backup og meta

သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ

    သွေးတွင်းကိုလက်စထရောများတာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရုတ်တရက်နှလုံးရပ်တာလေဖြတ်တာတွေကို ခံစားရနိုင်ခြေတော်တော်လေးများစေပါတယ်။ သွေးတွင်းကိုလက်စထရောများရတဲ့ အဓိကအချက်ထဲမှာ အစားအသောက်ကြောင့်လည်း ပါပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောမများရလေအောင် ဘာတွေကို ဘယ်လိုအစားအစာတွေကိုရှောင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြောပြပေးပါရစေ။ သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

    သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ

    ကိုလက်စထရောက ဆဲလ်တွေတိုင်းရဲ့ လုပ်ဆောင်မှုအတွက် အရေးပါပါတယ်။ ဒါပေမယ့် ကိုလက်စထရောအရမ်းများသွားရင်တော့ မကောင်းပါဘူး။ ဒါကြောင့် ကိုလက်စထရောကို သင့်တင့်မျှတစွာ စားသုံးမိစေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားတာက အဆင်ပြေဆုံးဖြစ်မှာပါ။ သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ ဆိုတော့

    အာဟာရဓာတ်ကြွယ်ဝသလို ကိုလက်စထရောပါဝင်မှုလည်း များပါတယ်။ ဒါပေမယ့် ဥအမျိုးမျိုးမှာပါတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောကို အန္တရာယ်ဖြစ်စေနိုင်တဲ့အထိတော့ မမြင့်တက်စေနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကြက်ဥ ၁ လုံးကနေ ၃ လုံးအထိစားပေးလို့ရပါတယ်။ ကြက်ဥက ကိုလက်စထရောကြွယ်ဝသလို ဗီတာမင် A၊ ဗီတာမင် B နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။

    အဆီများတဲ့ အစားအစာတစ်ခုဖြစ်သလို ကိုယ်လက်စထရောပါဝင်မှုလည်း အနည်းငယ်တော့များပါတယ်။ ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် B တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ချိစ်ကို တစ်နေ့ကို တစ်အောင်စ ကနေ နှစ်အောင်စလောက်အထိစားပေးလို့ရပါတယ်။

  • ပင်လယ်စာတွေ
  • ဂုံး၊ ကမာ၊ ဂဏန်း၊ ပုစွန်တို့လိုမျိုး ပင်လယ်စာတွေမှာ ပရိုတင်း၊ ဗီတာမင် B၊ သံဓာတ် နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေသလို ကိုလက်စထရောပါဝင်မှုကလည်း တော်တော်လေးများပါတယ်။ ဒါပေမယ့် ကျန်းမာရေးထိခိုက်လောက်တဲ့အထိတော့ ကိုလက်စထရောပါဝင်မှု မများပါဘူး။

    • လိမ္မော်ရောင်အသားတွေ

    နှလုံး၊ ကျောက်ကပ်၊ အသည်းတို့က အာဟာရပါဝင်မှုများတဲ့ လိမ္မော်ရောင်အသားတွေပါ။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို ဗီတာမင် B12၊ သံဓာတ်နဲ့ ဇင့်တို့လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုလက်စထရောပါဝင်မှု မြင့်မားတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ဓာတ်တွေပါဝင်နေတာကြောင့် အတန်အသင့်စားသုံးပေးလို့ရပါတယ်။

    အာဟာရကြွယ်ဝသလို အရသာလည်းရှိပြီး ကိုလက်စထရောပါဝင်မှုလည်းများပါတယ်။ ဆာဒင်းငါးတွေမှာ သံဓာတ်၊ ဆီလီနီယမ်၊ဇင့်၊ကော့ပါး၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပါတယ်။

  • ဒိန်ချဉ်
  • ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ်၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အာဟာရကြွယ်ဝသလို ကိုလက်စထရောလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

    အခုပြောခဲ့တဲ့အစားအစာတွေက ကိုလက်စထရောပါဝင်မှုများတယ်ဆိုပေမယ့် တခြားအာဟာရတွေလည်း ပါဝင်တာကြောင့် အသင့်အတင့်စားသုံးပေးဖို့သင့်တော်ပါတယ်။

    ရှောင်သင့်တဲ့ အစားအစာတွေက

    ဆီကြော်စာတွေကတော့ ကိုလက်စထရောပါဝင်မှုများပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့် လုံးဝမစားသင့်ပါဘူး။ ဆီကြော်စာ တော်တော်များများမှာ အသွင်ပြောင်းဆီတွေ ပါဝင်နေတာကြောင့် စားသုံးမိတာများလေလေ ကျန်းမာရေးကို ထိခိုက်စေနိုင်လေလေဖြစ်ပါတယ်။ ဒီအစားအစာတွေကို အများကြီးစားသုံးမိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ၊ အဝလွန် နဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတွေပိုများနိုင်ပါတယ်။

    ဒါတွေက နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်တာကြောင့် မစားသင့်ဘူးဆိုတာ အသေအချာပါ။ ကိုလက်စထရောပါဝင်မှုများတဲ့ အစားအစာတွေကို အမြဲလိုလိုစားနေမယ်ဆိုရင် နှလုံးရောဂါ၊ ဆီးချိုနဲ့ အဝလွန်တာတွေဖြစ်စေနိုင်ပါတယ်။

    အဆီတွေပါဝင်မှုများသလို အချိုတွေ၊ အငန်တွေလည်း ကဲပါတယ်။ ဒီအစားအစာတွေကို အများကြီးစားမိတာက သွေးတွင်းအဆီဓာတ်တင်မဟုတ်ဘဲသွေးတိုးစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုပါ မြင့်တက်စေနိုင်ပါသေးတယ်။ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပြုပြင်ထားတဲ့ အစားအစာတွေကို အများကြီးမစားဖို့ပြောပါရစေ။

    • အချိုပွဲတွေ

    အချိုပွဲတွေဆိုတဲ့နေရာမှာ ကွတ်ကီးတွေ၊ ရေခဲမုန့်၊ အချိုရည်အပါအဝင် ကိုလက်စထရောပါဝင်မှုများတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ အများကြီး ပါဝင်နေပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုပေးတာပါ။ ဒါ့ကြောင့် သွေးတွင်းကိုလက်စထရောများပြီး အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါ၊ သိမြင်မှုစွမ်းရည်ကျဆင်းတာနဲ့ အခြားသော ကင်ဆာရောဂါတွေမဖြစ်စေဖို့အတွက် အချိုပွဲတွေကို တတ်နိုင်သမျှ လျှော့စားပေးဖို့လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement