သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

မြန်မြန်စား ရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

ဝမှာစိုးနေလား၊ ဝနေတာ ထိန်းလို့မရတော့မှာ စိုးရိမ်နေလား။ သူများလို အလွန်အကြူးမစားဘဲလည်း ဝလာတာ စိတ်ညစ်နေရလား။ ဘာကြောင့်လဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါ။ စားတာခြင်းတူရင်တောင် အစားကို မြန်မြန်စား လေ့ရှိသူတွေဟာ ဖြည်းဖြည်းချင်းစားတတ်သူ တွေထက် ပိုဝလာနိုင် (BMI ပိုများလာနိုင်) ပါတယ်။ ဖြည်းဖြည်းချင်းစားတတ်သူတွေက ဗိုက်ပြည့်ကြောင်း မြန်မြန်ခံစားမိပြီး စားမိတဲ့ပမာဏ ပိုနည်းသွားနိုင်လို့ပါ။

အကြောင်းရင်းက ကိုယ့်ရဲ့အစာခြေစနစ်က ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ ကြာတဲ့အချိန်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ် ၂၀ လောက်ကြာတယ်လို့ဆိုကြပေမယ့် သုတေသနတစ်ခုကတော့ ဒီအချိန်ကာလကို မိနစ် ၃၀ အထိ နှေးအောင်လုပ်နိုင်မယ်ဆိုရင် အကျိုးရလဒ်ကောင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါဆိုရင် အစာစားချိန်က အရင်ကထက်တော့ ပိုကြာရမှာဖြစ်ပါတယ်။ အစာကိုကြေညက်အောင် ဖြည်းဖြည်းဝါးစားသင့်တယ်လို့ လက်ဆင့်ကမ်းလာခဲ့တဲ့ အမူအကျင့်လေးက အစာမကြေခြင်းကို ကာကွယ်ပေးနေသလို ဒီအကြောင်းရင်းကြောင့်လည်းပါပါတယ်။

မြန်မြန်စား တတ်တဲ့ အကျင့်ကို ဘယ်လိုဖြေရှင်းရမလဲ

  • ကိုယ့်ရဲ့ဘက်မသန်တဲ့ လက်တစ်ဖက်နဲ့ အစားစားတာကလည်း အမြန်မစားမိအောင် ကြိုးစားရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်၊၊ ဥပမာ ကိုယ်က ညာသန်ဆို ဘယ်လက်နဲ့ဇွန်းကိုင်စားတာမျိုး။
  • အကောင်းဆုံးနည်းကတော့ ဇွန်းခက်ရင်းနဲ့ စမတ်ကျကျ စားကြည့်ပါ။ တစ်လုတ်ထည့် ဇွန်းခရင်းကို ပန်းကန်ထဲမှာချ၊ ပြီးမှထပ်စား ဒီလိုမျိုး အချိန်ခိုးကြည့်ပါ၊၊ ဖြည်းဖြည်းနဲ့ မှန်မှန်ဝါးစားမယ်ဆို ကိုယ်အလေးချိန်ထိန်းဖို့အတွက်တင်မကဘဲ အစာခြေစနစ်အတွက်ပါ အကျိုးရှိပါတယ်။
  • ပန်းကန်အကြီးကြီးတွေမသုံးဘဲ အရွယ်အစားနည်းနည်းပိုသေးတဲ့ ပန်းကန်မှာထည့်စားတာက ကိုယ်စားနေတဲ့ပမာဏကို များတယ်ထင်ပြီး ဗိုက်ပြည့်လွယ်စေဖို့ လှည့်စားမှုတစ်ခုပါ။ ပန်းကန်ကြီးကြီးနဲ့သာဆို ငါ့ပန်းကန်ထဲမှာ နည်းနည်းလေးပဲ လို့ထင်မိစရာရှိပါတယ်။ ဒါဆို ပိုစားမိပါလေရော။
  • အစားစားတဲ့အချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ စတာတွေကို အာရုံစိုက်မနေပါနဲ့။ ပြောရရင် တီဗီရှေ့ထမင်းမစားပါနဲ့၊ စားနေရင်း ဖုန်းမသုံးပါနဲ့၊ စာမဖတ်ပါနဲ့။ အစားအသောက်ကိုပဲ အာရုံထားပြီး ဖြည်းဖြည်းကြေညက်အောင် ဝါးစားပါ။

သုတေသနလေ့လာမှု

ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေက အရွယ်ရောက်ပြီးသူ သက်လတ်ပိုင်းအရွယ် ၁၀၈၃ ဦးကို ငါးနှစ်ကြာလေ့လာခဲ့ပါတယ်။

လေ့လာမှုအရ အစားမြန်မြန်စားလေ့ရှိသူတွေက ကိုယ်အလေးချိန်ပိုများလာတာ၊ သွေးတွင်းသကြားဓာတ်မြင့်နေတာ၊ ခါးနဲ့ ဗိုက်အဆီပိုများတာတွေ ဖြစ်လာတာတွေ့ရပါတယ်။

မြန်မြန်စားမယ်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီတွေ အများကြီးစားမိတာကို ဦးနှောက်က သတိမပြုမိဘဲ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။ ဒီလိုနဲ့ စားမိတဲ့ကယ်လိုရီတွေကို ခန္ဓာကိုယ်က ကောင်းကောင်းမသုံးပစ်နိုင်ဘူးဆိုရင် ပိုတာတွေကို အဆီအဖြစ် သိုလှောင်ထားရှိလိုက်တဲ့အခါ အဝလွန်လာပြီး သွေးကြောတွေနဲ့ နှလုံးကျန်းမာရေးကိုပါ ထိခိုက်လာပါတယ်။ အမြန်စားခြင်းက အင်ဆူလင်လုပ်ဆောင်ချက်တွေကိုလည်း အတားအဆီးဖြစ်စေလို့ သွေးတွင်းသကြားမြင့်တက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

Verifying...
health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 17/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။