အစားတွေအများကြီးစားတာ လုံးဝဘာမှမစားဘဲနေတာ ကျန်းမာရေးအတွက်မကောင်းတဲ့ အစားအသောက်တွေမှန်းသိရက်စားတာ ဆေးလိပ်သောက်တာ မူးယစ်ဆေးတွေသုံးစွဲတာ အရက်သောက်တာ မျိုးတွေဖြစ်လာနိုင်ပါတယ်။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်
လူဆိုတာ ဉာဏ်အရှိဆုံး သတ္တဝါဆိုတာကိုမေ့မထားပါနဲ့။ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းပိုင်ဆိုင်ထားပြီးသားပါ။ အသုံးချတတ်ဖို့ပဲလိုပါမယ်။ ဒါကြောင့် အလုပ်ခွင်ဖိအားတွေကြောင့် စိတ်ညစ်လာတဲ့အခါ ဒီအချက်တွေကို အရင်ဆုံး စဉ်းစားပါ။ ကိုယ်စိတ်ညစ်နေတဲ့အချက်က တကယ်ကိုအရေးကြီးရဲ့လား။ ထိခိုက်မှုကကြီးနိုင်လား။ စိတ်ညစ်နေတဲ့အကြောင်းအရင်းကို အတိအကျသိအောင်လုပ်ပါ။
ဒီအဆင့်တွေကိုကျော်လွန်သွားပြီဆိုရင်တော့ စပြီးဖြေရှင်းဖို့ပြင်ဆင်ရပြီပေါ့။ပြောပြဖြေရှင်းလို့ရမယ့်အရာဆိုရင် အထောက်အထားခိုင်ခိုင်လုံလုံနဲ့ပြောပြဖြေရှင်းလိုက်ပါ။ အရမ်းအရေးမကြီးဘူး။ ထိခိုက်မှုမရှိနိုင်ဘူးဆိုရင်မေ့လိုက်ပေါ့။ ဒီလိုမှမဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေက အသုံးတည့်မှာပါ။
- လမ်းလျှောက်တာလိုမျိုးလုပ်ပါ
- ပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုလေးကိုကြည့်ရှု့ခံစားပြီး သဘာဝလေကို ခံစားပေးပါ
- စိတ်ညစ်စရာဖြစ်စေတဲ့အရာတွေကို ချရေးလိုက်ပါ
- ယောဂလိုမျိုး စိတ်ဖိစီးမှုကို သက်သာစေတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပေးပါ
- စာအုပ်ဖတ်ပါ
- ဝါသနာပါရာတစ်ခုခုကိုလုပ်ပါ
- မိသားစုနဲ့အတူပျော်ရွှင်စရာလှုပ်ရှားမှုတစ်ခုခုလုပ်ပါ
- ကိုယ့်ကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ပါ
- စိတ်ချယုံကြည်ရသူကို ရင်ဖွင့်ပါ
- တရားထိုင်ပါ
- ဝင်သက်ထွက်သက်မှတ်ရင်းမေတ္တာပွားပေးပါ
- နေ့ခင်းနေ့လည်ကို ခဏတစ်ဖြုတ် ဆိတ်ငြိမ်တဲ့နေရာမှာ အနားယူပေးပါ
- အိပ်ပျော်အောင်အိပ်စက်ပါ
- အလုပ်ကပြန်တဲ့အခါ အလုပ်တွေကို ခဏတာမေ့ထားလိုက်ပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။