backup og meta

ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ

    ကိုယ်ခံအားကို ထိခိုက်လို့ အအေးမိ၊ ဖျားနာပြီဆိုရင် အစားအသောက်ကို သေချာလေး ဂရုစိုက်လိုက်ရုံနဲ့ သက်သာသွားတတ်တယ်ဆိုတာကို သတိထားမိပါရဲ့လား! အအေးမိဖျားနာတာနဲ့ ချောင်းဆိုးတာတွေကို သက်သာစေဖို့အတွက် အစားအသောက်က အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ အချို့သော အစားအစာတွေက ကျန်းမာရေးကို ကောင်းစေပြီး အချို့သော အစားအစာတွေကတော့ ကျန်းမာရေးကို ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။ အခုတစ်ခေါက်တော့ ချောင်းဆိုးတတ်သူတွေ သိထားဖို့ လိုမယ့် ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ အကြောင်း ပြောပြပေးချင်ပါတယ်။ 

    ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ

    ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ ကတော့

    • နို့ထွက် ပစ္စည်းများ

    ချောင်းဆိုးနေချိန်မှာ ချောင်းဆိုးတာကို သက်သာစေဖို့ဆိုရင် နို့ထွက် ပစ္စည်းတွေ ဖြစ်ကြတဲ့ နွားနို့၊ ရေခဲမုန့်၊ ချိစ် စတာတွေကို မစားပါနဲ့။ ဒီအစားအစာတွေက တိုက်ရိုက်ချောင်းဆိုးစေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ချွဲကျပ်စေပြီး အသက်ရှူရ ခက်စေပါတယ်။ ဒါကြောင့် ချောင်းဆိုးရင်ကြပ်နေမယ်ဆိုရင်တော့ နို့ထွက်ပစ္စည်းတွေကို တတ်နိုင်သမျှ ရှောင်ပေးပါ။

    • ကဖင်း

    ကဖင်းက ကိုယ်တွင်းက ရေဓာတ်ကို ခမ်းခြောက်စေနိုင်ပါတယ်။ ချွဲဖြစ်တာက ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေပါတယ်။ ဒီလို အခြေအနေမှာ ကဖင်းပါတာတွေကို သောက်မယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုကို ပိုဆိုးစေပြီး ချောင်းဆိုးတာကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးနေချိန်မှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေအစား ရေနွေးကြမ်း တစ်မျိုးမျိုးကို သောက်ပေးပါ။

    • အယ်လ်ကိုဟော

    အရက်၊ ဘီယာနဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ကဖင်းနည်းတူ ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးနေချိန်မှာ ကိုယ်တွင်း ရေဓာတ်ဆုံးရှုံးပြီး ချောင်းဆိုးတာကို ပိုမဆိုးစေဖို့ဆိုရင်တော့ အယ်လ်ကိုဟော ပါတာတွေကို မသောက်ဖို့ လိုပါမယ်။

    • ဆီကြော်စာတွေ

    ဆီကို နစ်နေအောင် ကြော်ထားတဲ့ အစားအစာတွေက ချောင်းဆိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ထောပတ်၊ ဒိန်ခဲတွေကနေ ရတဲ့ ဖက်တီးအက်ဆစ်တွေက ခန္ဓာကိုယ်မှာ ချွဲ ပိုဖြစ်စေပြီး ချောင်းဆိုးတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးနေချိန်မှာ ဆီကြော်စာ မစားဖို့ လိုပါမယ်။

    • ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာတွေ

    ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာတွေ ဖြစ်ကြတဲ့ မြေပဲ၊ မှို၊ သစ်သီးခြောက်၊ ဒိန်ချဉ်၊ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဗီနီကာ စတာတွေက ချောင်းဆိုးနေချိန်မှာ မစားသင့်ပါဘူး။ ဒီလို အစားအစာတွေကို ချောင်းဆိုးနေချိန်မှာ စားမိမယ်ဆိုရင်တော့ ဓာတ်မတည့်တာကို ဖြစ်စေပြီး ချောင်းဆိုးတာကို ပိုဆိုးစေမှာပါ။

  • သကြား
  • အယ်လ်ကိုဟော နည်းတူ သကြားကလည်း ဆဲလ်ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ တိုက်ရိုက်ချောင်းဆိုးစေတာမျိုး မဟုတ်ပေမယ့် ဆဲလ်တွေရောင်ရမ်းမှုကို ပိုဆိုးစေတာ‌‌ကြောင့် ချောင်းဆိုးနေချိန်မှာ သကြားပါတဲ့ အစားအစာတွေနဲ့ အချိုကဲတာတွေကို မစားဖို့ လိုပါမယ်။

    # အမှာစကား

    ချောင်းဆိုးနေချိန်မှာ သေသေချာချာလေး အနားယူမယ်။ ရေဓာတ်ပြည့်ဝအောင် နေမယ်။ အာဟာရ ပြည့်ဝအောင် စားမယ် ဆိုရင်တော့ ချောင်းဆိုးတာက မြန်မြန် သက်သာစေမှာပါ။ ခုပြောခဲ့တဲ့ အစားအစာတွေမှာ လူတိုင်းမှာ ချောင်းဆိုးတာကို ပိုဆိုးစေတာ မဟုတ်ပါဘူး။ နို့နဲ့ အစေ့အဆန်တွေဆိုရင် အာဟာရပြည့်ဝတာကြောင့် ကိုယ်နဲ့ တည့်တယ်ဆိုရင် စားပေးလို့ ရပါတယ်။ တကယ်လို့ ချောင်းဆိုးတာက ရက်ရှည်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement