ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ အစားအသောက် တွေကလည်း ပုံစံအမျိုးမျိုး၊ အရသာမျိုးစုံ နဲ့ ရွေးချယ်စရာ အတော်ကို စုံလင်လာပါတယ်။ စုံလင်လှတဲ့ စားသောက်ဆိုင်တွေအပြင် နောက်ပိုင်းမှာ buffet လို့ခေါ်တဲ့ အဝစားဆိုင်တွေလည်း များပြားလာတဲ့ အခါ လူတွေကို အစားအသောက်ကို အတော်လေးပိုပြီး စားဖြစ်လာကြပါတယ်။ စိတ်ညစ်ရင်စားတယ်၊ ပျော်ရင်စားတယ်၊ အလိုလို နေရင်းစားတယ် စသဖြင့် အချိန်တိုင်းမှာ စားလာကြတာကို တွေ့ရပါတယ်။ အစားအစာက လူနဲ့တည့်တယ်၊ စားသင့်တယ်ဆိုတာ မှန်ပေမယ့် “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားအတိုင်း အလွန်အကျွံစားမိမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အစားအစာတွေကို ခဏခဏ အလွန်အကျွံစားမိမယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။