ကိုဟောပါဝင်မှုပမာဏကတော့ ၄၀ ရာခိုင်နှုန်းပါ။
ဝိုင်ဖြူ -ဝိုင်ဖြူ ၅အောင်စမှာ ကယ်လ်လိုရီ ၁၂၁ ရာခိုင်နှုန်းပါဝင်နေပါတယ်။ အယ်လ်ကိုဟောပါဝင်မှုကတော့ ၁၂.၅ ရာခိုင်နှုန်းပါ။
ဝိုင်အနီ -ဝိုင်အနီ ၅အောင်စမှာ ကယ်လ်လိုရီ ၁၂၅ ရာခိုင်နှုန်းပါဝင်နေပါတယ်။ အယ်လ်ကိုဟောပါဝင်မှုကတော့ ၁၄ ရာခိုင်နှုန်းပါ။
ဘီယာ – ဘီယာ ၁၂အောင်စ တစ်ဗူးစာမှာ ကယ်လ်လိုရီ ၁၄၅ ရာခိုင်နှုန်းပါဝင်နေပါတယ်။အယ်လ်ကိုဟောပါဝင်မှုကတော့ ၅ ရာခိုင်နှုန်းပါ။
Hard Cider -Hard Cider ၁၂အောင်စမှာ ကယ်လ်လိုရီ ၁၅၀ ရာခိုင်နှုန်းပါဝင်နေပါတယ်။ အယ်လ်ကိုဟောပါဝင်မှုကတော့ ၅ ရာခိုင်နှုန်းပါ။
အခုပြောပြခဲ့တာက အယ်လ်ကိုဟောပါတဲ့သောက်စရာတွေမှာပါဝင်နေတဲ့ ကယ်လ်လိုရီပမာဏတွေပါနော်။ အာဟာရမပါပေမယ့် ကယ်လ်လိုရီပါဝင်နေတာကြောင့် အရက်နဲ့အယ်လ်ကိုဟောပါတာတွေကိုသောက်တာကလည်း မစားရဘဲ ခန္ဓါကိုယ်ကို ဝစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ထိန်းနေသူတွေအနေနဲ့သောက်မယ်ဆိုရင် ကယ်လ်လိုရီလေးတွေကိုသေချာတွက်ချက်ကြည့်ဖို့လိုပါမယ်။
ကော့တေးမှာလည်း ကယ်လ်လိုရီပါဝင်နေပါတယ်
အရက်တော့ မကြိုက်ပါဘူး။ကော့တေးတော့ကြိုက်တယ်ဆိုတဲ့သူတွေအနေနဲ့လည်း ကယ်လ်လိုရီကိုရှောင်လို့မရတာအမှန်ပါ။
ဗော့ကာဆိုဒါ -ဗော့ကာဆိုဒါ ၈အောင်စမှာ ကယ်လ်လိုရီ ၉၆ ရာခိုင်နှုန်းပါဝင်နေပါတယ်။
GIN and TONIC -GIN and TONIC ၈အောင်စမှာ ကယ်လ်လိုရီ ၁၆၁ ရာခိုင်နှုန်းပါဝင်နေပါတယ်။
မိုဂျီတို – မိုဂျီတို ၃.၅အောင်စမှာ ကယ်လ်လိုရီ ၁၆၉ ရာခိုင်နှုန်းပါဝင်နေပါတယ်။
ရမ်နဲ့ကိုကာကိုလာ – ရမ်နဲ့ကိုကာကိုလာ ၈အောင်စမှာ ကယ်လ်လိုရီ ၁၇၃ ရာခိုင်နှုန်းပါဝင်နေပါတယ်။
SANGRIA –SANGRIA ၅အောင်စမှာ ကယ်လ်လိုရီ ၁၇၅ ရာခိုင်နှုန်းပါဝင်နေပါတယ်။
MANHATTAN -MANHATTAN ၃.၅အောင်စမှာ ကယ်လ်လိုရီ ၂၀၀ ရာခိုင်နှုန်းပါဝင်နေပါတယ်။
မာတီနီ – မာတီနီ ၃.၅အောင်စမှာ ကယ်လ်လိုရီ ၂၁၅ ရာခိုင်နှုန်းပါဝင်နေပါတယ်။
DAQUIRI -DAQUIRI ၃.၅အောင်စမှာ ကယ်လ်လိုရီ ၂၂၉ ရာခိုင်နှုန်းပါဝင်နေပါတယ်။
MARGARITA -MARGARITA ၃.၅အောင်စမှာ ကယ်လ်လိုရီ ၂၅၄ ရာခိုင်နှုန်းပါဝင်နေပါတယ်။
ဒါဆိုရင်သေချာတာက အရက်သောက်လည်း ခန္ဓာကိုယ်က ဝလာနိုင်တယ်ဆိုတာပါ။ ဒီတော့ ကြိုက်လည်းကြိုက်တယ်၊သောက်ပြီး ဝမှာလည်းစိုးတယ်ဆိုတဲ့သူတွေအနေနဲ့ ကယ်လ်လိုရီနည်းတဲ့ အယ်လ်ကိုဟောလေးရွေးသောက်ပေါ့နော်……..
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။