အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာအောင် ဘယ်လိုစားသောက်ကြမှာလဲ? သက်သက်လွတ်လား? အသား၊ ငါးလား?

လူတစ်ချို့ဟာ သက်သက်လွတ်စားတာကို ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် စားသောက်ကြပါတယ်။ သက်သက်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ အသား၊ ငါးတွေကို စားသုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင်ကြသူတွေလည်း ရှိကြပါတယ်။ ဒီအယူအဆတွေဟာ ဘယ်လောက် မှန်ကန်မှုရှိပါသလဲ? သက်သက်လွတ်စားသင့်သလား? ဒါဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား? အသားတွေ ငါးတွေကို ရှောင်ကျဉ်သင့်သလား? သက်သက်လွတ်စားရင် ဘာကောင်းသလဲ အရင်ဆုံး သက်သက်လွတ်နဲ့ ပတ်သက်ပြီး ရှင်းပြလိုပါတယ်။ သက်သက်လွတ်စားတဲ့ ပုံစံ နှစ်မျိုးနှစ်စားရှိပါတယ်။ Lacto-ovo နဲ့ Strict (Vegan) ဆိုပြီးတော့ပါ။ Lacto-ovo Vegetarian တွေဟာ တိရိစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် နို့၊ ဒိန်ချဉ် ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားပဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပင်ပန်း နေတဲ့ မနက်ခင်းမှာ အားဖြည့်ပေးနိုင်မယ့် အစားအစာတွေ

အရင်ရက်က ပင်ပန်း ထားတာ၊ အလုပ်တွေများထားတာ၊ အိပ်ရေးပျက်ထားတာ၊ စိတ်ဖိစီးတာတွေကြောင့် အိပ်ရာထတဲ့အချိန်မှာ ပင်ပန်းနွမ်းလျနေတာမျိုး ဖြစ်ဖူးတယ်မလား။ အိပ်ရာထဲက ထဖို့ကို အတော်အားယူပြီး ကိုယ့်ဘာသာတိုက်ပွဲဝင်နေရတာ သိပ်တော့မလွယ်ဘူးလေ။ ဒီလိုအချိန်မျိုးမှာ လူကို လန်းဆန်းအားပြည့်လာအောင် အစားအစာလေးတွေနဲ့ ဆွဲဆောင်ရတော့မှာပဲ။ ပင်ပန်း နေတဲ့ မနက်ခင်းမှာ အားဖြည့်ပေးနိုင်မယ့် အစားအစာတွေ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ စူပါအစားအစာလို့ ခေါ်လို့ရတဲ့ ခွန်အားတိုးအစားအသောက်တွေကတော့ အဆီအဆိမ့်နဲ့ လူကို ဝိတ်တက်စေမယ့် အရာတွေ မပါပါဘူးနော်။ ဒီစာရင်းမှာ အသီးအနှံတွေနဲ့ အသီးအရွက်တွေသာ ပါမယ်ဆိုတာ ကြိုပြောထားပါရစေ။ တာရှည်ခံပစ္စည်းပါတဲ့ ပြုပြင်အစားအစာတွေ၊ အဆီ၊ အငန်များတာတွေနဲ့ဆို ပင်ပန်း နေတဲ့လူက မသက်သာဘဲ ပိုတောင် ခေါင်းစိုက်သွားပါလိမ့်မယ်။ ပင်ပန်း နေတဲ့ မနက်ခင်းမှာ အားဖြည့်ပေးနိုင်မယ့် အစားအစာတွေ ပင်ပန်း နေတဲ့အချိန် ရာသီပေါ်အသီးအနှံလေးတွေ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး

ဇီးသီးလေး ကြိုက်သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဇီးသီးစားသုံးပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို အသားအရေကိုပါ လှပစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဇီးသီးစားသုံးတာကြောင့် အသားအရေကို ဘယ်လိုအထောက်အကူပြုပေးနိုင်လဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး....... ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ ဇီးသီးလေးကို စားသုံးပေးတာက (၁) အသားအရေကို အစက်အပြောက်ကင်းစေနိုင်တယ် မွမွလေး နဲ့ အရသာရှိတဲ့ ဇီးသီးလေး ကို စားသုံးပေးတာက အသားအရေကို ကြည်လင်စေပြီး အရေပြားပေါ်က အမည်းစက်တွေနဲ့ တင်းတိပ်တွေကို သက်သာစေနိုင်သလို အသားအရောင်မညီတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စားတာအပြင် ဇီးသီးကို မျက်နှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ ဘယ်လိုပေါင်းတင်ရမှာလဲ...... မှည့်နေတဲ့ အရွယ်တော်ဇီးသီး ၂ လုံး ၃ လုံးလောက်ကို ဇလုံတစ်ခုထဲမှာ ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ကို မျက်နှာ နဲ့ လည်ပင်းပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ်လောက် ထားပေးပါ။ ပြီးသွားရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်ရဲ့ အစာစားချင်စိတ်ကို ဒီနည်းလမ်းတွေနဲ့ ပြန်မြှင့်ပါ

လူဆိုတာ နေမကောင်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မျိုးဆို အစာစားချင်စိတ်တွေ နည်းသွားပြီး ဘယ်အရာမှ ပါးစပ်ထဲ ခံတွင်းမတွေ့ဖြစ်တတ်ပါတယ်။ တစ်ခါတလေဆို ဘာမှမဖြစ်ဘဲနဲ့တောင် အစာစားချင်စိတ် မရှိသလောက် ဖြစ်သွားတတ်တယ်လေ။ များသောအားဖြင့် အစာစားချင်စိတ်နည်းခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် သိပ်ပြီးစိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နေ့စဉ်ရက်ဆက်ဆိုသလို အစာစားဖို့ ပျက်ကွက်နေတဲ့အခါ ကိုယ်ခန္ဓာက အာဟာရဓာတ်တွေ ရသင့်သလောက် မရတော့ဘဲ ကိုယ်ခံအားကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမြဲတမ်းလိုလို အစာမစားချင်၊ ခံတွင်းပျက်နေတဲ့ Hello ဆရာဝန်ပရိတ်သတ်ကြီးတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ကြရအောင်နော်။ ၁။ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။ အစာစားတဲ့အချိန်မှာ ထမင်းပန်းကန်ကို အပြည့်အမောက်ကြီး ထည့်ပြီး စားတတ်တဲ့သူတွေဟာ တခြားသူတွေထက် ဗိုက်ပြည့်တင်းနေပြီး အစာစားချင်စိတ် နည်းသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အစာစားသောက်မှုပုံစံကို ပမာဏနည်းနည်းနဲ့ ခဏခဏ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ

လူ့ခန္ဓာကိုယ်မှာ သွေးတွေစီးဆင်းနေကြတယ်ဆိုပေမယ့် သွေးအုပ်စု တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒီနေ့မှာတော့ လူအများစုသိရှိထားတဲ့ အေသွေး၊ ဘီသွေး၊ အိုသွေး၊ အေဘီအသွေးတို့ပါဝင်တဲ့ ABO သွေးအုပ်စု စနစ်အပေါ်မှာအခြေခံပြီး သွေသွေးအုပ်စု အလိုက် စားသုံးသင့်သော အစားအစာများ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သွေးအုပ်စု အခြေခံ အစားအသောက်ပုံစံဆိုတာ ဘာလဲ ? သွေးအုပ်စု အပေါ်အခြေခံတဲ့ စားသောက်မှုပုံစံတွေက လွန်ခဲ့ဆယ်စုနှစ်စုလောက်စပြီး လူသိများလာခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ အမေရိကန်ဆရာဝန် Dr. Peter J. D'Adamo ရေးသားထုတ်ဝေခဲ့တဲ့ ကိုယ့် သွေးအုပ်စု အလိုက် မှန်ကန်စွာ စားပါလို့ အဓိပ္ပာယ်ရတဲ့ ' Eat Right 4 Your Type ' စာအုပ်ဟာ အုပ်ရေ သန်းနဲ့ချီ ရောင်းချခဲ့ရပြီး အရောင်းအများဆုံး စာအုပ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ

Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ ကို သိပြီးပါရဲ့လား! Energy Drink လို့ ခေါ်တဲ့ ခွန်အားဖြည့်အချိုရည် ချိုချိုလေးတွေဟာ လူကြိုက်များတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် ကလေးသူငယ်လေးတွေကနေအစ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်တွေအလယ် လူကြီးသူမတွေအဆုံး နှစ်သက်ကြလေ့ရှိပါတယ်။ ဒီအချိုရည်တွေကို ကမ္ဘာတစ်လွှားမှာ ဘယ်လောက်တောင် လူကြိုက်များလဲဆိုရင် လာမယ့် ၂၀၂၄ ခုနှစ်ရောက်ရင် ကမ္ဘာတစ်လွှား အဆိုပါအချိုရည်ဈေးကွက်ရဲ့ တန်ကြေးဟာ ဒေါ်လာ ၇၂ ဘီလီယံအထိရှိလာနိုင်မှာဖြစ်ပါတယ်။ လူတွေဘာကြောင့် ဒီအချိုရည်တွေကို စွဲစွဲလမ်းလမ်းနှစ်ခြိုက်သဘောကျနေကြတာလဲ။ လူတိုင်းနီးပါးက ခွန်အားဖြည့်အချိုရည်တွေဟာ စွမ်းအားကိုမြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ နှစ်သက်စရာအရသာအတွဲအဖက်ကြောင့် နှစ်ခြိုက်ကြတာဖြစ်ပါတယ်။ Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ ခွန်အားဖြည့်အချိုရည်တွေဟာ တကယ်ရော ခွန်အားတွေပေးနိုင်ရဲ့လား၊ စွမ်းအားကိုတိုးစေမှာလား၊ ဦးနှောက်ကိုကြည်လင်စေပြီး စဉ်းစားတွေးခေါ်မှုတွေကို ပိုပြီး အထောက်အကူဖြစ်စေမှာလား … အဖြေကတော့ ဒီလောက်မရိုးရှင်းပါဘူး။ ခွန်အားဖြည့်အချိုရည်တွေမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်စေဖို့ တစ်နေ့တာကို ဒီလိုပြောင်းလဲပါ

လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်နေတဲ့ အချက်တွေက တစ်ခုမကရှိနေနိုင်ပါတယ်။ ဒီအချက်တွေထဲမှာ ခန္ဓာကိုယ် အချိုးအစားကလည်း တစ်ခုအပါအဝင်ပေါ့။ ခန္ဓာကိုယ်အချိုးအစားဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကောက်ကြောင်းလှနေဖို့ထက် ကျန်းမာတဲ့ အချိုးအစားဖြစ်ဖို့က အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာတဲ့ခန္ဓာကိုယ် အချိုးအစားရစေဖို့ တစ်နေ့တာမှာ လုပ်ဆောင်သင့်တဲ့အချက်လေးတွေကိုပြောပြပေးပါရစေ။ တစ်နေ့တာကို အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတာ အဆင်မပြေပါဘူး အခုနောက်ပိုင်းမှာ တိုးတက်လာတဲ့လူနေမှုအဆင့်အတန်းကိုလိုက်မီဖို့ကြိုးစားရင်း မနက် နေထွက်ချိန်ကစေလို့ ညနေ နေဝင်ချိန်အထိ အလုပ်တွေပဲဖိလုပ်မိနေပြီလား။ အလုပ်လုပ်တာက ကောင်းပေမယ့် ကျန်းမာရေးကို ဂရုစိုက်ဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒီတော့ အချိန်ကို အကျိုးရှိရှိအသုံးချလို့ ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက်လည်း လုပ်ဆောင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားရစေဖို့ တစ်နေ့တာကို ဘယ်လိုပြောင်းလဲရမလဲ......... ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခန္ဓာကိုယ်အချိုးအစားလေးဖြစ်စေဖို့ဆိုရင် ဂရုစိုက်ရမှာက တစ်ချက်မကရှိနေနိုင်ပါတယ်။ ဒီအချက်တွေအားလုံးကို သေချာလေးလုပ်ဆောင်ပေးမယ်ဆိုရင် ရောဂါကင်းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အာဟာရပြည့်ဝအောင်စားပါ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ အရေးအကြီးဆုံးက အာဟာရပြည့်ဝဖို့ပါ။ ဒါကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီဖြည့်ကူပေးမယ့် အသီးအာဟာရ (၅)မျိုး

ဝိတ်တက်ချင်သူတွေအတွက် ကယ်လိုရီကူပေးမယ့် အသီးအာဟာရ (၅)မျိုး တချို့က အဆီကျစေဖို့ဆေးအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးရှာဖွေကြိုးစားနေကြချိန်မှာ တစ်ဖက်မှာလည်း ဝိတ်တက်ဖို့ ကြိုးစားနေကြသူတွေရှိပါတယ်။ ဘယ်လိုပဲ ဂရုစိုက်ပြီးစားစား ကိုယ်အလေးချိန်ကမျှော်မှန်းသလောက်တက်မလာ၊ လူကလည်းပိန်မြဲဆိုတော့ ဂျင်မ်သွားကစားရတာနဲ့၊ ပရိုတင်းအာဟာရတွေသောက်ရတာနဲ့ တကယ်မလွယ်ပါဘူး။ အဆီချတဲ့သူတွေက အမြန်ဆုံးအဆီကျနည်းဆိုပြီး အချိန်တိုအတွင်း ခပ်ကြမ်းကြမ်းလုပ်လိုက်လို့ရပေမယ့် ဝိတ်တက်ချင်တဲ့သူမှာတော့ အချိန်ယူရပါတယ်။ ဒီလို ကြိုးစားနေတဲ့အချိန်အတွင်းမှာ အားပေးထောက်ပံ့မယ့် အသီးအာဟာရ တွေစားမယ်ဆို ပိုထိရောက်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ဆီက ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုလည်း အပိုဆုအနေနဲ့ ရနိုင်သေးတာပါ။ (၁) ငှက်ပျောသီး ငှက်ပျောသီးက အာဟာရပြည့်တဲ့အပြင် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီတွေ ကြွယ်ဝပါတယ်။ အုတ်ဂျုံစားမယ်၊ ဒိန်ချဉ်သောက်မယ်ဆို ငှက်ပျောသီးလေးထည့်စားရင် ကွက်တိပါပဲ။ (၂) ထောပတ်သီး ထောပတ်သီးတွေမှာလည်း ကယ်လိုရီနဲ့ အကျိုးပြုအဆီဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဒီလိုပါဝင်မှုကြောင့် ကျန်းမာရေးနဲ့အညီ ကိုယ်အလေးချိန်တက်စေဖို့ စားပေးသင့်တာဖြစ်ပါတယ်။ သူ့မှာ ပိုတက်ဆီယမ်နဲ့ ဗီတာမင် K၊ ဗီတာမင် C ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး

အစားအစာတွေကို စားရင် ပူပူနွေးနွေး စားရတာ ကြိုက်လား။ အေးနေတာကို ကြိုက်လား။ ဒီမေးခွန်းလေးကို ဖတ်ကြည့်ပြီး ထွက်လာတဲ့အဖြေက ပူပူနွေးနွေး စားတာကိုမှ ကြိုက်ပါတယ် ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး အကြောင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။ ပူပူနွေးနွေးစားပေးခြင်း နဲ့ ကျန်းမာရေး အစားအစာတွေ စားသုံးတဲ့ အခါ ပူပူနွေးနွေး စားသုံးပေးပါလို့ ပြောရတဲ့ အကြောင်းအရင်း ကတော့ ဒီအချက်တွေကြောင့်ပါ။ အစားအစာကို ပူပူနွေးနွေး စားတာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ရှေးယခင်ကာလတွေ ကတည်းက လက်ခံထားခဲ့ ကြတာပါ။ အစားအစာတွေကို ပူပူနွေးနွေး စားတာက အရသာတင် တိုးစေတာ မဟုတ်ဘဲ အခုလိုလည်း အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသေးတယ်။ အစာကြေလွယ်တယ် ပူနွေးတဲ့ အစားအစာတွေက အစာကြေလွယ်စေပြီး ခန္ဓာကိုယ်အတွက်လည်း အာဟာရတွေကို တော်တော်လေး ထောက်ပံ့ပေးနိုင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားရည် သောက်ပေးသင့်တဲ့ အကြောင်းအရင်း

နေ့စဉ်လှုပ်ရှားမှုတိုင်းကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့ အာဟာရဓာတ်လိုအပ်သလို  ဓာတ်ဆားဓာတ်ကလည်း ချန်ထားလို့မဖြစ်တဲ့အရာ တစ်ခုပေါ့။ နေ့စဉ်လှုပ်ရှားမှုတွေ လုပ်ရင်ဖြစ်ဖြစ်၊ လေ့ကျင့်ခန်းတွေ လုပ်ရင်ဖြစ်ဖြစ် ထွက်သွားတဲ့ ချွေးတွေကြောင့် ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်တွေက အစဉ်မပြတ် ဆုံးရှုံးနေပါတယ်။ ဒီဓာတ်တွေကို အစားအသောက်တွေက ဖြည့်တင်းနိုင်တယ် ဆိုပေမယ့် ဝမ်းပျက်တာမျိုး၊ ဖျားနာတာမျိုး ဖြစ်တဲ့အခါ လုံလောက်တဲ့ ဓာတ်ဆားဓာတ်ကို အစားအသောက်တွေကနေတဆင့် ပြန်လည် မဖြည့်တင်းနိုင်တဲ့အခါ ဓာတ်ဆားရည်ကို တပ်ကူခေါ်ဖို့လိုလာမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာ ဓာတ်ဆားရည်သောက်ဖို့လိုမလဲ......... နေ့စဉ်တိုင်း စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဓာတ်ဆားဓာတ်က ပါဝင်နေတာကြောင့် ပုံမှန်အချိန်တွေမှာ ဓာတ်ဆားရည် သောက်ဖို့မလိုပေမယ့် ဒီလိုအခြေအနေမျိုးတွေမှာတော့ ဓာတ်ဆားရည် သောက်ဖို့ လိုပါမယ်။ ဖျားနေတဲ့အခါမျိုး ချွေးထွက်များတဲ့အခါမျိုး အော့အန် နေတဲ့အခါမျိုး ဝမ်းသွားနေတဲ့အခါမျိုး အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုး အချိန်အကြာကြီးနေပူထဲမှာနေမိတဲ့အခါမျိုး လှုပ်လှုပ်ရှားရှားလုပ်တာကြောင့်ချွေးအရမ်းထွက်တဲ့အခါမျိုး ရေဓာတ်ခမ်းခြောက်တဲ့အခါမျိုး ကြွက်တက်တဲ့အခါမျိုးတွေမှာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း