အသားစားတာ မကောင်းဘူးလား
အဲဒီလို တစ်ထစ်ချယုံကြည်ဖို့တော့ ခက်ခဲပါတယ်။ အသားတွေ၊ ငါးတွေဟာ လူတွေမှာလိုအပ်တဲ့ ပရိုတိန်း၊ သံဓာတ်၊ ဇင့်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီအုပ်စုတွေကို ဖြည့်ဆည်းပေးနိုင်ပြီး ကိုယ်ခန္တာကို ဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်စေပါတယ်။ အသားတွေကို သင့်လျော်ရုံစားသောက်ပေးတာဟာ ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုရှိပါတယ်။ ဒီလိုမဟုတ်ပဲ ဝက်သားလိုအစားအစာမျိုးကို နေ့စဉ်ရက်ဆက် အလွန်အကျူးစားသောက်နေမိမယ်ဆိုရင်တော့ ကိုယ်အလေးချိန်တိုးလာမှာဖြစ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်မှာအမှန်ပါပဲ။
သက်သက်လွတ်စားတိုင်း ကျန်းမာမှာလား
ဒါပေမယ့်လည်း အာဟာရဗေဒကျွမ်းကျင်သူတွေကတော့ အစားအသောက်ကို ဘယ်လိုပုံစံမျိုးနဲ့စားသည်ဖြစ်စေ အခြေခံအာဟာရဖြည့်စွက်မှုပိုင်းမှာ ချို့ယွင်းချက်မရှိအောင် စားသောက်မှုပုံစံကို ဂရုတစိုက်ရွေးချယ်စားသောက်ဖို့ အကြံပေးထားကြပါတယ်။ ဥပမာပြောရရင် အာလူးကြော်ဟာ သက်သက်လွတ်စာဖြစ်ပေမယ့် ဝိတ်တက်နိုင်တယ်ဆိုတာမျိုးဖြစ်ပါတယ်။ နောက်ပြီး ချိစ်အပြည့်နဲ့ အသီးအရွက်ဘာဂါကို အာလူးချောင်းကြော်နဲ့ နေ့တိုင်းတွဲဖက် စားသောက်နေတဲ့ သူတစ်ယောက်ဟာ ငါးဟင်းကိုသာ နေ့တိုင်းစားသောက်တဲ့သူထက် ကျန်းမာရေးပို ကောင်းမွန်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သစ်သီးဝံလံ၊ သစ်ဥသစ်ဖုနဲ့ အသီးအရွက်ကထွက်ရှိတဲ့ အစားအစာတွေကိုချည်း စားသောက်တယ်ဆိုပေမယ့်လည်း စားသောက်တဲ့အစားအစာဟာ ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုရှိနေဖို့ လိုအပ်တယ်လို့ လမ်းညွှန်နေကြတာပါ။
လေ့လာချက်တွေအရ သက်သက်လွတ်သမားတွေဟာ အသီးအရွက်တွေ သစ်သီးဝလံတွေကို အဓိကစားသောက်ကြပေမယ့် ဆန်၊ ပဲ၊ ဂျုံ၊ ပဲပိစပ်၊ အစေ့အဆံတွေ၊ ဆီ၊ ဆားနဲ့ ချိစ်လိုအရာတွေကို လျှော့ချသုံးစွဲဖို့ ပျက်ကွက်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုသာပြုလုပ်နေမိမယ်ဆိုရင် သက်သက်လွတ်စားသောက်နေပေမယ့်လည်း ကျန်းမာရေးကို အထောက်အကူပြုမှာမဟုတ်ပဲ ကိုယ်အလေးချိန်တိုးလာတာနဲ့ ရောဂါဘယတွေကို ဖိတ်ခေါ်နေသလိုသာဖြစ်နေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။