ကင်ဆာကြောင့် ပျို့အန်ချင်နေရင် စားချင်စိတ်မရှိပဲ အစာတွေအကြောင်းတောင် တွေးမိမှာ မဟုတ်ပါဘူး။ ဒီလိုပျိုအန်ချင်စိတ်ကို သက်သာစေမယ့် အစားအသောက်တွေ ရှိပြီး သူတို့ဟာ သင့်ကိုယ်ခန္ဓါ ကျန်းမာဖို့အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။ အကျိုးဖြစ်စေတဲ့ အစားအသောက်တွေအကြောင်းကို ကြည့်လိုက်ကြရအောင်။
BRAT စားသောက်ပုံကိုစားပါ – B ငှက်ပျောသီး၊ R ထမင်း၊ A ပန်းသီးဆော့၊ T အကင်
ဒီစားသောက်နည်းမှာတော့ သင့်ကို ဗိုက်ပြည့်စေပြီး ပျို့ခြင်းကို ကာကွယ်ပေးတဲ့ အစားအသောက်တွေ ပါဝင်ပါတယ်။ ပျို့ခြင်းဟာ အန်ခြင်းနဲ့ တွဲတတ်ပြီး ရေဓါတ်ကုန်ခမ်းခြင်းနဲ့ အရေးကြီးတဲ့ electrolytes တွေ ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီ electrolytes တွေထဲက တစ်ခုကတော့ potassium ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အစားအစာကနေ potassium ကို ဖြည့်တင်းပေးနိုင်ပါတယ်။
ထမင်းနဲ့ အကင်ဟာ ဗိုက်အကြာကြီး ပြည့်စေပါတယ်။ သူတို့ဟာ အရသာ နည်းပါးတာမို့ taste buds တွေကို ဆွခြင်း နည်းပါးကာ ပျို့ခြင်းကို မဖြစ်စေနိုင်ပါဘူး။ ကစီဓါတ်ပါတဲ့ အစားအစာတွေဟာ အစာအိမ် အက်စစ်ထဲမှာ စိမ်ထားသလိုဖြစ်ပြီး ပျို့ခြင်ကို လျှော့ချပေးနိုင်ပါတယ်။ အိပ်ရာမဝင်မီ crackers အနည်းငယ် စားသုံးခြင်းဟာ ညဘက် ပျို့ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ထမင်းနဲ့ အကင်ဟာ ဂလူးကို့စ်ဓါတ်ပါဝင်တာမို့ သင့်ကို စွမ်းအင်ပေးနိုင်ပါတယ်။
တစ်နေ့ ပန်းသီးတစ်လုံးစားသုံးခြင်းဟာ ကျန်းမာစေပြီး ပျို့ခြင်းကို သက်သာစေနိုင်ပါတယ်။ ပန်းသီးတွေဟာ မျိုရခက်တာမို့ သင့်မှာ အစာခြေခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိရင် ပန်းသီးဖျော်ရည်၊ ပန်းသီးဆော့တွေကို အသုံးပြုနိုင်ပါတယ်။
ပျို့ခြင်းကို ကာကွယ်ဖို့ အစာအိမ်ကို တည်ငြိမ်စေတဲ့ အစာတွေကို စားသင့်ပါတယ်။
ပျို့အန်ခြင်းအတွက် အကောင်းဆုံးသစ်သီးသစ်ဖု နှစ်မျိုးကတော့ ဂျင်းနဲ့ peppermint ပဲ ဖြစ်ပါတယ်။ ဂျင်းက အထူးသဖြင့် အာရှနိုင်ငံတွေမှာ ဗိုက်နာခြင်း၊ ပျို့ခြင်းတွေကို ကုသရာမှာ ကျော်ကြားပါတယ်။ ဂျင်းကို ကားမူးခြင်းအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဂျင်းကိုပါးပါးလှီးပြီး ပါးစပ်အတွင်းထည့်ခြင်း၊ လက်ဖက်ရည်ထဲ ထည့်ခြင်း၊ ဂျင်း ကွတ်ကီးတွေ စားခြင်း၊ ဂျင်း သကြားလုံးတွေစားခြင်း တွေ ပြုလုပ်နိုင်ပါတယ်။
နောက်တစ်မျိုးကတော့ peppermint ဖြစ်ပါတယ်။ peppermint ဟာ ပျို့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ peppermint အဆီကု ရှူခြင်းဟာလည်း ပျို့ခြင်းကို သက်သာစေနိုင်ပါတယ်။ အခြားပုံစံတွေဖြစ်တဲ့ လက်ဖက်ရည် လုပ်ခြင်း၊ ကွတ်ကီးလုပ်ခြင်း တွေအားဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ peppermint အရသာ ပီကေတွေဝါးခြင်းကလည်း ပျို့ခြင်းကို သက်သာစေနိုင်ပါတယ်။
ပျို့အန်ခြင်းကို ဖြစ်စေတဲ့ ပရိုတင်းတွေကို စားသုံးပါ။
ပရိုတင်းဓါတ်နည်းခြင်းဟာလည်း ပျို့ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာ ပျို့ခြင်း ဖြစ်နေတယ်ဆိုရင် ပရိုတင်းများတဲ့အစားအသောက်တွေ ဖြစ်တဲ့ အသား၊ ငါးတွေကို စားဖို့ ခက်ခဲနိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ သစ်စေ့၊ အခွံမာသီးတွေစားခြင်း၊ ကြက်ပြုတ်ရည်သောက်ခြင်း တို့ပဲဖြစ်ပါတယ်။ ဒီအစားအသောက်တွေမှာ ပရိုတင်းများစွာ ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် ပျို့ခြင်းကို မဖြစ်စေနိုင်ပါဘူး။
ပျို့အန်ခြင်းဖြစ်ရင် ရေဓါတ်ကို ဖြည့်တင်းပါ။
ပျို့အန်ခြင်းဟာ ရေဓါတ်နည်းခြင်းကို ဖြစ်စေပါတယ်။ ပျို့ခြင်းကို သက်သာစေဖို့ ရေသောက်သင့်ပြီး ကိုယ်ခန္ဓါလိုအပ်တဲ့ ရေဓါတ်ကို ဖြည့်တင်းသင့်ပါတယ်။ ရေခဲစားခြင်းဟာလည်း အချို့ အခြေအနေတွေဖြစ်တဲ့ တုတ်ကွေးမိခြင်း၊ ကားမူးခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အစာ အဆိပ်သင့်ခြင်း၊ ကင်ဆာဖြစ်ခြင်းတွေကြောင့် ဖြစ်တဲ့ ပျို့ခြင်းကို သက်သာစေနိုင်ပါတယ်။ ရေခဲဟာ အန်ခြင်း၊ ဝမ်းလျှောခြင်းကြောင့် ဖြစ်တဲ့ ရေဓါတ်နည်းပါးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အရသာပါတဲ့ သံပုရာ၊ သံပုယိုသီးအရသာ ရေခဲတွေကို ပျို့ခြင်းသက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ ရေခဲကို မဝါးပဲ ပါးစပ်အတွင်းမှာ ခဏတာထားသင့်ပါတယ်။ အားကစားလုပ်စဉ်သောက်တဲ့ အရည်တွေဟာလည်း ရေဓါတ်နည်းပါးခြင်းကို ကူညီပေးနိုင်သော်လည်း သူတို့မှာ သကြားဓါတ်ပါဝင်မှုများနိုင်ပါတယ်။
ကင်ဆာကုသမှုယူနေသူ (သို့) ကိုယ်ဝန်ကြောင့် ပျို့အန်နေသူတွေအတွက် ကောင်းမွန်ပြီး ပျို့အန်ခြင်း သက်သာစေတဲ့ အစားအသောက်တွေကတော့ အထက်ပါ အတိုင်းဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။