ဝိတ်ချတဲ့နေရာမှာ အရေးပါတဲ့ food ဒိုင်ယာရီတစ်ခု ဘယ်လိုဖန်တီးကြမလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဝိတ်ချချင်လို့ရှိရင် အစားအသောက်ထိန်းတာ၊ ေလ့ကျင့်ခန်းလုပ်တာတွေအပြင် နောက်ထပ် လုပ်သင်တဲ့ အရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကိုယ်တစ်နေ့တာ ဘာတွေစားလိုက်လဲ ဘယ်လောက်စားလိုက်လဲဆိုတာကို မှတ်ထားတဲ့ မှတ်တမ်းစာအုပ် food diary ပဲဖြစ်ပါတယ်။ ဒါမှ ဒီနေ့ စားလိုက်တာများနေပြီလား၊ လေ့ကျင့်ခန်း ပိုလုပ်ရမှာလား ကယ်လိုရီကရော ဘယ်လောက်ရှိနေပြီလဲဆိုတာတွေ သေချာတွက်ချက်နိုင်မှာဖြစ်ပါတယ်။

ဒီတော့ စနစ်ကျတဲ့ food ဒိုင်ယာရီတစ်ခုကို ဘယ်လိုဖန်တီးကြမလဲ ။ ။

ခုပြောမယ့် အချက်တွေ အားလုံးက food ဒိုင်ယာရီတစ်ခုမှာ မပါမဖြစ်တွေပဲ ဖြစ်ပါတယ်။

( ၁ ) ကိုယ်အလေးချိန် – ပေါင်နဲ့ဖြစ်ဖြစ် kg နဲ့ဖြစ်ဖြစ်

( ၂ ) အရပ် – လက်မနဲ့ ရော cm နဲ့ရော ကြိုက်တာနဲ့ မှတ်လို့ရပါတယ်။

( ၃ ) တစ်နေ့ ကယ်လိုရီ ဘယ်လောက်စားသင့်တယ်၊ ဘယ်ပေါင်လောက်အထိကျချင်လဲဆိုတာရယ်၊ ဘယ်နှစ်ရက် ဘယ်နှစ်လ ဘယ်နှစ်အတွင်း ကျရမယ်ဆိုတာရယ်နဲ့ diary စလုပ်တဲ့ ရက်စွဲလေးတွေရယ်က စာအုပ်ရဲ့ ထိပ်ဆုံးမှာ ပါသင့်ပါတယ်။

( ၄ ) နောက်ပြီး ငါလုပ်နိုင်တယ်၊ ငါဖြစ်ရမယ် ၊ လူတိုင်း ငါဝိတ်ကျသွားလို့ အံ့သြသွားစေရမယ်ဆိုတဲ့ အားပေးစကားစုလေးတွေကိုပါ စာအုပ်ထဲမှတ်ထားပါ။

( ၅ ) ကိုယ်အားကျရတဲ့၊ ကိုယ်လိုချင်နေတဲ့ ကိုယ်ခန္ဓါအချိုးအစားရှိတဲ့ မော်ဒယ်ဓါတ်ပုံတွေ၊ ကိုပါ စာအုပ်ထဲ ထည့်ထားနိုင်ရင် ပိုကောင်းပါတယ်။ Motivation အတွက်ပေါ့။

( ၆ ) Food diary ဆိုတဲ့အတိုင်း အစားအသောက်နဲ့ ပက်သက်တဲ့ နောက်ထပ် အရေးကြီးတာတွေကတော့

  • ဘာတွေလဲ – ကိုယ်ဒီနေ့တစ်နေ့လုံး ဘာတွေစားလိုက်လဲ။ အားလုံးတစ်ခုမကျန် အသေးစိတ်ချရေးပါ။
  • ဘယ်လောက်လဲ – စားလိုက်တဲ့ အစားအစာတွေရဲ့ ဂရမ်အတိုင်း ရေးနိုင်ရင် ပိုကောင်းပါတယ်။
  • ဘယ်အချိန်လဲ – ဘယ်အချိန်မှာ စားလိုက်လဲဆိုတာကလည်း ကိုယ်တွင်း အဆီစြုခင်းကို တွက်ဖို့ အရေးပါတဲ့ အရာတစ်ခုပါပဲ။
  • ဘယ်မှာစားတာလဲ – အိမ်မှာလား၊ စားသောက်ဆိုင်မှာလား၊ မီးဖိုချောင်ထဲမှာလား အားလုံးကို သေချာမှတ်ထားပါ။ ဒါမှ စားလိုက်တဲ့အစားအစာတွေက ကယ်လိုရီများလား၊ ပိုစားမိလား ဆိုတာတွေကိုပါ မှတ်မိမှာ ဖြစ်ပါတယ်။

( ၇ ) အစားအသောက်တစ်ခုချင်းစီရဲ့ ကယ်လိုရီကို တွက်ထားတဲ့ ဇယားလေးကလည်း မပါမဖြစ်တွေထဲကတစ်ခုပါ။

( ၈ ) ကိုယ်လက်လှုပ်ရှားမှုအကြောင်းလေးလည်း ထည့်ထားသင့်ပါတယ်။

အစားအသောက်တွေချည်းပဲ မှတ်ထားလို့လည်း မရသေးပါဘူး။ ဒီနေ့မှာ ဘယ်လိုကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖြစ်လဲ၊ ဘယ်လောက်ကြာကြာလုပ်ဖြစ်လဲ၊ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းသွားလဲဆိုတာတွေပါ မှတ်ထားသင့်ပါတယ်။

( ၉ ) နောက်ပြီး လစဉ်လစဉ် ပေါင်ပြန်ချိန် ၊ခါးတွေ ပြန်တိုင်းပြီး ရလာတဲ့ အဖြေတွေကို စာမျက်နှာတစ်ခုခွဲပြီး စုမှတ်ထားပါ။ ဒါမှ ကိုယ့်တိုးတက်မှု အ ခြေအနေကို သိမှာဖြစ်ပါတယ်။ တစ်လတစ်ခါ ပေါင်ချိန်ပြီးလို့ ကိုယ်အလေးချိန်ကျသွားတယ်ဆိုတိုင်း ကိုယ့်ကိုကိုယ် အားပေး အသိအမှတ်ပြုတဲ့ စကားလေးတွေပါ ရေးခဲ့ပါ။

( ငါလေးက တော်လိုက်တာ၊ ပင်ပန်းရကျိုးနပ်တယ်၊ ဆက်ကြိုးစားမယ်၊ အရှုံးမပေးဘူး) ဆိုတာမျိုးလေးတွေပေါ့။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာက ဘာတွေလဲ။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို သိပြီးပြီလား............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား။ ဒါကဘာကြောင့်လဲဆိုတာကို သေသေချာချာ သိပြီးရဲ့လား မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
စားသောက်ပုံ မူမမှန် တဲ့ စိတ်ရောဂါများ

စားသောက်ပုံ မူမမှန် တဲ့ စိတ်ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 4 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read