backup og meta

ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား !

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား !

     ရေခဲသေတ္တာလို့ ဆိုလိုက်ရင် လူတော်တော်များများ ယူဆထားတာက အစားအစာတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ပုပ်သိုးမှု မဖြစ်အောင် သိမ်းဆည်းထားလို့ ရတဲ့ အရာရယ်လို့ပေါ့။ ဒီတော့ ရေခဲသေတ္တာထဲကို အသားစိမ်း၊ ငါးစိမ်း၊ ကြက်ဥဘဲဥတွေကစလို့ အသီးအရွက်တွေ၊ သစ်သီးတွေ၊ ဟင်းရံတွေနဲ့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေကို သူ့အကန့်လေးနဲ့ သူ၊ ဘူးနဲ့ ထည့်တန်တာ ထည့်ပြီး သိမ်းဆည်းထားတတ်ကြပါတယ်။ ဒါနဲ့ ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား !

    တကယ်ကတော့ ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေတာ မကောင်းပါဘူး။ ရေခဲသေတ္တာထဲကို ထည့်ထားလို့ မပုပ်မသိုးတာ မှန်ပေမယ့် အချို့သော အစားအစာတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တဲ့အခါ အာဟာရ တန်ဖိုး ပျက်သွားတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘာလာလာ ရေခဲသေတ္တာရှိတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ဘာတွေကိုတော့ ရေခဲသေတ္တာထဲ မထည့်သိမ်းသင့်ဘူးလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

    ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား!

    ဘာလာလာ ရေခဲသေတ္တာထဲ ထည့်သိမ်းနေပါ သလား ။ ဒါဆိုရင်တော့ ဒါလေးတွေကိုတော့ မထည့်ပါနဲ့လို့ ဒီနေရာက သတိပေးလိုက်ပါရစေ။

  • ငှက်ပျောသီး 
  • ငှက်ပျောသီးက အပူပိုင်းဒေသ မျိုးရင်းပင်ရဲ့ အသီးပါ။ ငှက်ပျောသီးက အခန်းအပူချိန်၊ ပြင်ပလေထုနဲ့ ထိတွေ့နေမှုက မှည့်ဝင်းစေဖို့ ထောက်ကူပေးနိုင်ပေမယ့် ငှက်ပျောသီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တာက ငှက်ပျောသီးရဲ့ မှည့်ဝင်းမှု ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေပြီး ပုပ်သိုးပျက်စီးလွယ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်လေထုနဲ့ ထိတွေ့နိုင်တဲ့ နေရာမှာပဲ ချိတ်ဆွဲထားပေးပါ။

  • ဟင်းခတ်အရွက်တွေ 
  • ဟင်းခတ်အရွက်တွေ ဖြစ်တဲ့ ပင်စိမ်း၊ တရုတ်နံနံ၊ နံနံပင် စတာတွေကို တာရှည်ခံစေဖို့နဲ့ လက်ဆတ်နေအောင်ဆိုပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းတာက ခြောက်သွေ့စေပြီး လတ်ဆတ်မှုကို ပျက်စီးစေနိုင်ပါတယ်။ အချို့သော အရွက်တွေမှာဆိုရင် အအေးဒဏ်ကြောင့် ရေနာသလိုမျိုး ခံစားရနိုင်ပါတယ်။

    ဒါကြောင့် ဟင်းခတ်အရွက်တွေကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ လေသလပ်ခံပေးတာက အာဟာရတန်ဖိုး  မပျက်စီးဘဲ ခြောက်သွေ့သွားစေတာကြောင့် ပုပ်သိုးမှု မရှိဘဲ အချိန် ကြာမြင့်စွာ သိမ်းဆည်းထားနိုင်မှာပါ။ 

    • ဆီ

    စားအုန်းဆီ၊ သံလွင်ဆီ၊ နှမ်းဆီ စတာလိုမျိုး စားသုံးလို့ ရတဲ့ဆီတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းနေမိတယ် ဆိုရင်တော့ အခုပဲ ရေခဲသေတ္တာထဲက ထုတ်လိုက်ပါ။ စားသုံးလို့ရတဲ့ ဆီတွေကို အလင်းတိုက်ရိုက် မကျတဲ့ အေးမြ ခြောက်သွေ့တဲ့ နေရာမျိုးမှာ သိမ်းဆည်းထားတာက အာဟာရတန်ဖိုးရော အရသာကိုပါ ပြည့်ပြည့်ဝဝ ရစေမှာပါ။ 

    ဆီကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတာက ဆီတွေကို ခဲစေနိုင်ပါတယ်။ 

    • ချက်ပြီးသား ဟင်းတွေ

    ဟင်းတွေပိုလို့ ရေခဲသေတ္တာထဲထည့်သိမ်းမယ် ဆိုရင်လည်း မြန်မြန်စားပစ်ပါ။ ၂-၃ရက်ထက် ပိုသိမ်းမိတယ်ဆိုရင်တော့ မစားပါနဲ့တော့။ ဒီလို ထည့်သိမ်းတာက ဟင်းအရသာကို ပျက်စီးစေသလို အာဟာရ တန်ဖိုးကိုလည်း ပျက်စီးစေနိုင်ပါတယ်။

    အေးခဲထားတဲ့ ဟင်းကို စားသုံးတာက အစာအဆိပ်သင့်တာ အပြင် အခြားသော အစာအိမ် အူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် စားမယ်ဆိုရင်တောင် ပူပူလောလော နွှေးပြီးမှ စားဖို့ မမေ့ပါနဲ့။ 

    • ပျားရည်

    ပျားရည်ကလည်း ဆီလိုပါပဲ အခန်းအပူချိန်မှာ သိမ်းရုံနဲ့ လုံလောက်ပါတယ်။ ပျားရည်ကို ရေခဲသေတ္တာထဲမှာ သိမ်းတာက ပျားရည်ကို ခဲစေသလို အရသာ ပျက်စေပြီး အာဟာရတန်ဖိုး လျော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပျားရည်ကို အခန်းအပူချိန်မှာပဲ အေးမြခြောက်သွေ့တဲ့ နေရာမှာ လေလုံဘူးတဲ့ သိမ်းပေးပါ။ 

    • သရက်သီးစိမ်း

    သရက်သီးစိမ်းကို အစိမ်းအတိုင်း စားချင်ရင်လည်း ရေခဲသေတ္တာထဲမှာ ၂ ရက်ထက် ပိုမထားသင့်သလို အမှည့်ခံမယ်ဆိုရင်လည်း ရေခဲသေတ္တာထဲကို ထည့်မထားတာ ကောင်းပါတယ်။ ရေခဲသေတ္တာရဲ့ အအေးချိန်က သရက်သီးမှည့်တဲ့ ဖြစ်စဉ်ကို အဟန့်အတား  ဖြစ်စေနိုင်လို့ပါ။ သရက်သီးမှည့်ကို ခွာပြီး မစားခင် ခဏလောက် ရေခဲသေတ္တာထဲ အအေးခံတာကတော့ ရပါတယ်။ 

    • ကော်ဖီမှုန့်

    ကော်ဖီမှုန့်ဆိုတာက ခြောက်သွေ့အောင် သိမ်းဆည်းထားသင့်တဲ့ အရာပါ။ ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက်တာက ရေငွေ့ရိုက်ပြီး အစိုပြန်တာမျိုး ဖြစ်စေနိုင်သလို ကော်ဖီမှုန့်ရဲ့ အရသာကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီမှုန့်ကို လေလုံဘူးနဲ့ ပိတ်လို့ အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပေးပါ။

    ဒါတွေအပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးစတာတွေကို အခွဲနွှာပြီး ရေခဲသေတ္တာထဲ ထည့်ထား တာမျိုးလည်း မလုပ်ပါနဲ့။ ဒီလို လုပ်တာက အခန့်မသင့်ရင် အစာအဆိပ်သင့်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။ 

    # အမှာစကား


    ရေခဲသေတ္တာက အစားအစာတွေကို မပုပ်မသိုးအောင် ထိန်းသိမ်းပေးတယ်ဆိုပေမယ့် အချို့သော အစားအစာတွေကိုတော့ အာဟာရတန်ဖိုး ပျက်စီးစေနိုင်သလို အခန့်မသင့်ရင် အဆိပ်အတောက် ဖြစ်စေနိုင်တာကြောင့် အစားအစာတိုင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းတာက နည်းလမ်းကောင်း မဟုတ်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement