စွမ်းအားဖြည့်အချိုရည်စွဲတာကို ဘယ်လိုရင်ဆိုင်မလဲ
စွမ်းအားဖြည့်အချိုရည်တွေကို မသောက်ရမနေနိုင်ဖြစ်သွားရင် ချက်ချင်းဖြတ်ဖို့တော့ ခက်ပါတယ်။ လုံးဝမသောက်ဘဲ ဖြတ်ပစ်ခြင်းမျိုး လုပ်နိုင်သလို ဖြည်းဖြည်းချင်းစီ လျှော့ချသွားပြီးမှ ဖြတ်လိုက်တာမျိုးလည်း ရှိပါတယ်။ နည်းလမ်းနှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ရှိပါတယ်။ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံအရ လိုက်လျောညီထွေဖြစ်အောင် ရွေးချယ်ရပါမယ်။
ရုတ်တရက် တိကနဲ့ ဖြတ်တဲ့အခါမှာတော့ စွဲလမ်းတာကြောင့်ဖြစ်တတ်တဲ့ လက္ခဏာတွေ ပိုမို ကြုံနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း စတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အဆိုပါအခြေအနေမျိုးမှာ စွမ်းအားဖြည့်အချိုရည်ကို အစားထိုးတဲ့ အဖျော်ယမကာတွေ အစားထိုး သုံးစွဲသင့်ပါတယ်။ အဓိကကတော့ စွဲလမ်းနေတဲ့ စွမ်းအားဖြည့်အချိုရည်တွေလောက် သကြားဓာတ်နဲ့ ကဖိန်း မများတဲ့ အဖျော်တွေ ဖြစ်ပါတယ်။ ဥပမာ ကဖိန်းထုတ်ထားတဲ့ decaf ကော်ဖီ၊ အသီးဖျော်ရည်၊ သကြားဓာတ် သိပ်မပါတဲ့ အချိုရည်၊ ဆေးဘက်ဝင်အပင်တွေကို လက်ဖက်ခြောက်လုပ်သောက်တဲ့ ရေနွေး စတာမျိုးတွေ ဖြစ်ပါတယ်။
မိမိရဲ့ပတ်ဝန်းကျင်မှာ စွမ်းအားဖြည့်အချိုရည်တွေ အလွယ်တကူ ယူမသောက်နိုင်အောင် ဖန်တီးထားရပါမယ်။ တခြား အာသာပြေ အစားထိုးသောက်စရာ အရည်တစ်မျိုးမျိုးကိုလည်း လက်လှမ်းမီရာမှာ ထားသင့်ပါတယ်။
အာရုံပြောင်းလဲအောင် နေထိုင်မှုပုံစံကိုလည်း အလိုက်သင့် ပြောင်းပေးရပါမယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ယောဂကျင့်ခြင်း စတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
အထက်ပါနည်းလမ်းတွေနဲ့ မိမိဖာသာလုပ်ဆောင်ရင်း အဆင်မပြေရင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။