brand logo
Discover
Health Tools
Communities

Share

ပြင်းထန် အဆုတ်ရောင်ရောဂါပိုး (2019 Novel Coronavirus (2019-nCoV)) ကနေ ဘယ်လိုကာကွယ်မလဲ......

အခုတလော လူတော်တော်များများ စိုးရိမ်နေတာက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားလာတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019-nCoV) ကူးစက်ခံရမှာကိုပါ။ ဒီတော့ ဒီဗိုင်းရပ်စ်ကဘာလဲ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးမယ်နော်။

ပြင်းထန် အဆုတ်ရောင်ရောဂါပိုး (2019 Novel Coronavirus (2019-nCoV)) ကနေ ဘယ်လိုကာကွယ်မလဲ......

Coronavirus ဗိုင်းရပ်စ်ဆိုတာက ဘာလဲ……

2019 Novel Coronavirus (2019-nCoV) ဆိုတာက ပြင်းထန်ကူးစက်ရောဂါပိုး တစ်မျိုးပါ။ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပါ။ စတင်ဖြစ်ပွားမှုဟာ ပင်လယ်စာ နဲ့ တောရိင်း တိရစ္ဆာန်တွေကိုရောင်းချတဲ့ ဈေးကနေစတင်ပြန့်ပွားခဲ့တယ်လို့သိခဲ့ရပြီး တိရစ္ဆာန်ကနေတဆင့် လူကိုကူးစက်တယ်လို့ယူဆခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ​တော့ ဒီဈေးနဲ့ ထိတွေ့မှုမရှိတဲ့ လူတွေမှာလည်း ကူးစက်မှုတွေရှိခဲ့တာကြောင့် ဒီရောဂါပိုးဟာ လူအချင်းချင်းကူးစက်နိုင်တယ်လို့ ယူဆဖို့ အကြောင်းရှိလာပါတယ်။

ဒီ Coronavirus ဟာ Severe Acute Respiratory Syndrome (SARS) နဲ့ Middle East Respiratory Syndrome (MERS) တို့နဲ့ မျိုးရင်းတူတယ်လို့ ယူဆနေကြပါတယ်။ ဒီရောဂါပိုးက အခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေဆီကို ပြန့်နှံ့မှုတွေရှိနေသလို တရုတ်နိုင်ငံမှာလည်း ဒီရောဂါပိုးကြောင့် သေဆုံးမှုတွေရှိလာနေပါတယ်။

Coronavirus ကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေရှိနိုင်လဲ……

ရောဂါပိုးရှိသူ နှာချေတာ၊ချောင်းဆိုးတာနဲ့ ရောဂါပိုးရှိတဲ့အရာတွေကို ထိတွေ့မိမှုကနေတဆင့် ကူးစက်တတ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင်

  • အဖျားတက်မယ်
  • ချောင်းဆိုးမယ်
  • နှာရည်ယိုမယ်
  • မောမယ်
  • အသက်ရှူတာ ပြတ်ဆောင်းပြတ်တောင်းဖြစ်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ရောဂါထိန်းချုပ်ရေးအဖွဲ့ကတော့ ဒီရောဂါပိုးကို ကူးစက်ခံရချိန်ကနေ ၂ ရက် ဒါမှမဟုတ် ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေကို တွေ့ရနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အရမ်းပြင်းထန်ရင် 

Coronavirus ကို ဘယ်လိုကာကွယ်မလဲ …..

ကာကွယ်ဆေး မရှိတဲ့ coronavirus ကြောင့် ထိခိုက်မှုမဖြစ်စေဖို့ လုပ်ဆောင်ရမယ့် အကောင်းဆုံးနည်းလမ်းက ကာကွယ်ဖို့ပါ။

  • လက်တွေကို ဆပ်ပြာ၊ရေနွေးနွေးလေးသုံးပြီး စက္ကန့် ၂၀ ကြာဆေးကြောပေးပါ။
  • အယ်လ်ကိုဟောပါတဲ့ ရေမလိုလက်သန့်ဆေးရည် အသုံးပြုပေးလို့လည်းရပါတယ်။
  • ရောဂါပိုးရှိသူနဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ပါ။
  • မျက်လုံး၊ နှာခေါင်း နဲ့ ပါးစပ်တွေကို မဆေးတဲ့လက်တွေနဲ့ မထိတွေ့ပါနဲ့။
  • အာဟာရပြည့်အောင်စားပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • လူထူတဲ့နေရာတွေကို မသွားပါနဲ့။
  • အသက်ရှူလမ်း​ကြောင်းက ရောဂါပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်တဲ့ Throat Spray (လည်ချောင်းဖျန်းဆေး) ဒါမှမဟုတ် Nasal spray (နှာခေါင်းဖျန်းဆေး) ကိုအသုံးပြုပေးပါ။

အခြားသူတွေကို ရောဂါပိုးမကူးစက်စေဖို့က

  • ဖျားနေရင် အိမ်မှာပဲနေပါ။ သီးသန့်ခွဲနေပါ။
  • အခြားသူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
  • ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ် နဲ့ နှာခေါင်းကို ပိတ်ထားပါ။
  • မကြာခဏ လက်ဆေးပါ
  • နှပ်ညှစ်ထားတဲ့ တစ်သျှူးတွေကို အမှိုက်ပုံးထဲ သေချာထည့်ပြီး လက်ကို သေချာဆေးကြောပါ။
  • ထိတွေ့မိနေတဲ့နေရာတွေကို ပိုးသတ်သန့်စင်ပါ။
  • အသားစိမ်း၊ငါးစိမ်းတွေမစားပါနဲ့။
  • နှာခေါင်းစည်းတပ်ထားပါ။
  • အာဟာရပြည့်ဝအောင်စားပါ။
  • အသက်ရှူလမ်း​ကြောင်းက ရောဂါပိုးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်တဲ့ Throat Spray (လည်ချောင်းဖျန်းဆေး) ဒါမှမဟုတ် Nasal spray (နှာခေါင်းဖျန်းဆေး) ဥပမာ Betadine နှာခေါင်းဖျန်းဆေး လည်ချောင်းဖျန်းဆေး ကိုအသုံးပြုပေးပါ။
  • လိုအပ်တဲ့ ကုသမှုခံယူပါ။

ဘယ်သူတွေမှာ ဖြစ်နိုင်လဲ

ရောဂါပိုးတွေ ကူးစက်ခံရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက ကိုယ်ခံအားနည်းလို့ပါ။ ဒီတော့

  • ကိုယ်ခံအားနည်းသူတွေ
  • ရောဂါအခံရှိသူတွေ
  • သက်ကြီးရွယ်အိုတွေ
  • ကလေးငယ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[covid_19]

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Aye Thi Mon · Updated 01/07/2022