ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

မြွေကိုက်ခံရရင် ဘာတွေကို မလုပ်ရဘူးလဲ။

မြွေကိုက် ခံရတာ ရေသောက်လိုက်လို့ အဆိပ်ပြန့်ပြီး ဆုံးသွားတယ်ဆိုတာမျိုး၊ မြွေကိုက်ခံရတယ်။ အရမ်းအိပ်ချင်လာပြီဆိုပြီး အိပ်လိုက်ရာကနေ အသက်သေဆုံးသွားတယ်ဆိုတာမျိုးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါကတွေက တကယ်လား။ မြွေကိုက်ခံရမှတော့ ဘာပဲလုပ်လုပ် သေမှာပဲလေ။ မြွေဆိုတာက အဆိပ်ပြင်းတာကိုးလို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။ မြွေဆိပ်က သေစေနိုင်လား။ မြွေဆိုတာက အဆိပ်ပြင်းတဲ့ သတ္တဝါလို့ လူသိများကြပါတယ်။ မြွေဆိုတဲ့နေရာမှာ အမျိုးအစား နဲ့ အရွယ်အစားကိုလိုက်ပြီး အဆိပ်ပြင်းတာက ကွာခြားနိုင်ပါတယ်။ မြွေဆိပ်ဆိုတဲ့နေရာမှာလည်း အာရုံကြောတွေကို ထိခိုက်စေနိုင်တာမျိုး ရှိသလို သွေးထဲမှာ ပြန့်သွားတဲ့ မြွေဆိပ်တွေလည်း ရှိပါတယ်။ မြွေဆိပ်က အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုပေမယ့် ရှေးဦးသူနာပြုစုနည်းကို သေချာ လုပ်ဆောင်မယ်။ အချိန်မီ ဆေးကုသမှု ခံယူမယ်။ လိုက်နာဂရုစိုက်ရမယ့် အချက်တွေကို သေချာလေး လိုက်နာဂရုစိုက်မယ်ဆိုရင် မြွေကိုက်ခံရပေမယ့်လည်း အသက်ရှင်နိုင်ပါတယ်။ မြွေကိုက်ခံရတဲ့အခါ လုပ်ဆောင်ရမယ့် ရှေးဦးသူနာပြုစုနည်းတွေက […]


ရှေးဦးသူနာပြုစုခြင်း

ပင့်ကူကိုက် ခံရတဲ့အခါ

မြင်တာနဲ့ အသည်းယားစရာ ကောင်းတဲ့ ပင့်ကူကို လူတိုင်းက ဝေးဝေးက ရှောင်ကြပါတယ်။ ဒါပေမယ့်လည်း မတော်တဆ ပင့်ကူကိုက် ခံရတဲ့အခါ ထိတ်လန့်မသွားဘဲ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိထားသင့်ပါတယ်။ ပင့်ကူကိုက် ခံရခြင်းအတွက် အိမ်တွင်းပြုစုနည်း ပင့်ကူကိုက်ခံရတာနဲ့ ချက်ချင်းဆိုသလို အဆိပ်တက်ပြီး တစ်ကိုယ်လုံး မည်းတက်လာတာက ရှားပါတယ်။ ဒါမျိုးက ရုပ်ရှင်ထဲမှာပဲ ရှိတာပါ။ များသောအားဖြင့် အိမ်မှာ တွေ့ရတဲ့ ပင့်ကူတွေ၊ လူနဲ့ အနေနီးတွေ ပင့်ကူတွေက တခြားအင်းဆက်တွေလိုပဲ အန္တရာယ်ပေးတာ နည်းပါတယ်။ ဒါကြောင့် အိမ်တွင်းပြုစုနည်းတွေကလည်း တခြားအင်းဆက်အကိုက်ခံရတာနဲ့ ဆင်တူပါတယ်။ အရင်ဆုံး ကိုက်ခံရတဲ့ နေရာကို ရေနဲ့ ဆပ်ပြာနဲ့ ဆေးချပါ။ ပြီးရင်  ပိုးမဝင်အောင် ပိုးသတ်ဆေးကို တစ်နေ့ ၃ကြိမ်လိမ်းနိုင်ပါတယ်။ နာတာ၊ ရောင်တာရှိရင် ရေခဲဝတ်လေးကို အကိုက်ခံရတဲ့ နေရာမှာ […]


ရှေးဦးသူနာပြုစုခြင်း

ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ

အရေပြားမှာ ဆစ်ခနဲ အကိုက်ခံလိုက်ရပေမယ့် ဘာ အကောင်ကိုက် မှန်း မသိလိုက်တဲ့အခါ ဘာဆက်လုပ်ရမှာလဲ။ ရုပ်ရှင်ထဲကလို အဆိပ်တွေ တက်လာတော့မှာလားလို့ ထင်တတ်ကြပါတယ်။ အင်းဆက်အများစုက လူကို သေလောက်တဲ့အထိ အဆိပ်တက်စေတာမျိုးတော့ မဖြစ်စေပါဘူး။ ဒါပေမယ့်လည်း နည်းမှန်လမ်းမှန်နဲ့ ပြုစုဖို့တော့ လိုပါတယ်။ ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ ဘာမှန်းမသိတဲ့ အကောင်ကိုက် ခံရတဲ့အခါ ဒီအဆင့်တွေကို လိုက်နာပါ။ စိတ်အေးအေးထားပါ။ အများစုက လူသေလောက်အောင် အဆိပ်တက်တာမျိုး မရှိတဲ့အတွက် စိတ်အေးအေးထားပါ။ မဟုတ်ရင် ရင်တုန်လာသလိုလို၊ မောလာသလိုလို၊ အသက်ရှူရခက်လာသလိုလို ဖြစ်ပြီး ဓာတ်မတည့်တာနဲ့ မှားတတ်ပါတယ်။ ဒဏ်ရာကို စစ်ဆေးပါ။ ဒဏ်ရာက သာမန်အဖုအပိမ့်ထွက်တာပဲ ဖြစ်နိုင်သလို၊ ကိုက်ရာလေးလည်း ကျန်ခဲ့တတ်ပါတယ်။ အထူးသဖြင့် ကိုက်ရာနှစ်ပေါက်ဆိုရင် သတိထားပါ။ မြွေလည်း ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေ တစ်ပေါက်တည်း ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို […]


ရှေးဦးသူနာပြုစုခြင်း

လက်သည်းကြား ဆူးစူးခြင်းအတွက် အိမ်တွင်းနည်း

လက်သည်းကြား ထဲမှာ သစ်သားစ၊ နှင်းဆီဆူး၊ ဖန်စ၊ ပလတ်စတစ်စ၊ အသီးအရွက်စ စသဖြင့် စူးတတ်ပါတယ်။ တစ်ခါတလေ ခပ်နက်နက်လေး စူးသွားတဲ့အတွက် သာမန်အတိုင်း လက်နဲ့ ဖယ်ထုတ်လို့ မရတာတွေ ရှိပါတယ်။ ဒီလိုဆိုရင် အိမ်မှာ ဘယ်လိုမျိုး အလွယ်တကူ ထုတ်လို့ရနိုင်မလဲ။ ဘယ်လိုအခြေအနေမှာ ကိုယ်တိုင် မထုတ်ဘဲ ဆေးခန်းသွားဖို့ သင့်သလဲ။ လက်သည်းကြား ဆူးစူးခြင်းရဲ့ လက္ခဏာများ လက်သည်းကြား ဆူးစူးတာကို စူးတာနဲ့ ချက်ချင်းသိလိုက်တာ ရှိသလို နောက်ဆက်တွဲတွေ ဖြစ်မှ သိကြတာမျိုးလည်း ရှိပါတယ်။ ခံစားရတဲ့ လက္ခဏာတွေကတော့ -လက်သည်းကြားမှာ တစ်ခုခု ဝင်နေသလို ခံစားရတာ -တစ်ချက် တစ်ချက် ဆူးခနဲ နာသွားတာ -လက်သည်းမှာ အမည်းကြောင်း ထင်နေတာ -ပြည်တည်လာတာ -လက်က တဆစ်ဆစ်ကိုက်နေတာ စတာတွေပဲ ဖြစ်ပါတယ်။ ဆေးခန်းသွားမလား၊ အိမ်မှာပဲ ဖယ်မလား။ ဆူးစူးတိုင်း ဆေးခန်းသွားဖို့ လိုတာတော့ မဟုတ်ပါဘူး။ […]


ရှေးဦးသူနာပြုစုခြင်း

ကျွတ်တွယ် ခဲ့ရင်

အပြင်ထွက်ပြီး လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ရေကူးတာ၊ ခြေလျင်တောင်တက်တာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ဒီနည်းလမ်းတွေ လုပ်ဆောင်တဲ့အခါ တောတွင်းက အကောင်ပလောင်တွေကြောင့် အရေပြားမှာ အင်ပျဉ် ထွက်တာ၊ နေလောက်တာ၊ ပိုးကောင်တွေကိုက်တာ၊ ကပ်ပါးကောင်တွေ၊ ကျွတ်တွယ် တာမျိုး ရင်ဆိုင်ရနိုင်ပါတယ်။ ကျွတ်တွယ် တာ၊ မျှော့တွယ်တာ၊ ခြင်ကိုက်တာ၊ ပျားတုပ်တာလိုမျိုးပေါ့။ ဒီတစ်ခေါက်တော့ ကျန်းမာရေး လိုက်စားရင်း ကျွတ်တွယ်ခံရရင် ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ ကျွတ်တွယ်တယ် ဆိုတာ ကျွတ်ဆိုတာက သေချာ သတိထား မကြည့်မိရင် သာမန် မျက်စိထဲမှာ သိပ်ပြီး အရိပ်မထင်လောက်အောင်ကို သေးတဲ့ သတ္တဝါလေးပါ။ အရေပြားမှာ တွယ်ကပ်ရင်း သွေးတွေကို စုပ်ယူတာပါ။ ခပ်ပြားပြား သဏ္ဍာန်ရှိပြီး ရေချိုတွေ၊ မြက်ပင်တွေ၊ […]


ရှေးဦးသူနာပြုစုခြင်း

ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်

ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။ ဘေးအန္တရာယ် ဆိုတဲ့နေရာမှာ သဘာဝ ဘေးအန္တရာယ်တွေ ရှိသလို လူလုပ်တာကြောင့် ဖြစ်လာရတဲ့ ဘေးအန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။ ဘေးအန္တရာယ်ဆိုတဲ့နေရာမှာတောင် ကြိုသိနိုင်တဲ့ ဘေးအန္တရာယ် ရှိသလို ကြိုမသိနိုင်တဲ့ ဘေးအန္တရာယ်ဆိုတာမျိုးလည်း ရှိပါတယ်။ ဥပမာ - မုန်တိုင်းသတင်းဆိုရင် ကြိုတင် သိရှိနိုင်တယ်လေ။ ငလျင်လိုမျိုး ဘေးအန္တရာယ်မျိုးကတော့ ကြိုတင် သိရှိဖို့ ခက်ခဲပါတယ်။ ဒီလို အခြေအနေမျိုးအတွက်ဆိုရင် ကြိုတင်ပြင်ဆင်ထားနိုင်မှ အဆင်ပြေမှာပါ။ အခုတစ်ခေါက်တော့ ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင် အကောင်းဆုံး အနေအထား တစ်ရပ်ဖြစ်စေဖို့ အရေး​ပေါ်အခြေအနေမှာ မပါမဖြစ် လိုအပ်မယ့် ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲ။ ဘယ်လို ပြင်ဆင်ထားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင် မျှော်လင့်မထားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံတဲ့အခါ […]


ရှေးဦးသူနာပြုစုခြင်း

အရေးပေါ်ဆေးအိတ် ဘယ်လို ပြင်ကြမလဲ။

သဘာဝဘေးအန္တရာယ်၊ မီးဘေး၊ စစ်ဘေး စတာတွေ ကြုံရလို့ အိုးပစ်အိမ်ပစ်ပြေးရပြီဆိုရင် ဘာတွေ သယ်သွားမလဲဆိုတာ ကြိုစဉ်းစားထားဖို့ လိုပါတယ်။ ဖြစ်လာမှ ထူပူပြီး တွေ့ရာ ပြေးဆွဲတဲ့အခါ မလိုတာတွေဘဲ ပါလာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ခုတည်းက စပြီး အရေးပေါ်ဆေးအိတ် လေး ပြင်ထားကြပါစို့။ အရေးပေါ်ဆေးအိတ် ပြင်တဲ့အခါ ထည့်စဉ်းစားရမယ့် အချက်တွေ အရေးပေါ်အိတ်မှာ ဆေးအပါအဝင် ရေ၊ စားစရာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ စာရွက်စာတမ်းတွေ စတာတွေ ပါမှာပါ။ ဒါတွေကို တတ်နိုင်သမျှ ကျစ်လျစ်ပြီး သယ်ရလွယ်အောင် ထည့်ထားဖို့ လိုပါတယ်။ အိမ်ရှိလူကုန် လုံလောက်အောင်လည်း ထည့်ရမှာပါ။ ဒီမှာတော့ ဆေးပစ္စည်းနဲ့ ပတ်သက်တာကို အဓိကထားပြီး ပြောပြပါမယ်။ အရေးပေါ် ဆေးအိတ် မှာ ဘာတွေ ပါမလဲ။ အရေးပေါ် ဆေးအိတ်မှာ နှစ်ပိုင်း ရှိပါတယ်။ စွဲသောက်နေကျဆေးတွေရယ်၊ အရေးပေါ် ဆောင်ထားသင့်တဲ့ […]


ရှေးဦးသူနာပြုစုခြင်း

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

Pepper Spray (ငရုတ်ကောင်း စပရေး) ဆိုတာကို လူတိုင်း ကြားဖူးမှာပါ။ ဒီစပရေးကို ကာကွယ်ရေးအတွက် သုံးကြပေမယ့် မတော်တဆ ကိုယ့်ကိုကိုယ် ပြန်ပက်မိတဲ့အခါ  ဒါမှမဟုတ် သူများပက်တာ ခံလိုက်ရတဲ့အခါမှာ ဘယ်လို သက်သာအောင် လုပ်မလဲ ဆိုတာကို ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ Pepper Spray ဆိုတာ ငရုတ်ကောင်း စပရေး ဆိုတာ မျက်လုံးကို မျက်ရည်ကျအောင် လှုံ့ဆော်ပေးတဲ့အရာပါ။ ဒီစပရေးက စပရေးပုလင်းတွေထဲကနေ ထွက်လာတာပါ။ ငရုတ်ကောင်း စပရေးမှာ အဓိက ပါဝင်နေတာက oleoresin capsicum လို့ သိကြတဲ့ အဆီ တစ်မျိုးပါ။ ဒီအဆီကို ငရုတ်သီးကနေ ထုတ်ထားတဲ့အဆီနဲ့ အပင်ကနေရတဲ့ အဆီတွေကနေ ထုတ်ထားတာပါ။ ပူစပ်တဲ့ ငရုတ်သီးတွေရဲ့ အဆီကနေ အဓိက ထုတ်ထားတာပါ။ Pepper spray  (ငရုတ်ကောင်း […]


ရှေးဦးသူနာပြုစုခြင်း

သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ

သေနတ်ထိ ပေမယ့် အသက်ရှင်တာမျိုး ဖြစ်နိုင်လား...... လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မယ့် လူတိုင်းသိတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျိမ်းစ်ဘွန်းရဲ့ ဇာတ်ကားတွေထဲကလိုမျိုး ကျည်ဆန်ထိပေမယ့် မသေတာမျိုး တကယ်ဖြစ်နိုင်လားဆိုတော့.... ရုပ်ရှင်ဆိုတာက ကြည့်လို့ကောင်းအောင် စိတ်ကူး ပုံဖော်ထားပေမယ့် ပြင်ပက ဘဝတွေကို ထင်ဟပ်နေစေတာတွေ အများကြီးပါ။ အပြင်မှာ ကျည်ဆန်ထိမှန်ခဲ့ပေမယ့် အသက်ရှင်တာ တကယ်ကိုရှိတယ်နော်။ ဒါကတော့ မာလာလာလို့ အများက သိထားကြတဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး နိုဗယ်လ်ဆုရှင် Malala Yousafzai ပါပဲ။ သူမဟာ ဦးခေါင်းမှာ ကျည်ဆန် ထိမှန်ခဲ့ပေမယ့် အခုထိတိုင် သက်ရှိထင်ရှား ရှိနေဆဲပါပဲ။ တကယ်ကလည်း ကျည်ဆန်ထိတိုင်း လူသေတယ်တော့ မဟုတ်ပါဘူး။ ကျည်ဆန်က ဖောက်ထွက်သွားတဲ့ ဒဏ်ရာ အမျိုးအစား တစ်မျိုးပါ။ ဒီဒဏ်ရာက တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသဖို့ လိုတယ်ဆိုပေမယ့် ကုသမှု မခံယူနိုင်ခင် စပ်ကြား အချိန်ကာလမှာ […]


ရှေးဦးသူနာပြုစုခြင်း

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

ငယ်ငယ်က သင်္ကြန်လည်လို့ ရှေ့မှာ မီးသတ်ပိုက် ပါတယ်လို့ ပြောလိုက်ရင် တဘက်​တွေ အထပ်အထပ် ခြုံလို့ လူကြီးတွေ ရင်ဘတ်ထဲ ပြေးဝင်ရင်း နာတော့မှာပဲ။ ကြောက်လိုက်တာဆိုပြီး ဖြစ်ရတဲ့ ခံစားချက်ကို သင်္ကြန်လည်ဖူးသူတိုင်း သိမှာပါ။ မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။ ဒီလို ပိုက်မျိုးနဲ့ ရေထိုးပက်တာက ထိခိုက်မှုတွေ ရှိစေမလား။ ဘယ်လို ထိခိုက်မှုတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ မီးသတ်ပိုက် ဆိုတာ မီးသတ်ပိုက်ဆိုတာ ရေအရှိန်ကို တင်ချင်ရင် တင်လို့ရသလို လျှော့ချင်တဲ့အခါ လျှော့လို့ရတဲ့ ရေပိုက် အကြီးစား တစ်မျိုးပေါ့။ မီးသတ်ပိုက်တွေကို မီးငြှိမ်းသတ်ဖို့အပြင် ဆန္ဒပြပွဲတွေမှာ လူစုခွဲဖို့ အသုံးပြုကြပါတယ်။ မီးသတ်တယ်ဆိုလို့ ရေနဲ့ငြှိမ်းတာလို့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း