ခရီးသွားရင်းမတော်တဆထိခိုက်မိတဲ့အခါ ဘာတွေလုပ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မတော်တဆထိခိုက်မိတာကရှောင်လွှဲလို့မရတဲ့ပြဿနာပါ။ အချိန်မရွေးတွေ့ကြုံခံစားရနိုင်ပါတယ်။ သွားရင်းလာရင်းဖြစ်ဖြစ်၊ အိမ်အလုပ်တွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်တွေလုပ်နေရင်းဖြစ်ဖြစ် မတော်တဆထိခိုက်မိနိုင်တဲ့ အနေအထားတွေအများကြီးပါ။ အိမ်မှာထိခိုက်မိရင်က အစစအရာရာအဆင့်သင့်ရှိနေနိုင်တာကြောင့် ဒဏ်ရာအတွက်လိုအပ်တဲ့စောင့်ရှောက်မှုအားလုံးကို လုပ်ဆောင်ရတာအဆင်ပြေမှာပါ။ ဒါပေမယ့် ခရီးသွားတဲ့အခါမှာလည်း ထိခိုက်မိနိုင်တာပဲလေ။ ဒီလိုထိခိုက်မိတဲ့အခါမှာလည်း အနာကိုသေချာဂရုစိုက်ဖို့လိုအပ်မှာပါ။

ခရီးသွားတဲ့အခါ ဒီလိုပြဿနာလေးတွေကြုံရနိုင်ပါတယ်

ခရီးသွားရင်း မတော်တဆထိခိုက်မိပြီဆိုရင်

ခရီးသွားတာက အတွေ့အကြုံ ခံစားမှုအသစ်တွေကိုပေးစွမ်းနိုင်ပါတယ်။ အလုပ်ကိစ္စကြောင့် ခရီးသွားရတာမျိုးရှိသလို အပန်းဖြေတဲ့အနေနဲ့လည်း ခရီးသွားကြပါတယ်။ ဒီလိုခရီးသွားတဲ့အခါ လူတော်တော်များများက လိုအပ်တာတွေကိုပြင်ဆင်တတ်ကြပေမယ့် များသောအားဖြင့်မေ့နေတတ်တာတစ်ခုတော့ရှိနေတတ်ပါတယ်။ ဒါက မတော်တဆထိခိုက်မိတာမျိုးအတွက်ပြင်ဆင်ဖို့ပါ။ မတော်တဆဆိုတဲ့ အဓိပ္ပါယ်ကိုက မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေပါ။ ဒီတော့ ခရီးသွားတဲ့အခါဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေမတွက် ကြိုတင်ပြင်ဆင်သွားတာအကောင်းဆုံးပါ။

တကယ်လို့ မတော်တဆထိခိုက်မိပြီဆိုရင် –

  • လက်ကိုအရင်ဆုံးသန့်စင်ဆေးကြောပေးပါ။ရေအလွယ်တကူမရနိုင်ခဲ့ရင်ရေမလိုလက်သန့်ဆေးရည်နဲ့ဆေးကြောပေးပါ။
  • အနာကိုသေချာသန့်စင်ဆေးကြောပေးပါ။ အနာထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကိုသေချာသန့်စင်ဆေးကြောပေးပါ။
  • အနာကို ပိုးသတ်ဆေးတစ်မျိုးမျိုးသုံးပြီး သန့်စင်ပါ။ အနာတဝိုက်ကိုလည်း ချန်မထားပါနဲ့။
  • အနာကိုညစ်ပေတာနဲ့ တိုက်ရိုက်ထိတွေ့မိတာမျိုး မဖြစ်စေဖို့အတွက် ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးလုပ်ပေးပါ။
  • တစ်နေ့နှစ်ကြိမ် အနာကိုစစ်ဆေးပေးပါ။
  • အနာကိုတွေ့ကရာရေနဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ပါ။
  • အနာကအရောင်ပြောင်းလာလား၊ အနံ့အသက်ဆိုးဖြစ်လာလား။ပြည်တည်လားဆိုတာကိုသေချာလေးစစ်ဆေးပေးပါ။
  • လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးတာမျိုးလုပ်ပေးရပါမယ်။

ခရီးသွားရင် ဘာတွေယူသွားမလဲ

ခရီးသွားတဲ့အခါ အဝတ်အစားတွေ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကိုပြည့်ပြည့်စုံစုံယူသွားဖို့လိုမှာဖြစ်သလိုဆေးဝါးနဲ့ အခြားလိုအပ်မယ့် ပစ္စည်းတွေကိုပါ ထည့်သွားသင့်ပါတယ်။

  • အဖျားသက်သာအောင်သောက်လို့ရတဲ့ဆေးဝါးတွေ
  • ပလာစတာ
  • ပတ်တီး
  • antibioticsဆေးတစ်မျိုးမျိုး
  • ရေမလိုလက်သန့်ဆေးရည်
  • တစ်ခါသုံးလက်အိတ်
  • ဇာဂနာ
  • ဂွမ်း
  • အရက်ပြန် လိုမျိုးပစ္စည်းတွေကို ဗူးတစ်ခုထဲစုထည့်ပြီး ခရီးဆောင်ဆေးသေတ္တာလေးအဖြစ်နဲ့ ခရီးသွားတဲ့အခါ ယူသွားလိုက်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာ အဖြစ်များတဲ့ကင်ဆာ ဆီးချိုရောဂါ အရက် ဆေးလိပ် အနီရောင်အသား အဝလွန် အူမကြီးအသားပို အူမကြီးရောင်ရမ်းတဲ့ရောဂါ ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
အူမကြီးကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 1, 2020 . 2 mins read

နေလောင်ခံအသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

နေလောင်ဒဏ် အသားအရေ အရေပြား ခရမ်းလွန်ရောင်ခြည် နေလောင်ခံ အရေးအကြောင်း အိုမင်းရင့်ရော် အရေပြားကင်ဆာ အစိုဓာတ် ရေဓာတ် အာဟာရ ဒဏ်ရာ အမာရွတ် ရေချိုးဆပ်ပြာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အရက်သောက်ချင်ပေမယ့် အရက်နာကျတာတော့ မကြိုက်ဘူးဆိုရင်

အရက် အရက်နာကျ လူငယ် ယောက်ျားလေး အဆိပ်အတောက် ခေါင်းမူး ခေါင်းကိုက် မူးဝေ အိပ်ရေးမဝ အဆီအစိမ့် ရေဓာတ် အချဉ် ဆေးလိပ် အစာစားချင်စိတ် လူငယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
သီးသီးအကြောင်း သိကောင်းစရာ

သီးသီးအကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 1 min read