
မိဘတွေဖြစ်လာပြီဆိုရင် ကိုယ်တိုင်အတွက်ထက် သားသမီးတွေအတွက် ပိုဦးစားပေးတတ်လာစမြဲပါ။ သားသားမီးမီးလေးတွေကို ကိုယ်တိုင်ကိုယ်ကျစောင့်ရှောက်ပေးချင်တဲ့မေမေဖေဖေတို့အတွက်ဘေဘီလေးသုံး အရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားသင့်လဲဆိုတာနဲ့ ဘယ်လို အခြေအနေမျိုးတွေအတွက် အသုံးပြုလို့ရလဲဆိုတာကိုပြောပြမယ်နော်။ ဒီလိုအရေးပေါ်ဆေးသေတ္တာလေးထားရှိခြင်းအားဖြင့် အိမ်မှာဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် သားသားမီးမီးလေးတွေမှာ ထိခိုက်တာမျိုးဖြစ်လာရင် အမြန်ဆုံးပြုစုစောင့်ရှောက်မှုပေးနိုင်မှာပါ။
အရေးပေါ်ဆေးသေတ္တာဆိုတာဘာအတွက်ထားတာလဲ
အရေးပေါ်ဆေးသေတ္တာ ဆိုတာက မတော်တဆမှုတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရင်ဖြစ်ဖြစ်၊ရောဂါတစ်ခုခုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့အခြေအနေကနေသက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင်ထားတာပါ။ ဒီလိုစောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံးလိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကိုကယ်တင်ဖို့ နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။
ဘယ်လိုအခြေအနေမှာ အရေးပေါ်ဆေးသေတ္တာကိုအသုံးပြုဖို့လိုအပ်မလဲ
လူတိုင်း မတော်တဆအခြေအနေကို ကြုံရနိုင်တာကြောင့် လူတိုင်း အရေးပေါ်ဆေးသေတ္တာကိုလိုအပ်နိုင်ပါတယ်။ ကလေးငယ်ငယ်လေးတွေဆိုရင်း သွားရင်းလာရင်းဆော့ရင်းကနေ အသေးစားထိခိုက်ဒဏ်ရာတွေရနိုင်သလို အစားအသောက်တွေကြာင့်၊ တိရိစ္ဆာန်အကိုက်ခံရလို့စသဖြင့် အန္တရာယ်ကြုံတွေ့ရတဲ့အခါ အရေးပေါ်ဆေးသေတ္တာကို အသုံးပြုဖို့လိုအပ်လာမှာပါ။ အိမ်တစ်အိမ်မှာထိခိုက်ဒဏ်ရာအရဆုံးနဲ့ စိတ်မအေးရဆုံးကလည်း ကလေးလေးတွေပဲမလား။ ဒီလိုအခြေအနေမျိုးတွေအတွက် အရေးပေါ်ဆေးသေတ္တာကိုလိုအပ်နိုင်ပါတယ်။
- လက်ချောင်းလေးတွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ
- အရိုးကျိုးတာမျိုးဖြစ်တဲ့အခါ
- ရုတ်တရက် သတိလစ်မေ့မြောသွားတဲ့အခါ
- ပန်းနာရင်ကျပ်၊ နှလုံးရောဂါလိုမျိုး အရေးပေါ်ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့အခါ
- ရုတ်တရက် ထိခိုက်ဒဏ်ရာရတဲ့အခါ
- ပုရွက်ဆိတ်ကိုက်တာ၊ ပျားတုပ်တာစသဖြင့် အင်းစက်ကိုက်တာကြောင့် အန္တရာယ်ဖြစ်လာတဲ့အခါ
ဘေဘီလေးတွေရဲ့ အရေးပေါ်ဆေးသေတ္တာ
အိမ်မှာရှိတဲ့အရေးပေါ်ဆေးသေတ္တာ ထဲမှာ လိုအပ်တဲ့ဆေးဝါးနဲ့ ပစ္စည်းပစ္စယတွေ စုံစုံလင်လင်ပါဝင်တယ်ဆိုပေမယ့်ဘေဘီလေးတွေအတွက်တော့ပြည့်စုံတယ်လို့မဆိုသာပါဘူး။ ဒါကြောင့်ဘေဘီလေးတွေ လိုအပ်နိုင်တဲ့ ပစ္စည်းအစုံပါတဲ့ အရေးပေါ်ဆေးသေတ္တာလေးဖန်တီးကြည့်ရအောင်လားဖေဖေမေမေတို့…
- ကလေးသွားပွတ်တံ
- ကလေးသုံး လက်သည်းညှပ်
- ကတ်ကြေး
- ဂွမ်း
- ကလေးသုံးခေါင်းဖီးဘီး
- ချောင်းဆိုးေပျာက်ဆေး
- အဖျားေပျာက်ဆေး
- လူးဆေးတစ်မျိုးမျိုး
- နှာခေါင်းပိတ်တာအတွက် အသုံးပြုနိုင်မယ့် အစက်ချဆေးရည်ဗူး
- လေနာသက်သာစေမယ့် ကလေးသောက်လေဆေးရည်
- ကလေးငယ်လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့Antibiotic cream
- ပလာစတာ၊ ပတ်တီး
- နေလောင်ကာခရင်မ်
- လက်နှိပ်ဓါတ်မီး
- ဇာဂနာ
- လက်အိတ်
- ရေမလိုလက်သန့်ဆေးရည်
- ကလေးသုံးအဖျားတိုင်းတံ
- တဘက်စသန့်သန့်လေးတစ်ခုလောက်
- Baby Wipes
- တစ်သျှူး
- ကလေးပြသနေကျဆရာဝန်ရဲ့ဖုန်းနံပါတ်၊ အရေးပေါ် ဆက်လို့ရမယ့် ဖုန်းနံပါတ်တွေ ထည့်ထားပြီး သွားလေရာကို ယူသွားပေးပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Read also:
တည်းဖြတ်သည့်နေ့ ဇူလိုင် 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019