ပတ်တီးကို ဘယ်အတွက်သုံးကြသလဲ
ထိခိုက်ဒဏ်ရာကြီးမားတဲ့အခါ၊ အရိုးကျိုးအက်ခြင်း၊ အဆစ်အမြစ် ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးတို့မှာ ပတ်တီးစည်းကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့အခါ များသောအားဖြင့် ဆေးရုံဆေးခန်းမှာ ကျန်းမာရေးဝန်ထမ်းတွေက အနာကို နည်းစနစ်တကျ ဆေးထည့်ပတ်တီးစည်းပေးကြတာပါ။ နောက်ပိုင်းမှသာ အသစ်လဲတာမျိုးမှာ အိမ်မှာလုပ်ရတာများပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲ ပတ်တီးစည်းမယ်ဆိုရင် သိထားသင့်တာက –
- ပတ်တီးမစည်းခင်သွေးတိတ်အောင် အနာကိုအရင်ဖိထားပေးရပါမယ်။
- သိပ်မကြီးမားတဲ့ဒဏ်ရာကိုဆိုရင်ရေ၊ ဆပ်ပြာအပျော့စားနဲ့ဆေးကြောသန့်စင်ပေးပြီး အနာပိုးသတ်ဆေးထည့်ပြီးမှ သန့်ရှင်းတဲ့ပတ်တီးကို စည်းပေးရမှာပါ။
- ပြင်းထန်တဲ့ ဒဏ်ရာအကြီးစားတွေကို ဆေးခန်းမပြဘဲ ကိုယ့်ဘာသာသန့်စင်ဖို့ မကြိုးစားပါနဲ့။
- ပတ်တီးစည်းတဲ့အခါမှာ ခန္ဓါကိုယ်ကို စည်းရအဆင်ပြေစေမယ့်အနေအထား အရင်ပြင်ထားပါ။ လူနာကိုဖိမိတာမျိုး မဖြစ်စေဖို့ ဒဏ်ရာရှိတဲ့ဘက်ကနေပဲ ပတ်တီးစည်းပေးသင့်ပါတယ်( ဘယ်ဘက်ခြမ်းကဒဏ်ရာကို သင်ကညာဘက်ခြမ်းကနေ ပတ်တီးလှမ်းစည်းပေးတာမျိုးမလုပ်ပါနဲ့)။
- ဒဏ်ရာအရွယ်အစားနဲ့ ဒဏ်ရာရှိတဲ့ခန္ဓါကိုယ်အစိတ်အပိုင်းကိုမူတည်ပြီး အနာနဲ့ သင့်တော်မယ့် ပတ်တီးအရွယ်အစားကိုသုံးပါ။ ဒဏ်ရာထက်ပိုကြီးနေတဲ့ ပတ်တီးကြောင့် ပိုကျပ်၊ပိုထူပြီးလေမဝင်တော့တဲ့အခါ အနာကိုပိုလှောင်ပိတ်စေပါတယ်။ ပတ်တီးကသေးနေပြန်ရင်လည်း ဒဏ်ရာကို ထိခိုက်မှုရန်၊ ရောဂါပိုးမွှားရန်က မကာကွယ်ပေးနိုင်လောက်ပါဘူး။
- ပတ်တီးကို တင်းတင်းရင်းရင်းစည်းပါ။ ဒါပေမယ့်မကျပ်ပါစေနဲ့။
- ပတ်တီးစည်းတဲ့အချိန်က ပုံမှန်ဆိုပေမယ့်ခြေလက်တွေက ဒဏ်ရာအရှိန်ကြောင့်ရောင်ရမ်းလာတတ်လို့နောက်မှကျပ်လာနိုင်ပါတယ်။ ဒါ့ကြောင့် တင်းကျပ်နေသလို ခံစားရရင် သွေးလျှောက်မလျှောက် မကြာခဏစစ်ဆေးပြီးပြန်ဖြေလျှော့သင့်လျှော့ပေးရပါမယ်။
- အရိုးအဆစ်ပြဿနာကြောင့် တံတောင်ဆစ်နဲ့ဒူး တို့လိုနေရာတွေမှာ ပတ်တီးစည်းရတဲ့အခါ အဆစ်နေရာကို နည်းနည်းဖြေလျှော့ထားပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။