ဥပုသ်စောင့်တာ ဝိတ်ကျစေမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 6, 2020 . 1 min read
Share now

ဝါတွင်းကာလရောက်ရင် ကုသိုလ်ရအောင်ဆိုပြီး သီလယူ ဥပုသ်စောင့်ကြတယ်နော်။ ဥပုသ်စောင့်တာက မွန်းလွဲညစာ မစားဘဲ ကုသိုလ် ဘာဝနာ ပွားများရတာပါ။ ဒီတော့ သေချာတာက နေ့လယ် ၁၂ နာရီ နောက်ပိုင်း ဘာမှ မစားဖြစ်တော့ဘူး ဆိုတာပါ။

ဝိတ်ချဖို့ဆိုရင် ညနေ ၅ နာရီ နောက်ပိုင်း ဘာမှ မစားနဲ့ဆိုတော့ ၁၂ နာရီ နောက်ပိုင်း ဘာမှ မစားရတဲ့ ဥပုသ်စောင့်တာက ဝိတ်ကျမလားလို့ မေးစရာ ရှိနေနိုင်ပါတယ်။ ဒီအဖြေလေးကို သေချာ သိစေဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။

ကုသိုလ်လည်းရ ဝိတ်လည်းကျ

ဥပုသ်စောင့်ဖို့အတွက် ညနေစာ မစားဘဲနေခြင်းက ကိုယ်အလေးချိန် ကျစေဖို့ အထောက်အပံ့ ပေးနိုင်သလို ကျန်းမာရေး အတွက်လည်း အကျိုးများပါတယ်။ ဥပုသ်စောင့်တာကြောင့် တစ်နေ့ကို တစ်နပ် လျှော့စားလိုက်တာက ကယ်လ်လိုရီ စားသုံးမှုကို ကန့်သတ်လိုက်တာပါပဲ။

အစားအသောက်ကို အကန့်အသတ် တစ်ခုနဲ့ စားသုံးတာက ကယ်လ်လိုရီ နည်းစေပြီး ကိုယ်အလေးချိန်ကို ကျစေသလို အဆီပိုတွေ ဖြစ်ပေးနိုင်ခြေကို ဟန့်တားပေးပါ။ ဒါတင်မကသေးပါဘူး။ ဥပုသ်စောင့်တာက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဒါပေမယ့် ၁၂ နာရီ မတိုင်ခင်မှာ အာဟာရ ပြည့်ဝပြီး ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့လိုသလို အမျှင်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ နဲ့ သစ်သီးတွေကို စားပေးသင့်ပါတယ်။ ဒါမှ အဆာခံနိုင်မှာ ဖြစ်သလို လိုအပ်တဲ့ အာဟာရ ကိုလည်း ပြည့်ဝစေမှာပါ။ အဆီနဲ့ ကယ်လ်လိုရီ စားသုံးမိနိုင်ခြေကိုလည်း အထိရောက်ဆုံး လျှော့ချပေးနိုင်မှာ ဖြစ်တာကြောင့် ဝါတွင်းကာလမှာ ကုသိုလ်လည်းရ ဝိတ်လည်းကျမှာပါ။

သတိထားရမှာ တစ်ခုက ညနေဘက် အစား မစားရပေမယ့် ရေ၊ အချိုရည် စတာတွေကို သောက်လို့ ရတယ်ဆိုပြီး သကြားပါဝင်မှုများတဲ့ အချိုရည်တွေကို မသောက်မိဖို့ပါ။ ဒီအချိုရည်တွေက လူကို ဝစေနိုင်ပါတယ်။ ဒါ​ကြောင့် မနက်ပိုင်းမှာ ပရိုတင်း ကြွယ်ဝတာတွေကို စားသုံးလို့ ညနေဘက်ကို ရေကိုသာ သောက်ဖို့ ပြောပါရစေ။

ဥပုသ်စောင့်နေချိန်မှာ တရားထိုင်တာသက်သက်ပဲ မဟုတ်ဘဲ စင်္ကြန်ပါလျှောက်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။

ဒီလို အခြေအနေဆို သတိထားပါ

ဝိတ်လည်း ကျ၊ ကုသိုလ်လည်းရ ဆိုပြီး ဥပုသ် စောင့်တယ် ဆိုပေမယ့် ဒီလိုမျိုးတွေ ခံစားလာရမယ် ဆိုရင်တော့ အစား တစ်ခုခု စားလိုက်ပါ၊ လို့ ပြောပါရစေ။

  • မအီမသာဖြစ်မယ်
  • မူးဝေမယ်
  • ခြေကုန်လက်ပမ်း ကျမယ်
  • အားမရှိသလို ခံစားရမယ်
  • ချွေးစေးတွေ ပြန်မယ်ဆိုရင်တော့ အစား တစ်ခုခုကို မြန်မြန်လေး စားလိုက်ဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေ

အသက်ကြီးမှ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ကင်ဆာ ခံစားရတာက နေထိုင်စားသောက်မှုပုံစံကြောင့်လည်း အများကြီး ပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

အိပ်မပျော်တာ ဟော်မုန်းကြောင့် ဖြစ်နိုင်သလို အိပ်ရေးပျက်ရင်လည်း ဟော်မုန်းတွေ ကမောက်ကမ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဖို့ အရေးကြီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 16, 2020 . 3 mins read

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဝလွန်ခြင်း, ကျန်းမာရေးစင်တာ အောက်တိုဘာ 13, 2020 . 2 mins read

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read