home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

တစ်ပတ်တာအတွက် လူစိတ်ဝင်စားမှုအများဆုံး ကျန်းမာရေးဆောင်းပါးများ

တစ်ပတ်တာအတွက် လူစိတ်ဝင်စားမှုအများဆုံး ကျန်းမာရေးဆောင်းပါးများ

၁။ တမာရဲ့အသုံးဝင်ပုံများ

၂။ ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ။

၃။ မျက်နှာလေး လှပစေဖို့ ပျားရည်က ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲ။

၁။ တမာရဲ့အသုံးဝင်ပုံများ

တမာရွက် – အနာကြီးရောဂါ၊ မျက်လုံးမှာဖြစ်တဲ့ဝေဒနာတွေ၊ နှာခေါင်းသွေးလျှံတာ၊ အစာအိမ်ဝေဒနာ၊ အစားစားချင်စိတ်လျှော့နည်းတာ၊ အရေပြားအနာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ အများ၊ ဆီးချို၊ သွားဖုံးရောဂါနဲ့ အသည်းရောဂါ တွေအတွက် အသုံးပြုလို့ရပါတယ်။

တမာပင်အခေါက် – ငှက်ဖျားရောဂါ၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေကို သက်သာစေပါတယ်။

တမာသီး – လိပ်ခေါင်း၊ အူလမ်းကြောင်းမှာဖြစ်တဲ့သန်ကောင်တုတ်ကောင်တွေကိုချေဖျက်ဖို့၊ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်တာ၊ နှာခေါင်းသွေးလျှံတာ၊ ချွဲသလိပ်တွေ၊ မျက်လုံးနဲ့သက်ဆိုင်တဲ့ဝေဒနာတွေ၊ ဆီးချို၊ အနာတွေနဲ့ အနာကြီးရောဂါအတွက် အသုံးပြုလို့ရပါတယ်။

တမာပွင့် – သည်းခြေရည်အထွက်များတာ၊ ချွဲသလိပ်တွေဖြစ်တာနဲ့ သန်ကောင်တုတ်ကောင်ချေဖျက်တာတွေအတွက် အသုံးပြုလို့ရပါတယ်။

တမာပင်ရဲ့ အကိုင်းအခက်တွေ – ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ်၊ လိပ်ခေါင်း၊ အမျိုးသားတွေ မျိုးအောင်နိုင်စွမ်းကျဆင်းတာကို သက်သာစေဖို့ သုံးနိုင်ပါတယ်။ ဆီးချိုဝေဒနာအတွက်လည်း အသုံးဝင်ပါတယ်။ သွားဖုံးနဲ့သွားရောဂါတွေအတွက်လည်း သုံးနိုင်ပါတယ်။

တမာစေ့နဲ့တမာစေ့ဆီ – အစာအိမ်အူလမ်းကြောင်းဝေဒနာတွေနဲ့ အနာကြီးရောဂါ တွေအတွက် သုံးနိုင်ပါတယ်။

၂။ ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ။

ကလေးငယ်တွေရဲ့နှာခေါင်းထဲကို အစေ့တစ်ခုခုဝင်သွားတာ ဒါမှမဟုတ်လည်း သေးငယ်တဲ့အရာဝတ္ထုတစ်ခုခုဝင်သွားတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ ဒါဆို အဲ့လိုမျိုးကြုံလာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကလည်း မိဘတိုင်းသိထားသင့်တဲ့ ကိစ္စတစ်ခုပါပဲ။

ဒါကြောင့် ဒီလိုပြဿနာမျိုးကိုအဆင်ပြေနိုင်ဖို့အတွက် ဟိုးဆယ်စုနှစ်မျာစွာကတည်းက အသုံးပြုခဲ့တဲ့ “မေမေ့အနမ်း” ဆိုတဲ့ အိမ်တွင်းဆေးမြီးတိုကုသနည်းလေးကို ပြောပြပါရစေ။

“မေမေ့အနမ်း” ကုသနည်းအသုံးပြုပုံအဆင့်ဆင့်
– အမေ (သို့မဟုတ် လူကြီးတယောက်ယောက်) ရဲ့ ပါးစပ်နဲ့ ကလေးရဲ့ ပါးစပ်ကို နမ်းတဲ့ပုံစံအတိုင်း တေ့ထားရမှာဖြစ်ပြီး ကောင်းနေတဲ့ နှာခေါင်းတဖက်ကို လက်ချောင်းတချောင်းနဲ့ ပိတ်ထား၊ဆို့ထားရပါမယ်။
– ပြီးရင် ကလေးရဲ့ပါးစပ်ထဲကို လေမှုတ်ထည့်ရပါမယ်။
– မှုတ်ထည့်လိုက်တဲ့လေရဲ့အရှိန်နဲ့ နှာခေါင်းထဲဝင်သွားတဲ့အရာဝတ္ထု ပြန်ထွက်လာပါလိမ့်မယ်။

နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းဟာ အင်မတန်လုံခြုံစိတ်ချပြီး ထိရောက်အကျိုးရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့အတွက် ချိတ်တွေ၊ညှပ်တွေနဲ့ နှာခေါင်းထဲထိုးပြီး ဖယ်ထုတ်ရတာ ဒါမှမဟုတ် စုပ်ထုတ်ရတာ အစရှိတဲ့ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ဖို့ မလိုအပ်တော့ပါဘူး။
မေ့ဆေး၊ထုံဆေးတွေပေးဖို့လည်း မလိုတော့တဲ့အတွက် ကလေးတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဒီနည်းလမ်းမပြုလုပ်ခင်မှာ ဘယ်လိုလုပ်မယ်ဆိုတဲ့အကြောင်း ကလေးကို ကြိုတင်ရှင်းပြပေးထားမယ်ဆိုရင် သူလေးအနေနဲ့ ကြောက်လန့်နေတော့မှာ မဟုတ်ပါဘူး။

၃။ မျက်နှာလေး လှပစေဖို့ ပျားရည်က ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်လဲ။

အစိုဓါတ်ရရှိစေခြင်း
မျက်နှာနဲ့လေထိတွေ့တာတွေ များခြင်းကြောင့် မျက်နှာပြင် အလွှာတွေ ပျက်စီးပြီး အစိုဓါတ် ခမ်းခြောက်စေပါတယ်။ ဒီလိုပျက်စီးခြင်းကို ပျားရည်က ပြန်လည် ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပထမဆုံး မျက်နှာသစ်လိုက်ပါ။

ချွေးပေါက်ကျယ်ခြင်း
ပျားရည်မှာ ပါဝင်တဲ့ အင်ဇိုင်းဓါတ်တွေက ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး ချွေးပေါက်ကျယ်တာတွေကို သက်သာစေပါတယ်။

အမာရွတ်တွေမှေးမှိန်စေဖို့
ပျားရည်က အသားအရေကို ကြည်လင်တောက်ပစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ ဓါတ်တွေ ပါဝင်တာကြောင့် အမာရွတ်တွေကိုလည်း သက်သာစေပါတယ်။ မျက်နှာပြင်ကို ချောမွေ့ဖြူစင်စေတာမို့ အမာရွတ်ကို တဖြည်းဖြည်း မှေးမှိန်သွားစေပါတယ်။

မျက်နှာအသားအရေကြည့်ကောင်းလာစေဖို့
တချို့မျက်နှာလေးတွေကို ကြည့်လိုက်ရင် နေမကောင်းသလိုနဲ့ ဖျော့တော့တော့ ဖြစ်နေတာတွေ တွေ့ရနိုင်ပါတယ်။ ဒီလိုလေးတွေ မဖြစ်ဘဲ မျက်နှာအသားအရေ ကြည်လင်ပြီး တောက်တောက်ပပလေး ဖြစ်နေစေဖို့အတွက် ပျားရည်နဲ့ သံပရာရည် အနည်းငယ်ကို ရောစပ်လိုက်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ သံပရာသီးရဲ့ ဗီတာမင် စီ က မျက်နှာအသားအရေကို အားပြည့်စေပါတယ်။ ပြီးမှ ရေနဲ့ မျက်နှာသစ်လိုက်ပါနော်။

ဝက်ခြံ
ပျားရည်မှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်ပေးနိုင်တဲ့ဓါတ်ဟာ ဝက်ခြံထွက်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Wilson Chan မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။