backup og meta

မရှိမဖြစ် ရှိထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ

မထင်မှတ်ဘဲ ဖြစ်တတ်တဲ့ မတော်တဆထိခိုက်ဒဏ်ရာတွေအတွက် အိမ်တစ်အိမ်မှာ အရေးပေါ်ဆေးသေတ္တာဆိုတာ ရှိထားဖို့ လိုအပ်ပါတယ်။ချော်လဲတာပဲဖြစ်ဖြစ်၊ ပွန်းပဲ့ရှနာတွေဖြစ်လာတာပဲဖြစ်ဖြစ် အရေးတကြီး အမြန်သုံးလို့ရဖို့လိုသလို အလိုရှိရာ လွယ်ကူစွာ သယ်ယူသွားနိုင်လို့ ကျန်းမာရေးအတွက်အသုံးဝင်လှပါတယ်။

မရှိမဖြစ် ရှိထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ

လိုအပ်မယ့်ပစ္စည်းအစုံအလင်ကို တစ်စုတည်းပြင်ဆင်ထားတာက သေးသေးမွှားမွှားကျန်းမာရေးပြဿနာတွေကအစ အရေးပေါ်တစုံတရာဖြစ်လာတဲ့အခြေအနေမျိုးတွေအထိ ကိုယ့်ဘာသာအမြန်ဆုံးဖြေရှင်းနိုင်စေပါလိမ့်မယ်။ ဘယ်သွားသွားအရေးပေါ်ဆေးသေတ္တာကို အိမ်မှာတစ်ခု ကားထဲမှာတစ်ခု ထားရှိသင့်ပါတယ်။

ဆေးဆိုင်မှာဖြစ်ဖြစ်ဆေးသေတ္တာဝယ်လို့ရတယ်ဆိုပေမယ့် ကိုယ်တိုင်စုဆောင်းပြီးပြင်ဆင်တာက ပိုကောင်းပါတယ်။ ကိုယ်တိုင်လုပ်မယ်ဆိုရင် အရင်ဆုံးလိုအပ်မှာက အရွယ်အစားကြီးကြီး၊သယ်ယူလို့လွယ်၊ဖွင့်ရလွယ်ပြီး အကြမ်းခံတဲ့ ဘူးတစ်ဘူးကိုရွေးရပါမယ်။ ပလတ်စတစ် ဆေးသေတ္တာတွေက သယ်ရတာပေါ့ပါးပြီး အလွယ်တကူယူဆောင် အသုံးပြုနိုင်တာကြောင့်လိုအပ်တဲ့ပစ္စည်းအစုံအလင်ထည့်ဖို့အတွက် အဆင်ပြေဆုံးပါ။

ဆေးသေတ္တာမှာ ဘာတွေပါရမလဲ

အရေးပေါ်ဆေးသေတ္တာမှာ ဘယ်ပစ္စည်းတွေကို ထည့်ထားသင့်သလဲဆိုတာလည်းအရေးကြီးပါတယ်။ ဒါမှ လိုအပ်တဲ့အချိန် ထိထိရောက်ရောက်အသုံးချနိုင်မှာဖြစ်ပါတယ်။ဆေးသေတ္တာမှာ ဒါတွေ ပါဝင်သင့်ပါတယ်။

  • ပိုးသတ်ထားတဲ့ဂွမ်း
  • စက္ကူတိပ်
  • အနာကပ်ပလာစတာ
  • ပတ်တီးလိပ်
  • အရက်ပြန်
  • ပိုးသတ်ဆေး
  • အနာကျက်ဆေးအဆီ/ဆေးရည်( ဥပမာ – Betadine )
  • ဇာဂနာ
  • ကတ်ကြေးအသေး
  • သာမိုမီတာ (ဒစ်ဂျစ်တယ်)
  • တစ်ခါသုံးပလတ်စတစ်လက်အိတ်(အနည်းဆုံး နှစ်စုံ)
  • ကိုယ်ပူကျဆေး နဲ့အကိုက်အခဲပျောက်ဆေး (ဥပမာ – Paracetamol၊ acetaminophen၊ aspirin ၊ibuprofen)
  • ချောင်းဆိုးပျောက်ဆေး (အရည် သို့မဟုတ်သောက်ဆေး)
  • အစာအိမ်နဲ့လေထိုးလေအောင့်အတွက် အစာအိမ်လေဆေး (ဥပမာ- Kremil S ၊Air X)
  • ဓါတ်မတည့်မှုနဲ့ ယားယံခြင်းတို့အတွက်Antihistamine လိမ်းဆေး (ဥပမာ Cetrizine, Loratidine, Burmeton)
  • ဒဏ်ကြေလိမ်းဆေး (ပရုတ်ဆီ၊ ရာပန်းဆီ၊ Vortex)

ဆေးသေတ္တာကို ပစ္စည်းတွေ ထည့်ပြီးပြီဆိုရင်

  • ကလေးတွေလက်လှမ်းမမီလောက်တဲ့၊ လူကြီးတွေယူရလွယ်လောက်တဲ့နေရာမှာ ထားပါ။
  • ဆေးသေတ္တာကို ပုံမှန်စစ်ကြည့်ပါ။ ကုန်နေတာရှိရင်ဖြည့်ပါ။ သက်တမ်းရက်လွန်နေတာရှိရင် အသစ်လဲထည့်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/first-aid/first-aid-kits-treatment#2-5

https://www.medicinenet.com/script/main/art.asp?articlekey=19466

https://www.nhs.uk/chq/Pages/990.aspx?categoryid=72

http://kidshealth.org/en/parents/firstaid-kit.html

 

ယခုပုံစံ

12/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ဘာကြောင့်ထားသင့်တာလဲ

ထိခိုက်ဒဏ်ရာရရင် လုပ်ရမယ့်အချက် ၁၀ ချက်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ