အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း

ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း လေ့လာလိုက်ဦးစို့နော်။ အမျှင်ဓာတ်ဆိုတာ တကယ်တော့ အပင်က ရတဲ့ မကြေလွယ်တဲ့ ကစီဓာတ် တစ်မျိုးပါပဲ။ စားလိုက်တဲ့ အစားအစာမှာ အမျှင်ဓာတ်ပါမယ်ဆိုရင် အူသိမ်နဲ့ အစာအိမ်က မခြေနိုင်ဘဲ အူမကြီးနဲ့ အူနှောင်းပိုင်းထိရောက်ပြီး သူ့အတိုင်း ဝမ်းသွားတဲ့ထဲ စွန့်ထုတ်ပါသတဲ့။ ဒါဆိုဘာလို့စားနေဦးမှာလဲပေါ့။ ထမင်းစားပွဲတွင် အမျှင်ဓာတ်ပါစေချင်ရခြင်း အကြောင်း အမျှင်ဓာတ်မှာ ပျော်ဝင်တဲ့အမျှင်၊ မပျော်ဝင်တဲ့ အမျှင်ဆိုပြီး နှစ်မျိုးရှိပြီး နှစ်မျိုးလုံးကို ကိုယ်ခန္ဓာက ကျန်းမာရေး ထိန်းသိမ်းဖို့အတွက်   လိုအပ်ပါတယ်။ ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက အနှစ်ပုံစံ ဖြစ်လာပြီး အစာခြေခြင်းကို နှေးကွေးစေတာကြောင့် အချိန်ပိုကြာကြာ မဆာဘဲ ဗိုက်ပြည့်နေသလို ခံစားရစေပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေကတော့ အူလမ်းကြောင်း လှုပ်ရှားမှုကိုစည်းချက်မှန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ အမျှင်ဓာတ်ကို အစာကြမ်းအဖြစ်လည်း လူသိများပြီး သန့်စင်ပြုပြင်ထားတဲ့ အစားအစာထက် တာရှည်ခံအောင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိထားသင့်တဲ့ ကယ်လိုရီ ဗဟုသုတ တချို့

ကယ်လိုရီဆိုတာ ကယ်လိုရီဆိုတာ ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့လောင်စာတွေပါ။ လူ့ခန္ဓာကိုယ်မှာ အမြဲမပြတ်အားပြည့်နေဖို့လိုအပ်နေတာဖြစ်ပြီး လုပ်ဆောင်ချက်တွေဆက်ပြီးလည်ပတ်နိုင်ဖို့ အစားအသောက်တွေကနေရရှိတဲ့ ကယ်လိုရီကို သုံးရပါတယ်။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် ကယ်လိုရီကြောင့် လှုပ်ရှားဖို့အားရှိနေတာဆိုတာ သိထားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေနဲ့ ပရိုတင်းတွေက ကယ်လိုရီပါဝင်တဲ့ အာဟာရဓာတ်အမျိုးအစားတွေဖြစ်ပြီး ခန္ဓာကိုယ်အတွက် အဓိကခွန်အားအရင်းအမြစ်တွေဖြစ်ပါတယ်။ ဘယ်အစားအသောက်ကနေပဲရရ ကိုယ်စားလိုက်တဲ့ကယ်လိုရီတွေက ခွန်အားအဖြစ် သို့မဟုတ် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ ခွန်အားအဖြစ်မလောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာ အဆီပိုအဖြစ်ကျန်ရစ်မှာဖြစ်လို့ ကယ်လိုရီလွန်ကဲအောင်မစားသုံးဖို့ ဒါမှမဟုတ် ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းအောင် လှုပ်ရှားမှုပိုလုပ်သင့်ပါတယ်။ ကယ်လိုရီဘယ်လောက်စားသုံးသင့်သလဲ ကိုယ်စားလေ့ရှိတဲ့ အစားအသောက်တွေရဲ့ကယ်လိုရီပါဝင်မှုပမာဏကို သိထားမယ်ဆိုရင် တစ်နေ့တာစားသုံးသင့်တဲ့ အတိုင်းအတာနဲ့ နှိုင်းဆချင့်ချိန်လို့ရနိုင်ပါတယ်။ ကိုယ်အလေးချိန်အတက်အကျအတွက်က ရှင်းပါတယ်။ ကယ်လိုရီစားတာများပြီးလောင်ကျွမ်းတာနည်းရင် ဝိတ်တက်လာမယ်၊ ကယ်လိုရီလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ပိုလောင်ကျွမ်းစေရင် ဝိတ်ကျမယ်။ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ ကယ်လိုရီ ၂၀၀၀လောက်စားသုံးဖို့လိုအပ်ပြီး ကယ်လိုရီ ၁၅၀၀ ထက်မကျော်အောင်စားသုံးရင်တစ်ပတ်ကို ကိုယ်အလေးချိန်တစ်ပေါင်ကျနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဆို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆီဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းဘူးလား

အဆီဆိုတာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတဲ့အစွဲရှိခဲ့ကြတာ ဟိုးအရင်တည်းကပါ။ တကယ်တမ်းကျ အဆီတွေအကုန်လုံးက မကောင်းတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ essential fatty acids ခေါ် အဆီဓာတ်တချို့လည်းရှိပါတယ်။ အကျိုးပြုအဆီဓာတ်တွေနဲ့ ဆိုးကျိုးပြုအဆီဓာတ်တွေကို ခွဲခြားသိနိုင်ဖို့ ဆက်ပြီးဖတ်ကြည့်နော်။ ဆိုးကျိုးပြုတဲ့ အဆီတွေ လူ့ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးနိုင်တဲ့ အဆီအမျိုးအစားတွေက - Saturated fat (ပြည့်ဝဆီ) -ကြက်၊ ဘဲအပြင် အနီရောင်ရှိတဲ့အသားတွေနဲ့ အဆီပြည့်နို့ထွက်ပစ္စည်းတွေလိုမျိုး တိရစ္ဆာန်တွေဆီကအဓိကရရှိတဲ့ အဆီအမျိုးအစားဖြစ်ပါတယ်။ စားအုန်းဆီလိုမျိုး အပင်ထွက်အဆီတွေကလည်း ကျန်းမာရေးအတွက်မကောင်းတဲ့ ပြည့်ဝဆီတွေဖြစ်ပါတယ်။ ပြည့်ဝဆီတွေကသွေးတွင်းကိုလက်စထရောကိုမြင့်တက်စေပြီး မကောင်းတဲ့ကိုလက်စထရောLDL ပမာဏကို တိုးစေပါတယ်။ ဒါ့ကြောင့် နှလုံးသွေးကြောကျဉ်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါကိုဖြစ်နိုင်ခြေပိုများစေပါတယ်။ Trans fat (အသွင်ပြောင်းဆီ) -အစားအစာတချို့မှာ သဘာဝအလျောက် အနည်းငယ်ဖြစ်ပေါ်လာတဲ့အဆီအမျိုးအစားပါ။ ဒါပေမယ့် အသွင်ပြောင်းဆီအများစုကိုpartial hydrogenation ဆိုတဲ့ ပျစ်ခဲစေတဲ့ဖြစ်စဉ်နဲ့ပြုပြင်ထုတ်လုပ်ကြပါတယ်။ အဲလိုရရှိလာတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ

အသည်း ရဲ့လုပ်ဆောင်ချက်က အဆိပ်အတောက်တွေဖယ်ရှားတာ၊ အစားအသောက်တွေကို ခွန်အားနဲ့အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲပေးတာ စတဲ့နည်းလမ်း အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသည်းရောင်စီရောဂါရှိနေပြီဆိုရင်တော့ မကျန်းမာတော့တဲ့ အသည်းကို အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့လိုလာပါတယ်။ အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ ကုသမှုခံယူနေတဲ့ကာလအတွင်းမှာ အာဟာရပြည့်တဲ့အစားအသောက်တွေစားပေးမှ ကိုယ်ခံအားကို တိုးတက်စေပြီး အသည်း လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်မယ်၊ အသည်းခြောက်ခြင်းအထိ ဖြစ်မလာအောင် ကာကွယ်နိုင်မယ်။ ဒါပေမယ့် တချို့အစားအသောက်တွေကတော့ အသည်းရောဂါကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တာတွေရှိပါတယ်။ ဒါတွေကို ရှောင်ပါ ပင်လယ်စာ ပင်လယ်စာတွေမှာ အသည်းရောင်စီရောဂါရှိသူတွေ အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေပါနေနိုင်ပါတယ်။ ဒါ့အပြင် တချို့မှာ သံဓာတ်ပါဝင်မှုမြင့်မားတာကြောင့် အသည်းရောင်စီပိုးရှိသူတွေ ရှောင်သင့်ပါတယ်။ အားဆေး အားဆေးတွေက ကိုယ့်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို လွယ်လွယ်ကူကူဖြည့်စွက်ပေးနိုင်တဲ့ အရာတွေလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အသည်းရောဂါရှိသူတွေမှာတော့ သံဓာတ် သို့မဟုတ် ဗီတာမင် အေ တို့လို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်ဟာ သူများစားသောက်နေတာကို ကြည့်ရတာ ကြိုက်တဲ့သူလား။

နောက်ပိုင်း youtube, ဖေ့ဘွတ်ခ်တို့လို့မျိုး ဆိုရှယ်မီဒီယာဝက်ဆိုဒ်အမျိုးမျိုးမှာ mukbang လို့ခေါ်တဲ့ အစီအစဉ်တွေ ခေတ်စားလာပါတယ်။ Mukbang ဆိုတာ အင်္ဂလိပ်စကားလုံးတော့မဟုတ်ပါဘူး။ Muk ဆိုတာက ကိုရီးယားစကားလုံး “Muk Ja” စားရအောင်ဆိုတဲ့ အဓိပ္ပါယ်ထဲက တစ်လုံးဖြစ်ပြီးတော့ bang ဆိုတာကတော့ တီဗီအစီအစဉ် bang song ဆိုတဲ့ ကိုရီးုယား စကားလုံး bang ကနေ ဆင်းသက်လာပြီး အစားအသောက်တီဗီ အစီအစဉ်ဆိုပြီး ဖြစ်လာတာဖြစ်ပါတယ်။ ပြီးမှ နောက်ကနေ -er ထည့်လိုက်ရင် Mukbangers ဒီအစီအစဉ်တွေထဲမှာ အစားအများကြီးစားပြတဲ့သူပေါ့နော်။ စားကောင်းသောက်ဖွယ်တွေအများကြီးကို ကင်မရာရှေ့မှာ ခင်းကျင်းထားပြီး ပါဝင်တင်ဆက်တဲ့သူကလည်း လူ ၁၀ ယောက်စာလောက်ကို တစ်ထိုင်တည်း စားပြတဲ့ အစီအစဉ်တွေပေါ့။ ကယ်လိုရီ ၁၀၀၀၀ ရှိတဲ့ အစားအစာတွေ၊ အသားစိမ်းငါးစိမ်းတွေ စားပြတာ မျိုးလည်းရှိပါတယ်။ ဒီလို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

မနက်စာ ဆိုတာက တစ်နေ့တာ အတွက် အရေးအပါဆုံး အစားအစာပါ။ ဒီတစ်ခေါက်တော့ မနက်စာ မစားရင်ဘာတွေဖြစ်နိုင်လဲဆိုတာကို ပြောပြပေးချင်တာပါ။ ဒီတော့ မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး အစစ အရာရာ အမြန်အဆန် လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ် အတော်များများ အလုပ် သွားဖို့၊ ကျောင်း သွားဖို့အတွက် အချိန် ပေးရတဲ့အတွက် မနက်စာ လွတ်တတ်ကြပါတယ် ။ ဒီလို လွတ်တတ်တယ် ဆိုရင်တော့ မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး အကြောင်းကို သိထားဖို့ လိုနေပါပြီနော်။ ညအိပ်ရာ ဝင်တာ နောက်ကျခြင်း ၊ ကားလမ်း ပိတ်ခြင်းတွေကြောင့် စောစော ကြိုသွားရခြင်းတွေကြောင့် မနက်စာ ကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိုင်းရွိုက်ဟော်မုန်း နည်းနေတဲ့သူတွေ ဘာအစားအစာတွေ ဘာဆေးတွေ ရှောင်ရမလဲ ။ ။

ကိုယ်ခန္ဓာမှာရှိတဲ့ ဟော်မုန်းအားလုံးရဲ့ ဂိုဏ်းချုပ်က သိုင်းရွိုက်ဟော်မုန်းတဲ့။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းနည်းသွားဖြစ်ဖြစ် များနေရင်ဖြစ်ဖြစ် ကိုယ်ခန္ဓာအပေါ် သက်ရောက်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ။ သိုင်းရွိုက်ဟော်မုန်း နည်းတယ်ဆိုတာ သိုင်းရွိုက်ဂလင်းကနေ ရှိသင့်တဲ့ သိုင်းရွိုက်ဟော်မုန်းတွေ အလုံအလောက်မထုတ်တဲ့ပြဿနာပါ။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့အောက်ဘက်နားလောက်မှာရှိတဲ့ endocrine ဂလင်းတစ်မျိုးဖြစ်ပြီး larynx. အောက်မှာ ရှိနေတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်ခုပါ။ သူကနေ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးအခြေအနေကိုထိန်းချုပ်နေတာပါ။ ဒီနေ့ဆောင်းပါးထဲမှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ ဆိုတာဘာလဲ ဘယ်လို ကျန်းမာရေးပြဿနာတွေရှိလဲဆိုတာနဲ့ ဝေဒနာခံစားနေရတဲ့သူတွေ ရှောင်ရမယ့် ဆေးတွေ စားစရာတွေ အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။ • ခုခံအားဆိုင်ရာပြဿနာရှိနေတဲ့သူတွေ • ဓာတ်ရောင်ခြည်ထိတွေ့မှုခံထားရတဲ့သူတွေ • သိုင်းရွိုက်ဟော်မုန်း အရမ်းများတဲ့အတွက် radioactive iodine ကုသမှု […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သဘာဝရဲ့ Collagen

ဒီနေ့ ပြောပြမှာကတော့ တင်းရင်းလှပမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ Collagen ဆိုတဲ့ ဓာတ်တစ်မျိုး အကြောင်း ဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းပစ္စည်းတွေ၊ ဖြည့်စွက်စာတွေမှာ collagen  ပါကြောင်း ကြော်ငြာရောင်းချနေတာတွေကို နေ့တိုင်းတွေ့နေရတော့ ဒီစကားလုံးလေးက စိမ်းနေမယ်လို့တော့ မထင်ဘူးနော်။ ကြားသိနေကြပေမယ့် collagen ဆိုတာ ဘာမှန်း သေချာသိချင်နေသူ တွေအတွက် ရည်ရွယ်ပြီး  ဒီစာကို ရေးတာပါ၊ ကဲ ကြည့်လိုက်ကြရအောင်။ Collagen ဆိုတာ ဘာလဲ Collagen ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆံပင်၊ခြေသည်းလက်သည်း၊ အရေပြား၊ သွေးကြော နံရံ၊ အရိုး၊ အရိုးနု နဲ့ အရွတ် စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံး တွေ့ရပြီး ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မရှိမဖြစ် အသားဓာတ်တစ်မျိုးပါပဲ။ ခန္ဓာကိုယ်က အသားဓာတ်အားလုံးရဲ့ ၃၀ % လောက်က collagen […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အိမ်တွင်းသုံး လက်ဖြစ် ရေသန့်အိုးလေးတစ်လုံး

စျေးကွက်ထဲ က တချို့ ရေသန့်ဘူးတွေ က စိတ်မချရဘူး ဆိုတဲ့ သတင်းတွေ ဖတ်ဖူးကြတယ်ဟုတ်။ ဒါဆို အိမ်မှာ ရေကို တနိုင် ဘယ်လို သန့်ကြမလဲ။ ရေကို ကြိုချက်သောက်တာလည်း နည်းတစ်မျိုးပေမယ့် လုံးဝ စိတ်ချရတဲ့နည်းတော့ မဟုတ်သေးပါဘူး။ လျှပ်စစ်မီးမရှိတဲ့ အခါ .... ကြိုဖို့ချက်ဖို့ အဆင်မပြေတဲ့အခါ ... ရေစစ်ကလေးသုံးရုံနဲ့ ပိုးမွှားကင်းစင်တဲ့ရေသန့်ရမှာ စဟုတ်ဘူးလေ။ NGO တွေကဝေတဲ့ ရေသန့်ဆေးမှုန့်တွေ... အပြင်မှာရောင်းတဲ့ ရေကြည်ဆေးတွေလည်းရှိပါရဲ့.... ဒါပေမယ့် ဒီအမှုန့်တွေက ရေထဲက အညစ်အကြေးအနယ်အနှစ်တွေကို ဆွဲစုပေးလိုက်ပြီး ရေသက်သက် အနယ်အနှစ်သက်သက်ဖြစ်အောင်လုပ်ပေးလိုက်တာပါပဲ။ အဲဒီ့ရေကြည်မှုန့်တွေကလည်း အလွယ်ဝယ်လို့ မရတဲ့ အခါ... အခုပြောမယ့်နည်းလေးက အိမ်တွင်းတနိုင် ရေသန့်စင်ဖို့ရာ သိပ်ကို အဆင်ပြေပါလိမ့်မယ်! ကဲကြည့်ကြရအောင်ပါ။ လိုအပ်သောပစ္စည်းများ (၁) အောက်ခြေမှာအပေါက်ငယ်လေးတွေပါတဲ့ ရေအိုး ( ပလတ်စတစ်ပုံးဆိုလည်း ရတယ်) (၂) […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ

ဟဲလို....... အစားတလိုင်းလေးတို့ရေ အသားမှအသားစားချင်တယ်လို့များ ဖြစ်နေပြီလား........ ဘာပဲစားစားအာသာမပြေဘူး။ အသားမှအသားပဲ စားချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီလိုပြောရတဲ့အကြောင်းက အသားစားချင်နေတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ပြနေတဲ့ အချက်တစ်ခုဖြစ်နေနိုင်တာကြောင့်ပါ။ အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ ဘာတွေလဲဆိုတာကို ကိုယ်တိုင်လေ့လာလိုက်ပါ။ အသားတွေက ပရိုတင်းအရင်းအမြစ်တစ်ခုပါ အသားက ခန္ဓာကိုယ်က ကြွက်သားတွေနဲ့ အရိုးတွေ ကြံခိုင်သန်စွမ်းစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ ကိုယ်ခံအားကောင်းစေနိုင်သလို သွေးအားနည်းရောဂါတွေမဖြစ်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေထဲကတစ်ခုပေါ့။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်ဆိုရင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။ အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ တစ်နေ့တာမှာ အသားမပါရင် မစားနိုင်ဘူး။ ဘာစားစား အသားစားရမှ အာသာပြေတယ်ဆိုရင်တော့အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါနော်။ အသားကို ကြိုက်လို့ ဘာစားစား အာသာမပြေဘူး။ အသားစားလိုက်ရမှ အာသာပြေတယ်ဆိုတာ သင်ဟာ ငယ်စဉ်ကတည်းက အသားကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အခြားဟင်းတွေထက်အသားဟင်းကိုမှ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း