သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး

ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး

ဇီးသီးလေး ကြိုက်သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဇီးသီးစားသုံးပေးတာက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို အသားအရေကိုပါ လှပစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဇီးသီးစားသုံးတာကြောင့် အသားအရေကို ဘယ်လိုအထောက်အကူပြုပေးနိုင်လဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

ဇီးသီးလေး ကပေးတဲ့ အသားအရေကျန်းမာရေး…….

ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ ဇီးသီးလေးကို စားသုံးပေးတာက

(၁) အသားအရေကို အစက်အပြောက်ကင်းစေနိုင်တယ်

မွမွလေး နဲ့ အရသာရှိတဲ့ ဇီးသီးလေး ကို စားသုံးပေးတာက အသားအရေကို ကြည်လင်စေပြီး အရေပြားပေါ်က အမည်းစက်တွေနဲ့ တင်းတိပ်တွေကို သက်သာစေနိုင်သလို အသားအရောင်မညီတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စားတာအပြင် ဇီးသီးကို မျက်နှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။

ဘယ်လိုပေါင်းတင်ရမှာလဲ……

မှည့်နေတဲ့ အရွယ်တော်ဇီးသီး ၂ လုံး ၃ လုံးလောက်ကို ဇလုံတစ်ခုထဲမှာ ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ကို မျက်နှာ နဲ့ လည်ပင်းပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ်လောက် ထားပေးပါ။ ပြီးသွားရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးရင်ကို အဆင်ပြေပါတယ်။

(၂) အရေပြားနဲ့ ဆံသားကို နေရောင်ဒဏ်က ကာကွယ်ပေးတယ်

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကို နေရာင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆံသားတွေကိုလည်း နေရောင်ကြောင့် ပျက်စီးမှုမရှိအောင် အထိရောက်ဆုံး ကာကွယ်ပေးထားပါတယ်။ စားသုံးပေးလို့ရသလို အရေပြားနဲ့ ဆံသားမှာ တိုက်ရိုက်ပေါင်းတင်ပေးလို့လည်း ရပါတယ်။

ဘယ်လိုလုပ်ရမှာလဲ……

ဇီးသီးကို ရေနွေးနွေးလေးနဲ့ပြုတ်ပြီး အစေ့ကိုဖယ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာ၊လည်ပင်းနဲ့ ဆံသားတွေမှာ လိမ်းပေးပါ။ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးနဲ့ဆေးချလိုက်ပါ။

(၃) အသားအရေကို ကြည်လင်စေနိုင်တယ်

ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုက အသားအရေကို ကြည်လင်စေနိုင်သလို အရေပြားပေါ်က အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေနိုင်ပြီး သွေးစီးဆင်းမှုကို ကောင်းစေနိုင်ပါတယ်။

ဘယ်လိုလုပ်ရမှာလဲ……

ဇီးသီးကိုကြိတ်ခြေပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ရောလိုက်ပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားလိုက်ပါ။ စက်ဝိုင်းပုံစံအတိုင်းနှိပ်နယ်ပေးပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

(၆) ဆံသား ကျန်းမာစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက အပူဒဏ်၊ ချွေး နဲ့ ဖုန်မှုန့်တွေကြောင့် ဆံသားခြောက်သွေ့ ပျက်စိးတာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် A ပါဝင်နေမှုက ဆံသားကို အရင်းကနေ အဖျားထိအားဖြည့်ပေးပြီး ဆံပင်ကျွတ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဗောက်ထတာ၊ ဆံသားကျိုးပျက်တာ၊ ဆံသားမွဲခြောက်ခြောက်ဖြစ်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။

ဘယ်လိုလုပ်ရမှာလဲ……

မှည့်နေတဲ့ ဇီးသီးတစ်လုံးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် ဒိန်ချဉ်၊ သံပရိုရည်တို့နဲ့ ဆတူရောပြီး အနှစ်ဖြစ်အောင် မွှေပါ။ ရလာတဲ့ အနှစ်ကို ဆံသားမှာလိမ်းပေးပြီး တစ်ပတ်ကို ၂ ကြိမ် ပေါင်းတင်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ခေါင်းကို ပုံမှန်လျှော်နေကျအတိုင်း လျှော်ချလိုက်ပါ။

(၇) မျက်လုံးအောက်မှာ မျက်အိတ်ဖောင်းတာတွေကို သက်သာစေနိုင်ပါတယ်

ဇီးသီးက မျက်လုံးအောင်မှာ ရှိတဲ့ နူးညံ့တဲ့ အသားအရေကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ မျက်ကွင်းညိုသူတွေအတွက်လည်း အဆင်ပြေပါတယ်။

ဘယ်လိုလုပ်ရမှာလဲ……

ဇီးသီးကို ခပ်ပါးပါးလေးလှီးပါ။ ရလာတဲ့ အလွှာလေးတွေကို မျက်လုံးအောက်မှာ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်ကပ်ပေးပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

7 Health Benefits of Plums and Prunes https://www.healthline.com/nutrition/benefits-of-plums-prunes Accessed Date 4 February 2020

29 Amazing Health & Beauty Benefits of Plums https://goodhealthall.com/plums-health-beauty-benefits/ Accessed Date 4 February 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 28/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။