အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝမ်းချုပ်တာသက်သာစေဖို့ စားပေးသင့်တဲ့ သစ်သီးတွေက ဘာတွေများလဲ.......

ဝမ်းချုပ်တာက ကြီးကြီးမားမား မဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် ဝမ်းချုပ်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကတော့ တော်တော်လေးများပါတယ်။ ဒီတော့ ဝမ်းချုပ်မှုကင်းပြီး ဝမ်းမှန်စေဖို့ ဘယ်လိုသစ်သီးတွေစားရမလဲဆိုတာကို ပြောပြပေးပါရစေ။ ဝမ်းချုပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အမျှင်ဓာတ်လုံလောက်အောင် မစားမိတာကြောင့်ပါ။ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အများစုမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့်  ဝမ်းမှန်စေဖို့အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ သစ်သီးအများစုက အမျှင်ဓာတ် မပါရင်တောင် ရေဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်မှာပါ။ ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်သစ်သီးတွေ စားရမလဲ........ ဝမ်းချုပ်တာကို သက်သာစေဖို့ဆိုရင် ဒီ သစ်သီးလေးတွေကို စားပေးလို့ရပါတယ်။ ပင်မှည့်သီး ပင်မှည့်သီးက ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲစားစား အရသာရှိသလို အမျှင်ဓာတ်ပါဝင်မှုကလည်း အခြားအသီးတွေထက်များတာကြောင့် အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေမှာဖြစ်သလို ဝမ်းချုပ်မှုကင်းပြီး ဝမ်းမှန်စေမှာပါ။ ထောပတ်သီး ထောပတ်သီးတစ်လုံးမှာ အမျှင်ဓာတ်က ၆.၇ ဂရမ် ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သူ့ကို စိတ်ပျက်နေပြီလား

ကိုယ်ချစ်တယ်လို့ ခံစားရတဲ့ ကိုယ့်လက်တွဲဖော်အပေါ် စိတ်ပျက်နေမိပြီလား? သူ ဘေးနားမှာရှိနေတာဟာ ကိုယ့်အတွက် စိတ်ပင်ပန်းမှုတစ်ခု၊ စိတ်ပျော်ရွှင်မှုမပေးနိုင်တော့တဲ့ အခိုက်အတန့်တွေလို့ ခံစားနေရပြီလား? တချိန်က အရမ်းချစ်ခဲ့ရပါတယ်ဆိုတဲ့သူက ခုချိန်မှာတော့ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာနေပြီလား? တစ်ချိန်က သူ့အသံချိုချိုလေးတွေဟာ ခုချိန်မှာ စိတ်ပင်ပန်းစရာ အသံတွေဖြစ်လာမယ်၊ တစ်ချိန်က ဘယ်သွားသွား ဘာလုပ်လုပ် သူနဲ့မှ အတူတူလုပ်ချင်ခဲ့တာဆိုပေမယ့် ခုချိန်မှာတော့ သူအနားရှိနေတာဟာ စိတ်ညစ်စရာဖြစ်လာနေမယ်၊ သူ မရှိရင် မဖြစ်ဘူးထင်ခဲ့ဘူးပေမယ့် ခုချိန်မှာတော့ သူမရှိမှ ကိုယ်ပျော်နေပြီဆိုတာမျိုး စိတ်ခံစားလာနေရပြီဆိုရင် လက်ရှိ အချစ်ရေးအပေါ် သေသေချာချာ မေးခွန်းထုတ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဘာကြောင့် စိတ်ပင်ပန်းလာရတာလဲ စချစ်ကြစဉ်တုန်းကတော့ အရမ်းချစ်နေခဲ့ကြလို့ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မမြင်ရက်ကြပါဘူး။ အပြစ်တွေ၊ အဆင်မပြေတာတွေရှိနေရင်တောင်မှ သည်းခံဖြတ်ကျော်ကြတယ်။ ချစ်တဲ့မျက်လုံးနဲ့ ကြည့်ကြတဲ့အချိန်ပေါ့။ ကြာလာလေလေ သည်းခံနိုင်စွမ်းနည်းပါးလာလေလေပါပဲ။ ဒီလိုအချိန်မျိုးရောက်လာခဲ့ရင်တော့ ပြဿနာတွေ စတော့တာပါပဲ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ

သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ Valentine’s Day ကြီးကလည်း နီးကပ်လာပြီဆိုတော့ သင့်ချစ်သူနဲ့ Romance အချိန်လေးတွေ ဖန်တီးလို့ကောင်းစေမယ့် အစားအသောက်လေးတွေကို ဖော်ပြပေးမယ်နော်။ သင့်အချစ်စိတ် ကို နှိုးဆွပေးနိုင်တဲ့ အစားအစာများ အောက်ဖော်ပြပါ အစားအသောက်တွေက သင့်ရဲ့လိင်စိတ်ကို နှိုးဆွပေးနိုင်ပါတယ်။ လာမယ့် Valentine’s Day မှာ သင့်အချစ်တွေကို ဖော်ပြပြီး သင့်ချစ်သူကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်း လိုက်ပါ။ ချောကလက် - Valentine’s Day ရဲ့ မပါမဖြစ်ပါပဲနော်။ ချောကလက်ဟာ သင့်ဦးနှောက်မှာ ရှိတဲ့ Serotonin  ဆိုတဲ့ဟော်မုန်းကို မြှင့်တင်ပေးခြင်းဖြင့် သင့်ရဲ့လိင်စိတ်ကို နှိုးဆွပေးပါတယ်။ ဒါ့အပြင် ချောကလက်မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကသင့်ကို လန်းဆန်းတက်ကြွစေပြီး PEA ဆိုတဲ့ဒြပ်ပေါင်း ကတော့ သင့်လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေကို အသက်ဝင်လာစေမှာပါ။ ချိုမြိန်မှုတွေပြည့်နှက်နေတဲ့ ချောကလက်ဟာ သင့်ချစ်သူကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသက်လေးရယ် ရှည်စေဖို့ အစပ်စားပါဗျို့

ဘာပဲစားစား အစပ်ကလေးတစ်မျိုးတစ်မယ်လောက်တော့ပါမှဆိုတဲ့ အစပ်ကြိုက်တဲ့ ကိုကိုမမတွေများ ရှိကြသလားဗျ။ အစပ်ကြိုက်တဲ့သူတွေဆိုတာမျိုးလည်း ဘယ်လိုဘယ်အစာတွေ ဘယ်လောက် အရသာကောင်းတယ်ဆိုဆို ထမင်းဝိုင်းလေးမှာ ငရုပ်သီးဆားထောင်း ပူပူစပ်စပ်လေး၊ ရခိုင်ငရုပ်သီးထောင်း ရှူးရှူးရှဲရှဲလေး ဒါမှမဟုတ် ရနံ့မွှေးမွှေးနဲ့ ငပိရည်စပ်စပ်မျိုးလေးတွေထဲက တစ်မယ်လောက်တော့ပါမှ ထမင်းမြိန် ခံတွင်းတွေ့တတ်တာမျိုးမဟုတ်လား။ အားလပ်ချိန် အဆာပြေစားပြန်ရင်လဲ ငရုပ်သီးနိုင်းချင်းနဲ့ လက်ဖက်သုပ် မျိုးတွေ၊ မာလာရှမ်းကောလို ပူပူစပ်စပ် အစာမျိုးတွေ၊ ရခိုင်မုန့်တီလို စပ်စပ်ပျဲပျဲအစားတွေကိုမှ ချွေးတလုံးလုံးနဲ့ အရသာရှိရှိစားချင်ကြပြန်တယ်လေ။ ဒါပေမယ့်လည်း ကိုယ်က အစပ်ကြိုက်လို့ တဝတပျဲစားရင် လူကြီးတွေနဲ့ ခင်မင်ရင်းနှီးသူတွေက ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုပြီး တားကြလေ့ရှိပါတယ်။ ဒီလိုတားမြစ်ခံရတာက အစပ်ကြိုက်သူတွေအတွက်တော့ နာလိုခံခက်တဲ့ အခြေအနေပါပဲ။ ဒါတွေကို မေ့လိုက်ပါတော့။ တကယ်လို့များ ကိုယ်က အစပ်ကိုမှ စွဲစွဲမြဲမြဲကြိုက်နှစ်သက်တယ်ဆိုရင် ခုပြောပြမယ့်အကြောင်းကတော့ အစပ်ကြိုက်ကိုကိုမမတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ ဟုတ်ပါတယ်။ သုတေသနအသစ်တွေအရဆိုရင် သိပ်စပ်တဲ့ငရုပ်သီးတွေကို စားပေးတာဟာ လူ့သက်တမ်းကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ ၁၄မျိုး

ညကြီးအချိန်မတော်ဗိုက်ဆာလာတာမျိုး လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ညမအိပ်ခင်အချိန်တွေမှာ ရေခဲသေတ္တာဖွင့်ပြီး တွေ့ကရာမုန့်တွေစားတာထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားသုံးနိုင်ဖို့က အရေးကြီးပါတယ်။ အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်။ အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ ၁၄ မျိုး အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ တွေက ၁ - ကွပ်ကီးခရပ်ကာမုန့်များ ဂျုံမှာ အာဟာရဘယ်လောက်ပါသလဲဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မယ်ထင်တယ်။ ဂျုံကွပ်ကီးခရပ်ကာတွေမှာ ကစီဓာတ်ရော အသားဓာတ်တွေပါ ပါဝင်တဲ့အတွက် သင့်ကိုအများကြီးမစားဘဲ ဗိုက်ပြည့်စေမှာပါ။ ၂ - အုတ်ဂျုံမုန့် မနက်စောစော ဘိုစာ စားတတ်ကြသူတွေအတွက်တော့ အုတ်ဂျုံကို နွားနို့ဆမ်းစားတာနဲ့ စိမ်းမယ်မထင်ပါဘူး၊ အနောက်တိုင်းရုပ်ရှင်တွေမှာလည်း မနက်စာအနေနဲ့စားတတ်ကြတာ မကြာခဏတွေ့မြင်ရမှာပါ။ Oatmeal လို့ခေါ်တဲ့ အုတ်ဂျုံကို မနက်စာအနေနဲ့ပဲမဟုတ်ဘဲ ညဘက်ဗိုက်ဆာလာတဲ့အခါလည်း စားလို့ရပါတယ်။ အုတ်ဂျုံမှာ ပါဝင်နေတဲ့ ကစီဓာတ်တွေက စားသုံးပြီးတဲ့အခါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သောက်သုံးမယ့်ရေ က သန့်ပါစေ

ရေ အသက် တစ်မနက်ပါ။ ရေက ခန္ဓာကိုယ်အတွက်အရေးပါတဲ့အရာတစ်ခုပါ။ ရေဓာတ်ခမ်းခြောက်မှုက အသက်အန္တရာယ်ကို ထိခိုက်တာမျိုးအထိပြင်းထန်ပါတယ်။ ဒါကြောင် နေ့စဉ်တိုင်းမှာ ရေပြည့်ဝအောင်သောက်သုံးဖို့လိုပါမယ်။ ဒီလိုဆိုတာနဲ့ ရေဖြစ်ရင်ပြီးရောဆိုပြီး သောက်လိုက်လို့ မဖြစ်ပါဘူး။ ရေ ဆိုတဲ့နေရာမှာ သန့်စင်တဲ့ သောက်သုံးရေဖြစ်ဖို့လိုပါမယ်။ သောက်သုံးမယ့်ရေ က သန့်စင်ရဲ့လား........... သောက်သုံးမယ့်ရေ က သန့်ပါစေ လို့ ပြောရတာက ရေတိုင်းကို သောက်သုံးလို့မဖြစ်ပါဘူး။ သန့်စင်တဲ့ သောက်သုံးရေကသာ ကျန်းမာရေးကို အကောင်းဆုံး အကျိုးပြုနိုင်မှာပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်သုံးရေဖြစ်ဖို့ဆိုရင် အရောင်ကင်းရမယ် အနံကင်းရမယ် အရသာကင်းရပါမယ်။ သောက်သုံးရေသန့်စင်မှုကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ......... ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ သန့်ရှင်းတဲ့သောက်သုံးရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ် အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ ရာခိုင်နှုန်းလောက်အထိရှိနေတာကိုတွေ့ရပါတယ်။ ဒီလိုရေတွေရှိနေတာကပဲ သင့်ကို လိုသလိုလှုပ်ရှားလို့ရအောင် အကောင်းဆုံးထောက်ပံ့ပေးနေတာပါ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သဘာဝကိုယ်ခံအားစနစ် ကို အားဖြည့်ပေးမယ့် အစားအစာ (၆) မျိုး

ရောဂါပိုးတွေက စုံလင်လာတဲ့ဒီဘက်ခေတ်မှာ ဘယ်လိုနည်းနဲ့ကိုယ့်ကိုယ်ကိုကာကွယ်ရမလဲ အမြဲရှာဖွေကြိုးစားကြည့်ကြမှာပါပဲ။ နှာခေါင်းစည်းတွေဝယ်တပ်ရမလား၊ အားဆေးတွေပဲ ဝယ်သောက်ရမလား၊ နှစ်မိနစ်တစ်ခါ လက်ဆေးရမလား၊ လက်သန့်ဆေးရည်ဘူး တကိုင်ကိုင်နဲ့ နေရမှာလားနဲ့ စိုးရိမ်မကင်းဖြစ်နေတတ်တာပေါ့။ တကယ်တော့ ဘယ်အခြေအနေမှာဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က အဓိကကျတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကာကွယ်မှုအလေ့အထတွေ လိုက်နာသင့်ပေမယ့် ကိုယ်ခံအားပြည့်ဝဖို့ ဂရုမစိုက်နိုင်ရင်၊ ကိုယ်ခံအားနည်းတယ်ဆိုရင် ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ တခြားနည်းလမ်းတွေလည်း ကြိုးစားရင်း တစ်ဖက်မှာလည်း ကိုယ်နေ့စဉ်စားနေတဲ့ အစားအစာတွေထဲကနေ ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အစွမ်းထက်တဲ့ အစားအစာ (၆) မျိုး (၁) ပန်းငရုတ်ပွ သံပရာသီး၊ လိမ္မော်သီးတွေမှာမှ ဗီတာမင် C ပါဝင်တာမဟုတ်ပါဘူး။ ပန်းငရုတ်ပွအနီတွေမှာ လိမ္မော်သီးလိုအရည်ရွှမ်းအချဉ်သီးတွေထက် ဗီတာမင် C နှစ်ဆပါဝင်နိုင်ပါတယ်။ အလတ်ဆိုဒ် ရှိတဲ့ ပန်းငရုတ်ပွတစ်လုံးမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်တဲ့ ပမာဏ ပါဝင်တယ်လို့ ပညာရှင်တွေက ဖော်ပြထားပါတယ်။ ပန်းငရုတ်ပွအစိမ်းတွေနဲ့ယှဉ်ရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု

အစားအသောက်နဲ့ လူ့ကျန်းမာရေးက အချိုးကျကျ ဆက်နွှယ်နေတယ်လို့ပြောရင် ယုံနိုင်မလား။ မှန်မှန်ကန်ကန်စားရင် ကျန်းမာအားပြည့်စေတယ်၊ ခန္ဓာကိုယ်ကြီးကို သက်တမ်းရှည်ကြာအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်လိမ့်မယ်။ စားသောက်ပုံ နည်းလမ်းမှားရင်တော့ ဘယ်လိုအကောင်းစားတွေပဲ စားနေပါစေ၊ လူကရောဂါထူလာပါလိမ့်မယ်နော်။ ဒီတော့ သတိထားနိုင်စေဖို့ ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား တွေက ဘာတွေ ဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။ ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု ရောဂါထူစေမယ့် စားသောက်ပုံ အမူအကျင့်မှား (၇) ခု ကတော့ အောက်ပါအတိုင်းပါ။ ဒါကြောင့် ကျန်းမာချင်တယ်ဆိုရင် ဒီလိုတွေ မလုပ်မိအောင် ရှောင်သင့်ပါတယ်နော် - (၁) စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း Cornell University သုတေသီ ပါမောက္ခ Brian Wansink ရဲ့လေ့လာမှုအရ ကိုယ်အစားအသောက် ထည့်စားတဲ့ ပန်းကန်အရွယ်အစားကြီးလေ၊အတိုင်းအဆမသိဘဲစားမိလေ ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဥပမာ ရုပ်ရှင်သွားကြည့်တဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက် ဘူးကြီးအရွယ်အစားကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား

ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား ....... လူ့ခန္ဓာကိုယ်မှာ Circadian Rhythm လို့ခေါ်တဲ့ တစ်နေ့ကို ၂၄ နာရီ အချိန်မှန်မှန်လည်ပတ်နေအောင်ထိန်းညှိပေးတဲ့ စနစ်တစ်ခုရှိပါတယ်။ အကယ်၍ Circadian Rhythm ကို ဆန့်ကျင်ပြီး အကြောင်းအမျိုးမျိုးနဲ့ညဖက်တွေမှာ ရက်ဆက်ပြီး အစားအသောက်တွေ စားသောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲတွေ၊ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်ချက် အပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား ညဘက်အစာစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား ဆိုတော့ ညဘက်အစာစားတဲ့အခါ ခန္ဓာကိုယ်မှာ အခုလို အပြောင်းအလဲလေးတွေ ဖြစ်ပေါ်လာပါတယ်။ ၁ - ဟော်မုန်းထုတ်လုပ်မှုပြောင်းလဲလာခြင်း ညဘက်အစာစားခြင်းက အင်ဆူလင်ဟော်မုန်းပမာဏကို အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ အင်ဆူလင်ကတော့ ခန္ဓာကိုယ်ရဲ့စနစ်တော်တော်များများကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့အရေးအကြီးဆုံးလုပ်ငန်းကတော့ သွေးတွင်းသကြားပမာဏကို ထိန်းညှိပေးတာပါ။ အစာစားလိုက်တဲ့အခါမှာ အစားအသောက်တွေကနေ သကြားဓာတ်ကို အူကနေစုပ်ယူပါတယ်။ ပိုလျှံနေတဲ့ သကြားဓာတ်တွေအတွက် ပန်ကရိယကနေ အင်ဆူလင်ဓာတ်ကိုထုတ်ပြီး သကြားအပိုတွေကို ဆဲလ်ထဲ ထည့်ပြီးသိမ်းဆည်းပါတယ်။ အင်ဆူလင်ဟော်မုန်းပမာဏပုံမမှန်တဲ့အခါ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်ကြောင့်လဲ စိတ်ကျန်းမာရေး ထိခိုက်နိုင်တယ်နော်

လူတစ်ယောက်ဟာ ခန္တာကိုယ် ကြံ့ခိုင်နေဖို့သာမက စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာနေဖို့ လိုအပ်ပါတယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်ဆိုတဲ့ စကားတစ်ခုတောင် ရှိသေးတယ်မဟုတ်လား။ တကယ်လို့များ ကိုယ့်က စိတ်မချမ်းသာရင်၊ စိတ်ပူပင်သောကရောက်နေရင်၊ စိတ်ဖိစီးမှုတွေများနေရင် ရုပ်ခန္တာကြီးလည်း ကျန်းမာကြံ့ခိုင်နေဖို့ မလွယ်ကူတော့ပါဘူး။ စိတ်ထောင်းရင် ကိုယ်ကျေတတ်တာကိုး။ လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာအရ ခိုင်မာအားကောင်းနေဖို့ ကျန်းမာနေဖို့ စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာတွေ ကင်းဝေးနေဖို့ဆိုရင် တခြားသောကျန်းမာရေးကိစ္စတွေလိုပဲ စားသောက်နေထိုင်မှုပုံစံက သိပ်ကို အရေးကြီးပါတယ်။ အစားအသောက်မမှန်ရင်၊ မသင့်တော်တာတွေ လျှောက်စားနေမိမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ဆိုးရွားစေမှာဖြစ်ပါတယ်။ ကိုယ်က စိတ်ပိုင်းဆိုင်ရာအရ ဘာပြဿနာမှရှိမနေရင်တောင်မှ အစားအသောက် ပုံစံမမှန်တာကြောင့် ဒီလိုဝေဒနာတွေဖြစ်လာဖို့ တွန်းအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေမယ့် ဘယ်လိုအစားအသောက်မျိုးတွေကို ဂရုစိုက်ဆင်ချင်ပြီး စားသုံးသင့်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အသင့်သောက် သစ်သီးဖျော်ရည် - အံ့အားသင့်စရာကောင်းလွန်းလှပါတယ်။ လူကြိုက်များလွန်းလှတဲ့ အသင့်သောက် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း